အကြံညဏ်လေးပေးကြပါအုန်း
အိမ်ကယောက်ျားရဲ့ညီမဝမ်းကွဲနဲ့ကိုနဲ့မယူခင်ကမတည့်ဘူး
စကားများကြတာခဏခဏလိုပဲ ဒါပေမယ့်
ကိုနဲ့ယူပြီးရော အရင်လိုမဟုတ်တော့ဘူး
သူ့အကိုကောင်းကြောင်းတွေ ပြောပြတယ်
သူ့အကိုချောလာတာကအစ ပြောတယ်
အာ့နဲ့ ယောက်ျားလုပ်သူကလဲ အရင်လိုဂရုစိုက်မှုတွေမရှိတော့ဘူး
ဟိုနေ့က အဒေါ်ကိုလိုက်ပို့ရင်း ညီမလုပ်သူပါပါသွားတယ်
ပြန်လာတော့ နှစ်ယောက်ထဲရယ် အချိန်ကလဲ ၈ခွဲနေပြီ
ဘယ်လိုပဲဖြစ်ဖြစ်သင့်တော်ပါ့မလား ယောက်ျားလုပ်သူကပြောပါတယ်
မောင်နှမတောင်မချန်ဘူးနော်တဲ့
ညီမက အရင်က psycho တွေလဲရှိခဲ့ဖူးတော့ ယောက်ျားကိုစိတ်မချလဲဖြစ်တယ်
အရမ်းလဲမယုံရဲဘူး နေမကောင်းဖြစ်နေတာတောင်ခေါက်ဆွဲပြုတ်စားတာ
ကို့ဘာသာပြုတ်စားရတဲ့ဘဝပါရောက်နေပြီ
ကလေးမွေးရင် ပိုဆိုးမလားမသိပါဘူး ဘာဆက်လုပ်သင့်လဲ အကြံပေးကြပါ အုန်း