အကြံဥာဏ်လေး ကူပေးကြပါဦးနော်။
2ဖက်စလုံးက ရည်းစားဦးတွေပါ။
6နှစ်တာ တွဲခဲ့တဲ့ ကောင်လေးနဲ့ ပြတ်ခဲ့တာ 1နှစ်ပြည့်လု ရှိပါပြီ။
ပြတ်ရတဲ့အကြောင်းရင်းက ကိုယ်နဲ့တွဲနေတဲ့အတောအတွင်းမှာဘဲ သူ့မိတ်ဆွေ တယောက်ကို ကိုယ့်နဲ့ ပြတ်သွားပြီး ဖြစ်ပြီး,
တခြားသူ့အကောင့်ထဲက ကောင်မလေးတယောက်ပုံကို ပြပြီး ,
ဒါကသူ့ကောင်မလေး ပါဆိုပြီး အဲ့ကောင်မလေးကိုအမွှန်းတင်မိတ်ဆက်ထားတာကို,
ကျမ ကအကောင့်ကိုဝင်ဖတ်ရတော့ ,အဲ့လိုလုပ်တာမကြိုက်ဘူး,
သဝန်တိုတယ်,ငါနဲ့ကြ ဘယ်သူမေးမေးပြတ်ပီပြောပြီးတခြားတယောက်နဲ့တော့ နင်ကမိတ်ဆက်ပေးနေတာ
ငါတို့ပြတ်ပြီလိူ့ ပြောခဲ့ပြီး ကျမ ဖက်ကစိတ်ဆိုးဆိုးနဲ့ဖြတ်ခဲ့ပါတယ်။
တကယ်မပြတ်လောက်ဖူးလို့ ထင်ခဲ့မိပါတယ်။
စိတ်ဆိုးပြီး ထွက်သွားတဲ့သူက ပြန်လာတယ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ,
အပြစ်လုပ်တာက သူ -ပြန်လာမချော့ခဲ့ပေမယ့်,
ကျမ ကိုယ်တိုင် သူ့ဆီပြန်သွားခဲ့ပါတယ်။
ဒါမဲ့သူကကောင်မလေးအသစ် ရနေပါပီ။ Official ချ မတွဲသေးပေမယ့် အဲ့ကောင်မလေးနဲ့သူနဲ့တွဲနေတာ သေချာပါတယ်။
ေကာင်မလေးက နယ်ဘက်က Guide ဆရာမလေးပါ။
အခု ဖြစ်နေတဲ့ ကျမစိတ်က သူ့ကို ဖျက်ဆီးချင်တာလိုလို,
သူပျော်ပါစေလေ ဆိုပြီးကာကွယ်ပေးချင်တာ လိုလို, မိန်းကလေးတဦးကို အတည်ယူဖို့ စိတ်ကူးမရှိဘဲ
နှစ်အတော်ကြာ စွက်ဖက်ပတ်သတ်ခဲ့တဲ့ သူ့လိုလူစားက ဘယ်လိုမိန်းမကောင်းမျိူးနဲ့ မှ ထပ်မဆုံသင့်တော့တာ လိုလို။
သူ့လက်ရှိကောင်မလေး ကို ဒီလိုစိတ်ရှိတဲ့ ယောကျာ်းတယောက်ပါ ဆို
ဆိုတာ ကိုယ်တိုင်သွားပြောပြ ချင်ပေမယ့်,
လက်ခံသူ က လပိုင်း တွဲ,တီတီတူး ကာစဆိုတော့ ကိုယ်အပြောကို လက် မခံ ဘဲ ကိုယ့်ကိုပြန် တိုက်ခိုက်မှာ လည်းစိုးတယ်။
သူက မိဘကို ကြောက်ရတဲ့ သူပါ။ ကျမတို့တွဲခဲ့တဲ့ ကာလ တလျှောက် ယူကြဖို့ planning လုပ်တိုင်းလည်း ,ပြောတိုင်း ပြသနာ တက်ရပါတယ်။
အခုတော့ ကျမ အခြေ အနေက တနှစ်ကြာပြီးတောင် ကိုယ့်ကိုကိုယ် အရင်ထက် လှအောင်နေထိုင်နေရုံကလွဲရင်
စိတ်က နေသားမကျ သေးဘူးဖြစ်နေပါတယ်။
ရည်မှန်းထားတဲ့ အလုပ်အကိုင် မှန်သမျှလည်း Targetပျောက်နေပါတယ်။
နဲနဲအားတာနဲ့ စိတ်တွေ လည်းDe လာပါတယ် ။ ကိုယ်က Introvert typeမို့ Fri ရှားပါတယ်။
အများအမြင်မှာတော့ ဘယ်သူမေးမေး အဆင်ပြေတယ်, ပျော်နေတယ် ဆိုတာဘဲ မြင်သာထင်သာအောင်နေနေပေမယ့်တကယ်စိတ်ရင်းကတော့ အဆင်ကိုမပြေတာပါ။
ကိုယ် ယုံကြည်ရတဲ့သူရဲ့သစ္စာမရှိမူကြောင့် နောက်ဘယ်သူက ရည်းစား စကားလာပြောပြော မယုံကြည်ရဲတော့တဲ့အထိ
psycho တွေပါ ရနေပါတယ်။
ပုံမှန်အတိုင်းဆို ကျမ ကတောင်သူများတွေကို အကြံပြန်ပေးရတဲ့ အခြေအနေမျိူးပါ။
ဒါမယ့် အခုတော့ကိုယ်တိုင်ကို လမ်းတွေ ပျောက်နေလို့ ရင်ဖွင့်အကြံတောင်းတာပါရှင်။
ကျမ ကို သူကပြောပါတယ်။ သူ့အပေါ်အရမ်းကောင်းပေးခဲ့တာ သူသိတယ်တဲ့ ။
အဲ့လိုကောင်းပေးခဲ့တဲ့ သူက ဘာလို့ အနာဂတ်ပျောက်သလို Depression နေရပီး ,
မကောင်းခဲ့တဲ့ သူကကျ ပျော်နေရတာလဲရှင်။
သူလို လူစားမျိူးက ဝဠ်ပြန်လည်တတ်ပါသလားလည်းသိချင်မိသေးတယ်ရှင်။
ငါတို့ပြတ်ပြီလို့ ပြောခဲ့ပြီး ကျမ ဖက်ကစိတ်ဆိုးဆိုးနဲ့ဖြတ်ခဲ့ပါတယ်။
ကောင်မလေးက နယ်ဘက်က Guide ဆရာမလေးပါ။
နှစ်အတော်ကြာ စွက်ဖက်ပတ်သတ်ခဲ့တဲ့ သူ့လိုလူစားက ဘယ်လိုမိန်းမကောင်းမျိုးနဲ့ မှ ထပ်မဆုံသင့်တော့တာ လိုလို။
psycho တွေပါ ရနေပါတယ်။
ပုံမှန်အတိုင်းဆို ကျမ ကတောင်သူများတွေကို အကြံပြန်ပေးရတဲ့ အခြေအနေမျိုးပါ။
သူလို လူစားမျိုးက ဝဠ်ပြန်လည်တတ်ပါသလားလည်းသိချင်မိသေးတယ်ရှင်။