ဆုံးဖြတ်ရခက်နေလို့ အကြံလေးပေးပါအုံးရှင့်
ညီမ အိမ်ထောင်ကျတာ 1နှစ်ကျော်ပါပီ
သူကရည်းစားဖစ်တုန်းကအရမ်းဂရုစိုက်ခဲ့ပေမဲ့
အိမ်ထောင်ကြပီးတော့ ညီမဘာဖစ်ဖစ်ဂရုမစိုက်တော့ပါဘူး
ညီမကသူ့အိမ်မှာလိုက်နေရတာပါ
( အိမ်ခွဲနေဖို့ကလည်းသူ့အဖေရဲ့အလုပ်ကိုလုပ်ပေးနေရတော့ အဆင်မပြေသေးလို့ပါ)
သူ့အိမ်က လူအများကြီးပါ
အဲ့ကြားထဲမှာ ညီမတစ်ယောက်တည်းလာနေရတာပါ
နေရတာအဆင်ပြေလား ဘာလားတစ်ခါမှမမေးဖူးပါဘူး
သူ့အမေ သူ့အမ ပတ်သတ်ရင်တောင် သူကညီမဘက်ကမပါ ပါဘူး
ညီမငိုရတဲ့ရက်တွေဆိုတာ နေ့တိုင်းနီးပါးလိုပါဘဲ သူကိုတစ်ခုခုပြောလိုက်ရင် ညီမကိုလုံးဝစကားမပြော မခေါ်တော့ပါဘူး
ညီမဘက်ကဘဲစကားစခဲ့ရတာပါ
တစ်ခါကဆို တစ်လလောက်တောင် ညီမကိုမခေါ်ခဲ့ပါဘူး
ညီမသည်းခံပီးနေခဲ့ရတာပါ သူဘက်ကနေ ကွာမယ်ဆိုပီးတော့လည်းပြောပါတယ်
ညီမနဲ့ရပီး1 နှစ်အတွင်းမှာတောင် မိန်းမပွေတာ 5 ခါလောက်ရှိပါပီ
သူ့ရည်းစားဟောင်းနဲ့ပြန်ဆက်သွယ်တုန်းကဆို ညီမအကြောင်းတွေ ပြောထားကြတာ
ညီမနဲ့ကွာပီးအမ ကိုယူမှာ အဲ့လောက်ထိတောင်ပြောထားကြတာပါ
ညီမငိုရင်လည်း လုံးဝလှည့်မကျိဘူး ညီမမိဘတေကိုပြောပြသင့်လား
ညီမဘာဆက်လုပ်သင့်လဲ သူနဲ့ကွာသင့်လား ပြောပြကြပါအုံးရှင့်
သူကညီမနဲ့မခေါ်ဘဲလည်းနေနိုင်တယ် ညီမကသာသူ့အိမ်မှာလိုက်နေရတာဆိုတော့ သူမခေါ်လည်းဇွတ်လိုက်ခေါ်နေရတာပါ
တစ်ခုခုဆိုရင် သူ့အမတေကပါ ညီမကိုမခေါ်မပြောတော့ပါဘူး အမှားပါရင်ခွင့်လွတ်ပါရှင့်