ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၉၆

ညီမနဲ့ညီမကောင်လေးချစ်သူသက်တန်း၁၀နှစ်ရှိပါပီး

ညီမအသက်က၂၅ပါသူ့အသက်က၂၆ပါ

ညီမ ၁၀တန်းကိုနေမကောင်းလို့မဖြေနိုင်ပဲ နောက်နှစ်မှဖြေမယ်ဆိုပီး အလုပ်ဝင်လုပ်ပါတယ်

အလုပ်က သူငယ်ချင်းရဲ့ရည်းစားကဂိမ်းဆိုင်မှာအလုပ်လုပ်ပါတယ်

နှစ်ဆန်းတစ်ရက်နေ့မှာသူတို့အတွဲလည်ကြတော့ သူတို့အတွဲနောက်ကလိုက်ရင်း ညီမကောင်လေးကညီမကိုမြန်မာဆန်ဆန်ပါးကွပ်ကြား လေးနဲ့မို့မြင်မြင်ချင်း ချစ်မိသွား​ကြောင်

ညီမသူငယ်ချင်းကိုအောင်သွယ်ခိုင်းပါတယ် သူကကျောက်သမားပါ

နောက်နေ့အလုပ်ဆင်းတော့သူ့တပည့်ကောင်လေး၂ယောက်နဲ့ ညီမကိုတကယ်ချသ်ကြောင်းသူကိုယ်တိုင်ရော

ဘေးလူတွေရော ညီမသူငယ်ချင်းကိုရောပြောခိုင်းပါတယ်

ညီမသူငယ်ချင်းကောင်မလေးက သူ့ကိုအဖြေမပေးရင်မခေါ်ဘူးဘာညာလုပ်တယ်

အဲတုန်းကစဥ်းစားဉီးမယ်ပြောတာကိုသိပ်လက်မခံချင်ကြဘူး

ညီမကောင်လေးက ညီမလိုချင်တဲ့ပုံစံစတွေ့ထဲကလုံးဝမဟုတ်ပါဘူး

အရက်သောက်တယ် ကွမ်းစားတယ် ဆေးလိပ်သောက်တယ် ရုပ်ကလည်းမျက်လုံးပြူးပြူးအသားမဲမဲနဲ့ဆိုးပါတယ်

ဒါပေမယ့်လဲတွဲကြည့်မယ်လေဆိုပီးအလုပ်ဆင်းတော့အဖြေပေးမယ် ပြောလိုက်ပါတယ်

အလုပ်လဲဆင်းရော ခင်ဗျားကိုမချစ်ဘူးဆိုပီးစခဲ့ပါတယ်

သူဘယ်သူကိုမှရည်းစားစကားမပြောခဲ့ဖူးကြောင်းအငြင်းလဲမခံဖူးကြောင်းပြောပီး

သူ့တပည့်နီစ်ယောက်ကိုသွားသောက်မယ်ပြောပါတယ်

ဒါနဲ့ညီမကမဟုတ်ဘူးစတာ ချစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်

ချစ်သူဖြစ်တဲ့အထိမ်းမှတ်နေနဲ့သူငယ်ချင်းတွေကို ရှမ်းဝယ်ကျွေးပါတယ်

အကုန်စားပီးလို့သူကရှင်းမယ်လုပ်မှ ပိုက်ဆံမပါဘူးပြောပါတယ် ညီမရှင်းရပါတယ်

ညီမက ကဆုန်လပြည့်နေ့လည်ချင်လို့သူ့ကိုအဖြေပေးခဲ့တာပါ

လပြည့်နေ့လဲရောက်ရောသူငယ်ချင်းတွေကအတွဲတွေကိုယ်စီနဲ့ချိန်ထားတဲ့နေရာအားလုံးရောက်နေကြပီ

ညီမကလည်းပြင်ဆင်လို့သူ့ကိုစောင့်နေတာ အဲတာကိုဆိုင်ကယ်မရှိလို့မလောတော့ဘူးတဲ့

ညီမမှာငိုလိုက်ရတာရှက်လို့ နောက်နေ့တွေလဲအလုပ်လာကြိုမယ်ဆိုပီးနာရီဝက်၁နာရီလောက်စောင့်ခိုင်းပီးမှာလာကြိုပါတယ်

အဲ့တုန်းကသူကကျောက်ဖြတ်သမားဘဝပဲရှိပါသေးတယ်

ဆံပင်ကဝါကြောင်ကြောင် အကျီကလည်းစုတ်ပြတ် ဖိနပ်ကလည်းရိူးဝါးဖိနပ်နဲ့ပိန်မဲပီးမျက်လုံးကပြူးနေတာပဲ

အဖြေပေးတုန်းကမချစ်ပေမယ့်နောက်ပိုင်းသူ့ကိုတစ်ဖြည်းဖြည်းနဲ့သံယောဇဥ်ရှိပီးချစ်မိလာပါတယ်

ညီမချစ်မိလာတဲ့ချိန်သူ့ကိုဖုန်းခေါ်တယ်မကိုင်ဘူး အကော၅၀​လောက်ခေါ်လဲမကိုင်ဘူး

ငါမအားဘူးနင်ဘာကိစ္စဆက်တာလဲဘာညာနဲ့အဆူခံရပါတယ်

ညီမအရမ့းခံစားရပါတယ် နောက်တန်ဆောင်းမုန်းလပြည့်လည်ချင်လို့ဆိုလဲညီမကိုလိုက်မပို့ပါဘူး

အဲတာနဲ့ညီမသူငယ်ချင်းတို့အတွဲနောက်ကနေဦးပိန်လိုက်သွားပါတယ်

အပြန်ညီမဆိုင်ကယ်ပေါ်ကပြုတ်ကျပါတယ် လက်နဲ့ခြေထောက် ကျိုးပါတယ်

ညီမမှာအဖေတစ်ယောက်ပဲရှိပါတယ် ညီမအဖေနဲ့အမေနဲ့ကအပျိုကြီးလူပျိုကြီးအိမ်ထောင်ကျ ကျတာပါ

ညီမအဖေကအသက်ပိုကြီးပါတယ် အဖေကအဘိုးထက်၁နှစ်ကြီးပါတယ်

အမေကနဲနဲငယ်ပါတယ် ငယ်တဲ့အမေကညီမ၁၀နှစ်သမီးမှာဆုံးသွားပါတယ်

ညီမတို့အမျိုးတွေကလည်းရွာမှာပါ မန္တလေး မှာအဒေါ်တစ်ယောက်ပဲရှိပါတယ်

ညီမမှာအားကိုးစရာမရှိဖြစ်နေတဲ့ချိန်ညီမကျိူးတာသိသိရက်နဲ့သူဖုန်းတစ်ချက်မဆက်ခဲ့ပါဘူးညီမကို

ညီမဖုန်းတစ်ခါလာရင်သူများဖြစ်နေမလားဆိုပီးပျော်နေရတာ

တကယ်တော့သူငယ်ချင်းအပေါင်းသင်းဆွေမျိုးတွေကသာလှမ်းဆက်မေးကြအားပေးကြတာပါ

သူတကယ်နေနိုင်ခဲ့တယ် အဲထဲကညီမသိသင်ခဲ့ပါတယ် ညီမကိုတကယ်မချစ်မှန်း ညီမပျောက်သွားတော့အဲကောင်ကလာတောင်းပန်ပါတယ်

သူမသွားခိုင်းတာကိုသူများတွေနဲ့သွားလည်လို့စိတ်ဆိုးပီးမဆက်တာတဲ့

အဲတာနဲ့ညီမလဲခွင့်လွှတ်ပေးလိုက်ပါတယ် အဲနောက်အချိုးလေးတော့နဲနဲပြောင်းလာပါတယ်

အရင်ကထက် ဂရုစိုက်ပေးလာပါတယ် ညီမကံကောင်းချင်တော့အလုပ်သစ်တစ်ခုရပါတယ်

အားကစားလုပ်တဲ့ gymမှာစာရေးမအကူလုပ်ရပါတယ်

အဲချိန်ကျတော့လာကြိုပါတယ် အဲချိန်မှာချစ်သူသက်တမ်း၄နှစ်မှာညီမကိုအခွင့်ရေးတစ်ခါမှမယူပါဘူး

ညီမမှာညီမကိုအရမ်းချစ်နေတဲ့ကောင်လေးကညီမကိုကြိုက်တာတောင်ပြန်မကြိုက်ခဲ့ပါဘူး

သူရှိနေလို့ပြတ်လိုက်ဆက်လိုက်နဲ့ချစ်သူသက်တမ်း၄နှစ်မှာသူ့အိမ်ခေါ်သွားပါတယ်

သူတို့အိမ်ဆိုစုတ်ပြတ်လို့ အောက်ကရေတွေဝင်လို့ သူတို့အိမ်ဝင်တာအိမ်နဲ့ခေါင်းနဲ့တိုက်မိပီးဘုထခဲ့သေးတယ်

ညီမတို့သားဖနှစ်ယောက်ထဲကိုမှအိမ်ပိုင်ဝင်းပိုင်ရှိပါတယ်

ညီမဘယ်အရာမှမမက်မောပါဘူးနွေးထွေးတဲ့မေတ္တာလေးရချင်ယုံပါ

ညီမတို့ချစ်သူဖြစ်တဲ့နေ့ကဘယ်နေ့လဲသူမသိဘူးညီမမွေးနေ့ကဘယ်နေ့လဲသူမှတ်မထားဘူးအဲတာကိုမင်းကိုတကယ်ချစ်တာပါပြောတာကိုယုံခဲ့တယ်

သူညီမကိုဂရုမစိုက်ဘူးအမြဲပစ်ထားတယ် သဝန်လဲမတိုဘူး ညီမတို့ကပြတ်လိုက်ဆက်လိုက်နဲ့ ပြတ်နေတုန်းမှာအလုပ်ကအမရဲ့သူငယ်ချင်းကကြိုက်လို့ဆိုပီးပြောခိုင်းတော့ရုပ်လဲချောတယ်ညီမကိုလဲဂရုစိုက်ပေးတယ်

အလည်တွေဘာတွေလဲသူကသွားရတာဝါသနာပါတော့ ညီမနဲ့အဆင်ပြေတယ်

တွဲကြည့်မယ်ဆိုပီးအဖြေပေးတာတစ်လရှိသေး အဲကောင်ကလာပြန်တောင်းပန်ပါတယ်

ဒူးထောက်တောင်းပန်ပါတယ်သူဆီပဲပန်လာခဲ့ဖို့ အရင်လိုပစ်မထားတော့ကြောင်း အပေါင်းသင်းအသောက်စားအရမ်းမက်ပါတယ်

အဲတာတွေနဲ့ယှဥ်ရင်ညီမကိုဘယ်တုန်းကမှဦးစားမပေးခဲ့ပါဘူး

အပေါင်းသင်းနဲ့ငါ့ဘယ်သူ့ရွေးမှာလဲမေးဖူးပါတယ် အပေါင်းသင်းရွေးမယ်ပြောပီးစတာမင်းပဲရွေးမှာပေါ့လုပ်ပါတယ်

ဒီလိုနဲ့ညီမအလုပ်သစ်တစ်ခုထပ်ရပြန်ပါတယ် ဆေးကုမ္ပဏီမှာပါ ကံတော့ကောင်းပါတယ်

အလုပ်ကပိုင်ရှင်လင်မယားကလဲညီမကတစ်ကောင်ကြွက်မို့အရမ်းချစ်ရှာကြပါတယ်

ညီမကိုကြိုက်နေတဲ့ကောင်လေးဆိုအရုပ်တွေလာပို့ပေးပါတယ်

ရုံးမှာညီမလက်မခံခဲ့ပါဘူးသူ့ကိုအမြဲငြင်းခဲ့ပါတယ်

ညီမရည်းစားကညီမကိုစိတ်ဒုက္ခတွေအရမ်းပေးလို့ညီမကညီမရည်းစားအကြောင်းတွေပြောပြရင်သူကရင်နာနာနဲ့ငိုပီးနားထောင်ရှာတယ်

အဲကောင်ကိုဖြတ်လိုက်ဖို့သူ့ဘဝထဲကိုလာခဲဖို့ သူစိတ်ချမ်းသာအောင်ထားမဲ့အကြောင်းပြောရှာပါတယ်

ဒါပေမယ် ညီမဝဋ်ကျွေးပါလို့လားမသိဘူးဒီလူကိုပဲထပ်ခါထပ်ခါရွေးချယ်နေမိပါတယ်

























ဆံပင်ကဝါကြောင်ကြောင် အကျီကလည်းစုတ်ပြတ် ဖိနပ်ကလည်းရိုးဝါးဖိနပ်နဲ့ပိန်မဲပီးမျက်လုံးကပြူးနေတာပဲ











ညီမမှာအားကိုးစရာမရှိဖြစ်နေတဲ့ချိန်ညီမကျိုးတာသိသိရက်နဲ့သူဖုန်းတစ်ချက်မဆက်ခဲ့ပါဘူးညီမကို








အဲချိန်ကျတော့လာကြိုပါတယ် အဲချိန်မှာချစ်သူသက်တမ်း၎နှစ်မှာညီမကိုအခွင့်ရေးတစ်ခါမှမယူပါဘူး


သူရှိနေလို့ပြတ်လိုက်ဆက်လိုက်နဲ့ချစ်သူသက်တမ်း၎နှစ်မှာသူ့အိမ်ခေါ်သွားပါတယ်
















