ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၈၉

ညီမ အမျိုးသားနဲ့ အိမ်ထောင်ကျတာ ၁နှစ်ဘဲ ရှိပါသေးတယ် (ရည်းစားသက်တမ်း ၃နှစ်ပါ)

သူနဲ့ လက်ထပ်ပြီး ၇လလောက်နေတော့ ကိုယ်ဝန်ရခဲ့ပါတယ်

ကိုယ်ဝန်ကလည်း ငါနဲ့ရတာမှ ဟုတ်ရဲ့လားမေးတာနဲ့

ဒီကလေးသာ နင်နဲ့ရတာမှန်ရင် ပျက်ကျပါစေလို့ ကျိမ်လိုက်မိတယ်

ကျွန်မ သူ့စကားတွေ လက်မခံနိုင်လို့သာကျိမ်လိုက်မိတာပါ

ကလေးကို တကယ်လိုချင်ပါတယ် အနေအထိုင်လည်း ဆင်ချင်ပါတယ်

ကလေးက ကိုယ်ဝန် ၂လမှာ ပျက်ကျသွားတယ်

ကလေးပျက်ကျသွားတော့ ဒီကလေးကို နင် thet တာ

နင်အနေအထိုင်မတတ်လို့ pyat ကျတာလို့ ပြောပါတယ်

ကျွန်မ ရင်ထဲ နင့်နေအောင် ခံစားရပါတယ်

ကျွန်မ ကိုယ်ဝန်ရှိနေတော့လည်း KTVကို ခဏတိုင်းလိုလိုသွားပါတယ် (ညီမ ကလေး pyat ကျပြီးမှသိခဲ့ရတာပါ)

သူ့ဖုန်း call logထဲမှာလည်း KTVက ကောင်မလေး တစ်ယောက်ကို ဖုန်းခေါ်ထားတာတွေ့ပါတယ်

ဖုန်းခေါ်ထားတဲ့ အချိန်တွေက ည ၁၂နာရီ /၁နာရီ /၄နာရီ အဲ့အချိန်တွေပါ

(သူ့အလုပ်က တစ်လကိုတစ်ခါ ၁ပတ်လောက် ခရီးထွက်ရပါတယ်)

သူ ခရီးထွက်တဲ့ အခါတွေမှာ KTVကိုသွားတာပါ

သွားမယ်လို့ တစ်ခါမှ ခွင့်မတောင်းဖူးပါဘူး ညီမလိုက်စုံစမးလို့သိရတာပါ

သူငယ်ချင်းတွေနဲ့ တွေ့ရင် သူငယ်ချင်းတွေဆုံလို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပါတယ်

ညီမ ဖုန်းcall logတွေတော့ သူ့ငယ်ချင်းခေါ်ထားတာပါလို့ ပြောပါတယ်

ကွာရှင်းရ​အောင်လို့ ကျွန်မတောင်းဆိုလိုက်တော့ နောက် မသွားတော့ပါဘူးလို့ ကတိပေးပါတယ်

ကြိုက်တဲ့အပစ်ပေးလို့လည်းပြောတယ်

ညီမ ပါးကို ၁၅ချက်လောက် ရိုက်လိုက်ပါတယ်

အဲ့နောက်ပိုင်း သူ့အချိုးပြောင်းလာပါတယ် ကျွန်မတို့မိသားစုလေးက ကြည်နူးစရာကောင်းလာပါတယ်

သိပ်မကြာပါဘူး ခုဆိုကျွန်မကို အပြစ်ပြောစရာမဟုတ်လည်း အပြစ်ပြောလာပါတယ်

ခုဆိုသူကဆဲတာလက်ပါ ပါလာဘာပါတယ်

ကျွန်မကလည်း သူတစ်ခွန်းဆဲရင် တစ်ခွန်းပြန်ဆဲမိတယ်

သူလက်ပါရင် ကျွန်မကလည်း ဦးအောင် ပြန်လုပ်မိတယ်

ဘာမှ မဟုတ်တဲ့ ပြသနာလေးတွေကစ သူက ဆဲဆိုနေတာပါ

ကျွန်မကွာရှင်းဖို့ စာချုပ်ဝယ်လာတော့လည်း မီးရှို့ပစ်တယ်

ကွာလည်း ကွာမပေးပါဘူး/ကျွန်မက အလုပ်တစ်ဖက်နဲ့မို့ ထမင်းဟင်းတွေ သိပ်ပြီး မချက်ပါဘူး

အဒေါ်က မနက်လင်းရင် ဟင်းက အကုန်ကျက်နေပါပြီ ကျွန်’မက အာ့ကြောင့် ဟင်းဝင်မချက်တာပါ

သူရေချိုးရင် သူ့အဝတ်အစားထုတ်ပေးတယ် ထမင်းကစ ခွံကျွေးပါတယ်

ကျွန်မကို မယားဝတ္တရား မကျေပွန်တဲ့ မိန်းမ

သူ့အပေါ် phin ခံဖို့ဘဲ တတ်တဲ့ မိန်းမလို့ ဆဲဆိုပါတယ်

ကျွန်မအလုပ်က သူ့အလုပ်လောက် ဝင်ငွေ မကောင်းပါဘူး

မင်းငါ့လောက်ရှာနိုင်ရင် ထမင်းလည်းချက်ကျွေးမယ်

အဝတ်လည်းလျှော်ပေးမယ်ပြောပါတယ်

ကျွန်မ ဟင်းမချက်ကျွေးတာနဲ့ဘက် မယားဝတ္တရား မကျေပွန်ဘူးလို့ ပြောဆိုခံရပါတယ်

ကျွန်မ အဒေါ်လာမနေခင်ကဆို ကိုယ်ဝန်ရှိနေလို့အနံမခံနိုင်တာတောင် maskတပ်ချက်ကျွေးတဲ့ နေ့တွေ ရှိခဲ့ပါတယ်

ခုဆို ကျွန်မစိတ်ထဲ ကျွန်မကို အပြစ်မရှိ အပြစ်ရှာနေတယ်လို့ ခံစားရတယ်

သူ့ကိုအရမ်းချစ်ပေမဲ့ တစ်ခါတစ်လေ သူနဲ့ အဝေးဆုံးကို ထွက်သွားချင်စိတ် ဖြစ်မိတယ်

တစ်ခါတစ်လေဆို ကိုယ့်ကိုယ်ကို thet tay ချင်စိတ်တောင် ပေါက်တယ်

ဘယ်လို လုပ်ရမလဲ ရှေ့ဆက်ရမလား ကွာရှင်းဖို့ဘဲ ကြိုးစားရမလား ဝေခွဲမရတော့ဘူး

ညီမ အမ်ိဳးသားနဲ႔ အိမ္ေထာင္က်တာ ၁ႏွစ္ဘဲ ရွိပါေသးတယ္ (ရည္းစားသက္တမ္း ၃ႏွစ္ပါ)

သူနဲ႔ လက္ထပ္ၿပီး ၇လေလာက္ေနေတာ့ ကိုယ္ဝန္ရခဲ့ပါတယ္

ကိုယ္ဝန္ကလည္း ငါနဲ႔ရတာမွ ဟုတ္ရဲ႕လားေမးတာနဲ႔

ဒီကေလးသာ နင္နဲ႔ရတာမွန္ရင္ ပ်က္က်ပါေစလို႔ က်ိမ္လိုက္မိတယ္

ကြၽန္မ သူ႔စကားေတြ လက္မခံႏိုင္လို႔သာက်ိမ္လိုက္မိတာပါ

ကေလးကို တကယ္လိုခ်င္ပါတယ္ အေနအထိုင္လည္း ဆင္ခ်င္ပါတယ္

ကေလးက ကိုယ္ဝန္ ၂လမွာ ပ်က္က်သြားတယ္

ကေလးပ်က္က်သြားေတာ့ ဒီကေလးကို နင္ thet တာ

နင္အေနအထိုင္မတတ္လို႔ pyat က်တာလို႔ ေျပာပါတယ္

ကြၽန္မ ရင္ထဲ နင့္ေနေအာင္ ခံစားရပါတယ္

ကြၽန္မ ကိုယ္ဝန္ရွိေနေတာ့လည္း KTVကို ခဏတိုင္းလိုလိုသြားပါတယ္ (ညီမ ကေလး pyat က်ၿပီးမွသိခဲ့ရတာပါ)

သူ႔ဖုန္း call logထဲမွာလည္း KTVက ေကာင္မေလး တစ္ေယာက္ကို ဖုန္းေခၚထားတာေတြ႕ပါတယ္

ဖုန္းေခၚထားတဲ့ အခ်ိန္ေတြက ည ၁၂နာရီ /၁နာရီ /၄နာရီ အဲ့အခ်ိန္ေတြပါ

(သူ႔အလုပ္က တစ္လကိုတစ္ခါ ၁ပတ္ေလာက္ ခရီးထြက္ရပါတယ္)

သူ ခရီးထြက္တဲ့ အခါေတြမွာ KTVကိုသြားတာပါ

သြားမယ္လို႔ တစ္ခါမွ ခြင့္မေတာင္းဖူးပါဘူး ညီမလိုက္စုံစမးလို႔သိရတာပါ

သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရင္ သူငယ္ခ်င္းေတြဆုံလို႔ ဆိုတဲ့ ေခါင္းစဥ္တပ္ပါတယ္

ညီမ ဖုန္းcall logေတြေတာ့ သူ႔ငယ္ခ်င္းေခၚထားတာပါလို႔ ေျပာပါတယ္

ကြာရွင္းရ​ေအာင္လို႔ ကြၽန္မေတာင္းဆိုလိုက္ေတာ့ ေနာက္ မသြားေတာ့ပါဘူးလို႔ ကတိေပးပါတယ္

ႀကိဳက္တဲ့အပစ္ေပးလို႔လည္းေျပာတယ္

ညီမ ပါးကို ၁၅ခ်က္ေလာက္ ႐ိုက္လိုက္ပါတယ္

အဲ့ေနာက္ပိုင္း သူ႔အခ်ိဳးေျပာင္းလာပါတယ္ ကြၽန္မတို႔မိသားစုေလးက ၾကည္ႏူးစရာေကာင္းလာပါတယ္

သိပ္မၾကာပါဘူး ခုဆိုကြၽန္မကို အျပစ္ေျပာစရာမဟုတ္လည္း အျပစ္ေျပာလာပါတယ္

ခုဆိုသူကဆဲတာလက္ပါ ပါလာဘာပါတယ္

ကြၽန္မကလည္း သူတစ္ခြန္းဆဲရင္ တစ္ခြန္းျပန္ဆဲမိတယ္

သူလက္ပါရင္ ကြၽန္မကလည္း ဦးေအာင္ ျပန္လုပ္မိတယ္

ဘာမွ မဟုတ္တဲ့ ျပသနာေလးေတြကစ သူက ဆဲဆိုေနတာပါ

ကြၽန္မကြာရွင္းဖို႔ စာခ်ဳပ္ဝယ္လာေတာ့လည္း မီးရႈိ႕ပစ္တယ္

ကြာလည္း ကြာမေပးပါဘူး/ကြၽန္မက အလုပ္တစ္ဖက္နဲ႔မို႔ ထမင္းဟင္းေတြ သိပ္ၿပီး မခ်က္ပါဘူး

အေဒၚက မနက္လင္းရင္ ဟင္းက အကုန္က်က္ေနပါၿပီ ကြၽန္’မက အာ့ေၾကာင့္ ဟင္းဝင္မခ်က္တာပါ

သူေရခ်ိဳးရင္ သူ႔အဝတ္အစားထုတ္ေပးတယ္ ထမင္းကစ ခြံေကြၽးပါတယ္

ကြၽန္မကို မယားဝတၱရား မေက်ပြန္တဲ့ မိန္းမ

သူ႔အေပၚ phin ခံဖို႔ဘဲ တတ္တဲ့ မိန္းမလို႔ ဆဲဆိုပါတယ္

ကြၽန္မအလုပ္က သူ႔အလုပ္ေလာက္ ဝင္ေငြ မေကာင္းပါဘူး

မင္းငါ့ေလာက္ရွာႏိုင္ရင္ ထမင္းလည္းခ်က္ေကြၽးမယ္

အဝတ္လည္းေလွ်ာ္ေပးမယ္ေျပာပါတယ္

ကြၽန္မ ဟင္းမခ်က္ေကြၽးတာနဲ႔ဘက္ မယားဝတၱရား မေက်ပြန္ဘူးလို႔ ေျပာဆိုခံရပါတယ္

ကြၽန္မ အေဒၚလာမေနခင္ကဆို ကိုယ္ဝန္ရွိေနလို႔အနံမခံႏိုင္တာေတာင္ maskတပ္ခ်က္ေကြၽးတဲ့ ေန႔ေတြ ရွိခဲ့ပါတယ္

ခုဆို ကြၽန္မစိတ္ထဲ ကြၽန္မကို အျပစ္မရွိ အျပစ္ရွာေနတယ္လို႔ ခံစားရတယ္

သူ႔ကိုအရမ္းခ်စ္ေပမဲ့ တစ္ခါတစ္ေလ သူနဲ႔ အေဝးဆုံးကို ထြက္သြားခ်င္စိတ္ ျဖစ္မိတယ္

တစ္ခါတစ္ေလဆို ကိုယ့္ကိုယ္ကို thet tay ခ်င္စိတ္ေတာင္ ေပါက္တယ္

ဘယ္လို လုပ္ရမလဲ ေရွ႕ဆက္ရမလား ကြာရွင္းဖို႔ဘဲ ႀကိဳးစားရမလား ေဝခြဲမရေတာ့ဘူး