ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၉၅

အကြံလေးတောင်းချင်လို့ပါ။(စာအရမ်းရှည်သွားပါတယ်)

ကိုယ်တို့တွဲတာခုမှတစ်နှစ်ကျော်ပဲရှိပါသေးတယ်

ဒါပေမဲ့သူငယ်ချင်းအရင်းကြီးပါ သူငယ်ချင်းအဖြစ်ပေါင်းခဲ့တာကိုးနှစ်လောက်ရှိပါပြီ။

သူဆိုတဲ့လူကကိုယ်သူငယ်ချင်းဘဝကတည်းကသိပ်ချစ်ခဲ့ရတဲ့သူပါ။

ပွင့်ပွင့်လင်းလင်းပြောရရင်သူ့ကိုအဆုံးရှုံးမခံနိုင်ပါဘူး ဒါပေမဲ့ရှေ့ဆက်ဖို့လည်းယုံကြည်ချက်မရှိတော့လို့ပါ။

ပြဿနာကဘာလဲဆိုတော့ကိုယ့်ကိုဘယ်တော့မှတန်ဖိုးမထားပါဘူး။

ကိုယ့်အပေါ်ဆိုဘယ်တော့မှအလေးအနက်မရှိတာပါ။

ပထမပြဿနာတစ်ခုကတော့ တခြားသူငယ်ချင်းတစ်ယောက်ကြောင့်ပါသူကလည်း ကောင်လေးကိုသဘောကျနေတာပါ။

အဲ့ဒါကြောင့်မို့ကိုယ်ကလည်းသူနဲ့ဆိုရင်တော်တော်ကိုသဝန်တိုပါတယ်

ကောင်လေးကိုယ်တိုင်ကလည်း အဲ့ကောင်မလေးကိုတော်တော်ကိုအရေးပေးလွန်းတော့

ကိုယ်ကအဲ့ကောင်မလေးနဲ့ပတ်သတ်ရင် စိတ်မလျှော့နိုင်ပါဘူး။

တစ်ခါကျတော့ကိုယ့်ကောင်လေးကအပြင်သွားစရာရှိလို့ဆိုပြီး ကိုယ့်ကိုခေါ်ပါတယ်

ကိုယ်ကလိုက်ဖို့ဘယ်လိုမှအဆင်မပြေတော့ မလိုက်နိုင်လိုက်ပါဘူး။

အဲ့ချိန်မှာသူကဟိုကောင်မလေးကို လှမ်းခေါ်ပါတယ်(သူငယ်ချင်းအရင်းကြီးပဲလေဆိုတဲ့စိတ်နဲ့တဲ့)

ဘယ်လိုပဲပြောပြောညီမစိတ်ကထိန်းလို့မရပါဘူး

ဒါပေမဲ့မသိချင်ယောင်ဆောင်ပေးလိုက်ပါတယ်။

ခက်တာကအဲ့ကိစ္စကိုဟိုကောင်မလေးလာပြောလို့သိရတာပါ

နင့်ကောင်လေးကတော့ပစ္စည်းသွားဝယ်မို့ငါ့ကိုခေါ်နေတယ်ဆိုပြီးလှမ်းပြောတာပါ။

ကိုယ့်ကောင်လေးဆီကဘာဖြေရှင်းချက်မှမရခဲ့ပါဘူး။

သူတို့ကလည်းမသွားဖြစ်ဘူးတဲ့ဒါပေမဲ့ကိုယ့်အတွက်ကတော့ကိုယ့်ကောင်လေးဆီကဖြေရှင်းချက်လိုချင်ခဲ့တာအမှန်ပါ

အဲ့နေ့ညမှမနေနိုင်တော့လို့ ပြောစရာရှိလားလို့သွားမေးခဲ့ပါတယ် စိတ်ရှုပ်နေလို့နောက်မှပြောမယ်ဆိုတာပဲရခဲ့ပါတယ်။

နှစ်ရက်လောက်အဆက်အသွယ်ပြတ်သွားပါတယ်။ နောက်တော့လည်းမနေနိုင်တဲ့ကိုယ်ကပဲ အလျှော့ပေးညှိလိုက်ရတာပါပဲ။

ဒုတိယတစ်ခုကကိုယ့်ကိုဘယ်တော့မှအချိန်မပေးပါဘူး။ သူမအားဘူးဆိုတာသိပါတယ်

ကိစ္စတွေအရမ်းများတယ်ဆိုတာလည်းသိပေမဲ့ ချစ်သူရည်းစားတစ်ယောက်အနေနဲ့အချစ်ခံချင်ပါတယ်

သူ့ရဲ့ဂရုစိုက်မှုအလေးထားမှုကိုလိုချင်ပါတယ်အမှန်အတိုင်းပြောတာပါ

ဒါပေမဲ့သူ့မှာအဲ့ဒါမျိုးမရှိပါဘူး အဲ့ထိလည်းနားလည်ပေးထားပါတယ် ကိုယ်သူ့ကိုသူ့အတွက်ကိုယ်ပိုင်အချိန်လည်းပေးထားပြီးပြီ

သူမအားဘူးဆိုလို့လည်းဘယ်တော့မှအတင်းအကြပ်စပြီးမဆက်သွယ်ခဲ့ပါဘူး

ကိုယ်ဆက်တဲ့phကိုတောင်ချပစ်ပါတယ် တစ်ခါတစ်လေပြန်တောင်မဆက်ပါဘူး

ပြန်မဆက်ရတဲ့အကြောင်းပြချက်ကပြောစရာမှမရှိဘဲတဲ့ သူ့ဘက်ကစပြီးဆက်သွယ်မှာကိုပဲစောင့်နေခဲ့တာပါ

ဒါ​ေပမဲ့ သူကဘယ်တော့မှကောင်းကောင်းမဆက်သွယ်ပါဘူး Typing ရိုက်ရင် reply ကြာပါတယ်

phပြောနေရင် ငါးမိနစ်လောက်ကျော်ရင် ကိုယ်ကအားရပါးရပြောနေလည်းသူချချင်ရင်ဒါပဲနော် ဆိုတာမျိုးနဲ့ချပစ်တတ်ပါတယ်

အပြင်မှာတွေ့ရင်လည်း လာမယ်လ်ု့ပြောပြီးတစ်ခါတစ်လေ မလာပါဘူး

မလာတဲ့အကြောင်းလည်းအကျိုးအကြောင်းဘာမှမပြောပါဘူး ကိုယ်ကကြားထဲမှာအဆင်ပြေအောင်ညှိပါတယ်

တောင်းပန်တယ်ဆိုတာပဲထပ်ခါတလဲလဲပြောပါတယ် ရပ်လိုက်ကြရအောင်လို့ပြောရင်လည်းဆွဲထားပါတယ်

တစ်နှစ်ပြည့်တဲ့နေ့ကငါနဲ့တွဲရတာအဆင်မပြေတာများရှ်ိနေတာလားဆိုတော့မရှိပါဘူးတဲ့

ငါကကျနင်နဲ့တွဲရတာငါ့အတွက်တစ်ခါတစ်လေအဆင်မပြေစေဘူးလို့ ဆိုတော့ ဘာဖြစ်တာလဲတဲ့

ဟုတ်ပါတယ်မင်းမှန်ပါတယ်တဲ့ငါ့ဘက်ကလိုတာတဲ့ ငါ့ဟာတွေနဲ့ငါကိုရှုက်ယှက်ခက်နေတာဆိုတော့တဲ့

ဒါပေမဲ့ငါလည်းဘယ်လိုလုပ်ပေးရမလဲမသ်ိတော့ဘူးတဲ့ ထားတော့မသွားပါနဲ့တဲ့။

ဒါပေမဲ့ခုတစနှစ်နဲ့ ်နှစ်လရှိပါပြီအချိုးလည်းမပြောင်းပါဘူးဒီတိုင်းပါပဲ။

ဒီနေ့ဆိုအဆက်အသွယ်ဆိုတာလေးကသူ online classတက်နေတယ်တု့ကိုယ်ကအင်းပါဆိုတာနဲ့ပဲကိုယ်တို့ဆက်သွယ်မှုပြီးသွားခဲ့ပါတယ်

တကယ်ကကိုယ်စောင့်နေတာပါသူအတန်းပြီးမဲ့အချိန်

ဒါပေမဲ့သူ့ဘက်ကဘာမှပြန်မပြောတော့ပါဘူး။ကိုယ်လည်းအခုဘာဆက်လုပ်ရမလဲမသ်ိတော့လို့ပါ။

အႀကံေလးေတာင္းခ်င္လို႔ပါ။(စာအရမ္းရွည္သြားပါတယ္)

ကိုယ္တို႔တြဲတာခုမွတစ္ႏွစ္ေက်ာ္ပဲရွိပါေသးတယ္

ဒါေပမဲ့သူငယ္ခ်င္းအရင္းႀကီးပါ သူငယ္ခ်င္းအျဖစ္ေပါင္းခဲ့တာကိုးႏွစ္ေလာက္ရွိပါၿပီ။

သူဆိုတဲ့လူကကိုယ္သူငယ္ခ်င္းဘဝကတည္းကသိပ္ခ်စ္ခဲ့ရတဲ့သူပါ။

ပြင့္ပြင့္လင္းလင္းေျပာရရင္သူ႔ကိုအဆုံးရႈံးမခံႏိုင္ပါဘူး ဒါေပမဲ့ေရွ႕ဆက္ဖို႔လည္းယုံၾကည္ခ်က္မရွိေတာ့လို႔ပါ။

ျပႆနာကဘာလဲဆိုေတာ့ကိုယ့္ကိုဘယ္ေတာ့မွတန္ဖိုးမထားပါဘူး။

ကိုယ့္အေပၚဆိုဘယ္ေတာ့မွအေလးအနက္မရွိတာပါ။

ပထမျပႆနာတစ္ခုကေတာ့ တျခားသူငယ္ခ်င္းတစ္ေယာက္ေၾကာင့္ပါသူကလည္း ေကာင္ေလးကိုသေဘာက်ေနတာပါ။

အဲ့ဒါေၾကာင့္မို႔ကိုယ္ကလည္းသူနဲ႔ဆိုရင္ေတာ္ေတာ္ကိုသဝန္တိုပါတယ္

ေကာင္ေလးကိုယ္တိုင္ကလည္း အဲ့ေကာင္မေလးကိုေတာ္ေတာ္ကိုအေရးေပးလြန္းေတာ့

ကိုယ္ကအဲ့ေကာင္မေလးနဲ႔ပတ္သတ္ရင္ စိတ္မေလွ်ာ့ႏိုင္ပါဘူး။

တစ္ခါက်ေတာ့ကိုယ့္ေကာင္ေလးကအျပင္သြားစရာရွိလို႔ဆိုၿပီး ကိုယ့္ကိုေခၚပါတယ္

ကိုယ္ကလိုက္ဖို႔ဘယ္လိုမွအဆင္မေျပေတာ့ မလိုက္ႏိုင္လိုက္ပါဘူး။

အဲ့ခ်ိန္မွာသူကဟိုေကာင္မေလးကို လွမ္းေခၚပါတယ္(သူငယ္ခ်င္းအရင္းႀကီးပဲေလဆိုတဲ့စိတ္နဲ႔တဲ့)

ဘယ္လိုပဲေျပာေျပာညီမစိတ္ကထိန္းလို႔မရပါဘူး

ဒါေပမဲ့မသိခ်င္ေယာင္ေဆာင္ေပးလိုက္ပါတယ္။

ခက္တာကအဲ့ကိစၥကိုဟိုေကာင္မေလးလာေျပာလို႔သိရတာပါ

နင့္ေကာင္ေလးကေတာ့ပစၥည္းသြားဝယ္မို႔ငါ့ကိုေခၚေနတယ္ဆိုၿပီးလွမ္းေျပာတာပါ။

ကိုယ့္ေကာင္ေလးဆီကဘာေျဖရွင္းခ်က္မွမရခဲ့ပါဘူး။

သူတို႔ကလည္းမသြားျဖစ္ဘူးတဲ့ဒါေပမဲ့ကိုယ့္အတြက္ကေတာ့ကိုယ့္ေကာင္ေလးဆီကေျဖရွင္းခ်က္လိုခ်င္ခဲ့တာအမွန္ပါ

အဲ့ေန႔ညမွမေနႏိုင္ေတာ့လို႔ ေျပာစရာရွိလားလို႔သြားေမးခဲ့ပါတယ္ စိတ္ရႈပ္ေနလို႔ေနာက္မွေျပာမယ္ဆိုတာပဲရခဲ့ပါတယ္။

ႏွစ္ရက္ေလာက္အဆက္အသြယ္ျပတ္သြားပါတယ္။ ေနာက္ေတာ့လည္းမေနႏိုင္တဲ့ကိုယ္ကပဲ အေလွ်ာ့ေပးညႇိလိုက္ရတာပါပဲ။

ဒုတိယတစ္ခုကကိုယ့္ကိုဘယ္ေတာ့မွအခ်ိန္မေပးပါဘူး။ သူမအားဘူးဆိုတာသိပါတယ္

ကိစၥေတြအရမ္းမ်ားတယ္ဆိုတာလည္းသိေပမဲ့ ခ်စ္သူရည္းစားတစ္ေယာက္အေနနဲ႔အခ်စ္ခံခ်င္ပါတယ္

သူ႔ရဲ႕ဂ႐ုစိုက္မႈအေလးထားမႈကိုလိုခ်င္ပါတယ္အမွန္အတိုင္းေျပာတာပါ

ဒါေပမဲ့သူ႔မွာအဲ့ဒါမ်ိဳးမရွိပါဘူး အဲ့ထိလည္းနားလည္ေပးထားပါတယ္ ကိုယ္သူ႔ကိုသူ႔အတြက္ကိုယ္ပိုင္အခ်ိန္လည္းေပးထားၿပီးၿပီ

သူမအားဘူးဆိုလို႔လည္းဘယ္ေတာ့မွအတင္းအၾကပ္စၿပီးမဆက္သြယ္ခဲ့ပါဘူး

ကိုယ္ဆက္တဲ့phကိုေတာင္ခ်ပစ္ပါတယ္ တစ္ခါတစ္ေလျပန္ေတာင္မဆက္ပါဘူး

ျပန္မဆက္ရတဲ့အေၾကာင္းျပခ်က္ကေျပာစရာမွမရွိဘဲတဲ့ သူ႔ဘက္ကစၿပီးဆက္သြယ္မွာကိုပဲေစာင့္ေနခဲ့တာပါ

ဒါ​ေပမဲ့ သူကဘယ္ေတာ့မွေကာင္းေကာင္းမဆက္သြယ္ပါဘူး Typing ႐ိုက္ရင္ reply ၾကာပါတယ္

phေျပာေနရင္ ငါးမိနစ္ေလာက္ေက်ာ္ရင္ ကိုယ္ကအားရပါးရေျပာေနလည္းသူခ်ခ်င္ရင္ဒါပဲေနာ္ ဆိုတာမ်ိဳးနဲ႔ခ်ပစ္တတ္ပါတယ္

အျပင္မွာေတြ႕ရင္လည္း လာမယ္လ္ု႔ေျပာၿပီးတစ္ခါတစ္ေလ မလာပါဘူး

မလာတဲ့အေၾကာင္းလည္းအက်ိဳးအေၾကာင္းဘာမွမေျပာပါဘူး ကိုယ္ကၾကားထဲမွာအဆင္ေျပေအာင္ညႇိပါတယ္

ေတာင္းပန္တယ္ဆိုတာပဲထပ္ခါတလဲလဲေျပာပါတယ္ ရပ္လိုက္ၾကရေအာင္လို႔ေျပာရင္လည္းဆြဲထားပါတယ္

တစ္ႏွစ္ျပည့္တဲ့ေန႔ကငါနဲ႔တြဲရတာအဆင္မေျပတာမ်ားရွ္ိေနတာလားဆိုေတာ့မရွိပါဘူးတဲ့

ငါကက်နင္နဲ႔တြဲရတာငါ့အတြက္တစ္ခါတစ္ေလအဆင္မေျပေစဘူးလို႔ ဆိုေတာ့ ဘာျဖစ္တာလဲတဲ့

ဟုတ္ပါတယ္မင္းမွန္ပါတယ္တဲ့ငါ့ဘက္ကလိုတာတဲ့ ငါ့ဟာေတြနဲ႔ငါကိုရႈက္ယွက္ခက္ေနတာဆိုေတာ့တဲ့

ဒါေပမဲ့ငါလည္းဘယ္လိုလုပ္ေပးရမလဲမသ္ိေတာ့ဘူးတဲ့ ထားေတာ့မသြားပါနဲ႔တဲ့။

ဒါေပမဲ့ခုတစႏွစ္နဲ႔ ္ႏွစ္လရွိပါၿပီအခ်ိဳးလည္းမေျပာင္းပါဘူးဒီတိုင္းပါပဲ။

ဒီေန႔ဆိုအဆက္အသြယ္ဆိုတာေလးကသူ online classတက္ေနတယ္တု႔ကိုယ္ကအင္းပါဆိုတာနဲ႔ပဲကိုယ္တို႔ဆက္သြယ္မႈၿပီးသြားခဲ့ပါတယ္

တကယ္ကကိုယ္ေစာင့္ေနတာပါသူအတန္းၿပီးမဲ့အခ်ိန္

ဒါေပမဲ့သူ႔ဘက္ကဘာမွျပန္မေျပာေတာ့ပါဘူး။ကိုယ္လည္းအခုဘာဆက္လုပ္ရမလဲမသ္ိေတာ့လို႔ပါ။