ညီမနဲ့ညီမကောင်လေးနဲ့ရည်စားသက်တမ်း၇နှစ်ကျော်မှာပဲအဆုံးသတ်သွားပါပီ
ငယ်ချစ်တွေဆိုတော့အရမ်းကိုမှသံယောဇဉ်ကြီးပီးဒီလောက်ထိယုတ်မာမယ်လဲမထင်ခဲ့တာပါ
ကြာလေရိုးလာလေဖြစ်သွားတယ်ထင်ပါတယ် ကိုယ့်အပေါ်လုံး၀ကိုမပတ်သက်ချင်တော့ဘူးတဲ့ ကြားထဲမှာလဲခဏခဏကိုယ့်ကိုထားခဲ့တာပါပဲ
နှစ်ဖက်မိဘတွေလဲသဘောတူပေးထားတာပါ
သူမတွဲချင်တော့တဲ့အခါကြလုံး၀မပတ်သက်ချင်တော့ဘူးတဲ့ မပတ်သက်တာကရတယ်
ပြတ်တာကရတယ် ငါတို့မှားခဲ့ကြလို့နစ်နာပါတယ်ပြောတာတောင် သူလဲအတူတူပဲ လူပျိုပြန်မဖြစ်တော့ဘူးတဲ့
၇နှစ်အတွင်းလဲညီမအပေါ်စော်ကားပြောဆိုရင်တောင်ချစ်တဲ့စိတ်တခုနဲ့ပဲအဆင်ပြေပြေနေချင်ခဲ့တာပါ
ညီမကလဲရတယ်ပြတ်ချင်ရင်ပြတ် ဘယ်လိုတာ၀န်ယူပေးမလဲ နစ်နာတာတော့လူကြီးတွေသိသင့်တယ်ဆိုပီး
သူ့ဘက်ကမိဘတွေကိုသားသမီးချင်းကိုယ်ချင်းစာပေးမလားကိုယ့်အတွက်တခုခုလုပ်ပေးနိုင်မလားလို့အားကိုးပီး အသိပေးခဲ့တယ်
ကိုယ့်အကြောင်းတွေဘယ်လိုတောင်ပြောပြထားလဲမသိပါဘူး ခါးခါးသီးသီးပါပဲ
လူငယ်ချင်းပဲညှိဖို့ ဘာမှလုပ်ပေးလို့မရတာတွေ လုပ်မပေးနိုင်တာတွေ လူငယ်ချင်းဖြစ်ထားလို့ဘာမှမသိခဲ့ရလို့မဆိုင်ဘူးဆိုတာတွေပဲကြားခဲ့ရတယ်
ကိုယ်လုပ်ထားတဲ့အမှားမို့ကိုယ်ပဲခံရမှာပါသိပါတယ် ဘယ်လိုမှတာ၀န်ယူပါ့မယ်တခွန်းတောင်မပြောပါဘူး
ပြန်ပီးတော့မပတ်သက်ချင်ဘူး လုပ်ထားသမျှခံရဲတယ်တရားဆွဲချင်လဲရတယ် နင်တို့မိသားစုရှင်းချင်သလိုရှင်းတဲ့
ညီမအမေကိုဖွင့်ပြောလို့မထွက်ခဲ့ဘူး ဒါပေမယ့်ပြောပြခဲ့တယ် မျက်ရည်တွေလဲကျရင်း သူကလဲဆူရင်းပေါ့
ကိုယ့်ကိုတကယ်ယူမှာသေချာပါတယ် ချစ်ပါတယ် မြတ်နိုးပါတယ်ဆိုလို့ ယုံကြည်မိတာပါလို့အမေ့ကိုငိုပီးပြောပြမိတယ်လေ
ညီမအမေကတရားဆွဲမလားဘယ်လိုလုပ်ချင်လဲတဲ့ညီမကဘာမှကိုမလုပ်ချင်တော့တာပါ
ကိုယ့်အပေါ်ဒီလိုဆက်ဆံမယ်လို့ ဒီလိုလုပ်သွားမယ်လို့ဘယ်သူကထင်မှာလဲ
ညီမအမေကသူတို့ဆန္ဒကိုသိချင်လို့ မျက်နှာချင်းဆိုင်စကားပြောတော့လည်းမျက်နှာလွှဲခဲပစ်ပါပဲ
ညီမဆိုးလို့ညီမမကောင်းလို့ဆိုတာတွေပဲကြားခဲ့ရတယ် တာ၀န်ယူဖို့အကြောင်းလဲတခွန်းတောင်မပြောပါဘူး
ညီမအမေရှေ့မှာညီမနဲ့တော့ရှေ့မဆက်နိုင်ဘူးကြိုက်သလိုလုပ်လုပ်ချင်သလိုလုပ်ဆိုတာတွေပဲပြောပါတယ်
သမီးအရင်းလိုချစ်ပါတယ်ဆိုတာတွေကိုယုံကြည်ခဲ့မိတာ ကိုယ့်၀မ်းနဲ့လွယ်ပီးမွေးထားရတဲ့သမီးမဟုတ်လို့နဲ့တူပါတယ်
ဒီခေတ်မှာအကုန်ဒီလိုပါပဲတဲ့လေ ကိုယ်ယုံကြည်ခဲ့တဲ့လူတွေကပဲကိုယ့်အပေါ်မစာမနာလုပ်ရက်ကြတာ ပတ်သက်မှုကအဆုံးသတ်သွားပါပီ
စာလဲမစီတတ်ဘူးရင်ထဲမှာနေရခက်လွန်းလို့ပါ သူ့နေရာမှာငါ့သားသမီးလေးသာဆိုရင်ဒီလိုမျက်နှာလွှဲခဲပစ်လုပ်ပါ့မလားနော်
ဘယ်သူ့ဘယ်သူ့ကိုမှထိခိုက်စေလိုတဲ့စိတ်မရှိပါဘူး ရင်ထဲမှာမတရားခံရလွန်းလို့ ရင်ဖွင့်မိတာပါ
ညီမအပေါ်ဒီလောက်ထိအောက်တန်းကျမယ်လို့လဲမထင်ထားမိဘူးရှင်
၁၄.၁၀.၂၂
၁၄.၁၀.၂၂