ညီမအရမ်းစိုးရိမ်းပြီးကြောက်စိတ်ဝင်နေလို့ပါ
ညီမရဲ့exနဲ့ အဲ့နေ့မှာအပြင်ထွက်လည်ကြပါတယ်
ဘဝမှာအိမ်ကခွင့်ပြုချက်ရပြီး ရည်းစားနဲ့လျှောက်လည်းဖူးတဲ့ တတိယအကြိမ်ပါ
အဲ့နေ့မိုးတွေအရမ်းရွာပြီး လမ်းမှာအဆင်မပြေတော့ ကောင်လေးက Hotelမှာဝင်နားဖို့ပြောပါတယ်
ညီမလည်းသူ့ကိုယုံကြည်တာကြောင့်လိုက်သွားခဲ့တယ်
ဟိုရောက်တော့ သူကအတူနေဖို့ပြောတယ် Protection တောင်မပါပဲ အတူနေဖို့ဇွတ်လုပ်ပါတယ်
ညီမလည်း ဘဝမှာပထမဆုံးဖြစ်ဖူးကြုံဖူးတာပါ
ကြောက်နေပေမဲ့ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့် သူ့ကိုလက်ခံပေးခဲ့တယ်
Protectionကိုလည်းHotelဝန်ထမ်းဆီကနေ ကိုယ်တိုင်တောင်းပေးခဲ့တာ သူကရှက်ပါတယ်တဲ့တောင်းဖို့ကို
အပြန်မှာဆေးကိုလည်းကိုယ်တိုင်ဝယ်သောက်ခဲ့တယ် ဆေးဝယ်ပေးဖို့ကိုရှက်ပါတယ်တဲ့
ကိုယ်လည်းအချစ်စိတ်မွှန်နေတဲ့အချိန်ဆိုတော့ ဘာမှမပြောတော့ဘူးပေါ့
အဲ့လိုနဲ့Emergencyတားဆေးရဲ့ Side effectsလို့ပြောပါတယ်
ညီမရဲ့Period time ကအချိန်မှန်မလာခဲ့ဘူး ညီမထိုင်မရထမရတစ်ခါမှလည်းမကြုံဖူးတော့ အရမ်းကိုကြောက်ပြီးသိမ်ငယ်စိတ်ဝင်ခဲ့ပါတယ်
အဲ့ရက်တွေမှာ ဗိုက်ထွက်လာပြီး အမြဲမူးသလိုဖြစ်နေတာကြောင့်ပိုစိုးရိမ်ခဲ့တာ
သူ့ကိုပြောပြတော့သူကဆေးကိုသေချာသောက်တယ်မလားတော့ပြောပါတယ်
Pregnant ရှိနေမှာစိုးရိမ်းတာကလွဲပြီး ဘာမှမပူခဲ့ဘူး
ညီမက ဗိုက်တော်တော်လေးပူနေတယ်ပြောတော့ အဲ့နေ့ကမင်းမခံနိုင်လို့ ကိုမပြီးခဲ့ဘူးနော်တဲ့
ကိုယ်ကဆေးလိပ်သောက် အရက်သောက်နဲ့ မျိုးကချက်ချင်းအောင်ပါ့မလားတဲ့….
ညီမ အရမ်းစိတ်ဆိုးခဲ့တယ်သူပြောတဲ့သဘောကညီမကပဲသူ့ကိုနွားကျခိုင်းနေသလိုပဲ
အဲ့လိုနဲ့သူ့အပေါ်အရမ်းစိတ်ခုလာတယ် အဆင်မပြေကြတော့ဘူးရန်ခဏခဏဖြစ်ကြတယ်
အိမ်ကမေမေကလည်း သဘောမတူတော့ဘူးသူနဲ့အတူအပြင်မထွက်ခိုင်းတော့ဘူးလေ
အဲ့အချိန်မှာညီမရဲ့Period timeကတော်တော်လွန်နေပြီ
ဒါပေမဲ့သူစိတ်မပူဘူး သူခဏခဏမေးတယ်ရာသီလာပြီလားတဲ့ ရာသီလာပြီးရင်အတူထပ်နေချင်တယ်တဲ့
ညီမ pregnant ရမှာအရမ်းစိတ်ပူနေတာကိုသူသိတယ်
ဒါပေမဲ့သူဦးနှောက်ထဲမရှိဘူး ညီမနဲ့ထပ်နေရဖို့ပဲအချိန်ပြည့်စဉ်းစားနေတယ်
Vcပြောနေလည်းလူရှေ့သူရှေ့မရှောင်ဟိုပြခိုင်းဒီပြခိုင်းနဲ့ပါ စကားပြောရင်လည်းဒီကိစ္စတွေကြီးပဲတော်တော်စိတ်ပြတ်မိတယ်
နောက်ပြီး သူ့ကိုဆီးစစ်တံဝယ်ပြီးလာပို့ပေးဖို့ပြောပေမဲ့ နေပူလို့မိုးရွာလို့လမ်းမကောင်းလို့အမျိုးမျိုးအကြောင်းပြတယ်
နောက်ဆုံးကျရှက်လို့ ကိုယ့်ဘာသာသွားဝယ်တဲ့
ညီမကဆိုင်ကယ်ရောကားရောမစီးတက်ပါဘူ
းအပြင်ထွက်ဖို့တကယ်ခက်လို့သူ့ကိုဝယ်ခိုင်းတာ နောက်ညသူညီမကိုသေချာတိတိကျကျမေးတယ်
သူနဲ့ထပ်အတူနေဖို့ကို ညီမကမနေဘူးပြောတော့ နောက်နေ့လမ်းခွဲသွားတယ်
ဝမ်းမနည်းခဲ့ပါဘူးစိတ်နာတာကလွဲပြီး ကိုယ့်ဘာသာမဖြစ်ဖြစ်တဲ့နည်းနဲ့ဆီးစစ်တံ၄ချောင်း၅ချောင်းဝယ်ပြီးစစ်ခဲ့တယ်
Negativeပြတော့ပျော်လိုက်ရတာ ဒါတွေကအတိတ်တွေက အဓိကပြဿနာအခုကညီမလက်ရှိကောင်လေးရနေတာကိုသူမြင်ပြီး ညီမကိုchain ခြောက်ခဲ့တယ်
လက်ရှိကောင်လေးသာ နင်နဲ့ငါဖြစ်ခဲ့ဖူးတာသိရင်ထားခဲ့မှာ ငါကသွားပြောမှာနဲ့အမျိုးမျိုး chain ခြောက်ပြီးသူနဲ့ပြန်တွဲဖို့ပြောတယ်
ညီမကိုသိမ်ငယ်စိတ်ဝင်အောင် နင်ကအပျိုမဟုတ်တော့ဘူး
ငါကအပျိုမဟုတ်မှန်းသိတာတောင်ချစ်ပေးနေတာ
ဟိုကောင် မချစ်ပေးနိုင်ဘူးဘာညာနဲ့အမျိူးမျိုးပြောတယ်
အရမ်းကြောက်မိရှက်မိတယ် လက်ရှိကောင်လေးကတော့ စကားကုန်ကုန်ပြောခဲ့တယ်
“မင်းနဲ့သူမှားခဲ့ရင်တောင်ငါစိတ်မဝင်စားဘူးချစ်တယ်တဲ့”
ဒါပေမဲ့ညီမရဲ့စိတ်ထဲမှာသူ့အချစ်ကိုအသုံးချသလိုဖြစ်နေမှာကြောက်မိတယ်
ကျွန်မ ကမသန့်ရှင်းတော့တာကြောင့်သူ့ကိုရှေ့ဆက်လက်တွဲဖို့တွန့်တုန်နေမိတာ
ဟိုကောင်ကပေါက်ကရလေးတယ်လျှောက်ပြောမှာလည်းကြောက်နေတယ် ဘာဆက်လုပ်ရမလဲရှင်
ဝမ်းမနည်းခဲ့ပါဘူးစိတ်နာတာကလွဲပြီး ကိုယ့်ဘာသာမဖြစ်ဖြစ်တဲ့နည်းနဲ့ဆီးစစ်တံ၎ချောင်း၅ချောင်းဝယ်ပြီးစစ်ခဲ့တယ်
ဟိုကောင် မချစ်ပေးနိုင်ဘူးဘာညာနဲ့အမျိုးမျိုးပြောတယ်