တခါတလေတော့လဲ တစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောပီး ရင်ဖွင့်လိုက်ချင်လို့ပါ…..
ညီမက single mother တစ်ယောက်ပါ အိမ်ထောင်ကွဲပီးနောက် ကနေစပီး တွေ့ခဲ့ကြပါတယ်
သူက နယ်မှာနေပါတယ် အရမ်းတော့မချို့တဲ့ပေမယ့် မချမ်းသာတဲ့ထဲပါတယ်
ညီမကရန်ကုန်မှာနေတယ် အတန်အသင့်ပြေလည်တဲ့ထဲကပေါ့
သူကစကားပြောရင် လူကြီးဆန်တယ် ကိုယ်မသိတဲ့အရာတွေ ပြောပြတိုင်ပင်ရင် စိတ်ဝင်တစားနားထောင်တယ်
ဂရုတစိုက်ရှိပေးတယ် ဝါသနာလဲတူပါတယ် အဲ့လိုနဲ့ပဲ ချစ်သွားမိတယ် ….
ဇာတ်လမ်းစပုံက ညီမကို messanger ကနေစာပဲပို့တာများတယ်
vc ခေါ်တာမျိုးသိပ်မရှိသလို ပြောလွန်းပါမှ တလကိုတခါလောက်ခေါ်တယ်
ဒါတောင် တခြား LDRS တေကိုခိုင်းနှိုင်းပြောပြပီး စိတ်ဆိုးလွန်းရန်ဖြစ်လွန်းမှသာခေါ်ဘူးတာ
ဖုန်းဆိုလဲ ည ၇နာရီထိုးဆိုအဲ့ချိန်ပဲခေါ်တယ် ကျန်တဲ့ချိန် သေရေးရှင်ရေးဖြစ်တောင် မခေါ်ဘူး စာပဲပို့ထားတယ်
ကြာတော့ညီမစိတ်ထဲမသက်ာဖြစ်လာတယ် သူ့မှာလျှို့ဝှက်ချက် တခုခုရှိနေမလားပေါ့
(ဥပမာ လက်ရှိမိန်းမ) ရန်ကုန် ကိုလာလည်ဖို့တွေ့ဖို့မကြာခဏပြောဖြစ်တယ်
အဲ့ချိန်တေကလဲ ကိုဗစ်ဖြစ်တာနဲ့ တိုင်းပြည်အရေးအကြောင်းပြပီး မလာခဲ့ပါဘူး 😢
fb မှာညီမပုံတင်လို့ မန့်ရေးတဲ့သူတေ အသဲပေးတဲ့သူတေကိုတော့ သူကြည့်မရရင် အကုန် bl ခိုင်းပီးရိုင်းရိုင်းစိုင်းစိုင်းသွားပြောတယ်
ညီမအသိတေကိုတောင်ပြောနေတော့ အစပိုင်းတော့ ရန်ခဏခဏဖြစ်ရတယ်
နောက်ပိုင်း ညီမလဲစိတ်ပျက်တာနဲ့ အကောင့်အသစ်ဖွင့်သုံးတယ် ပုံလဲသိပ်မတင်ဘူး
fri လဲနည်းနည်းပဲထားတယ် သူ့ကိုကြောက်တာမဟုတ်ပေမယ့် ဘာမဟုတ်တာတေနဲ့ ရန်မဖြစ်ချင်လို့ ဆင်ခြင်ပါတယ် ……
သူနဲ့ချစ်သူဖြစ်ပီး တနှစ်ခွဲကြာမှ ရန်ကုန်ကိုလာခဲ့တယ် (ဒါတောင်မဖြစ်နိုင်တော့ဘူး လမ်းခွဲကြမယ်ပြောမှ)
သူရန်ကုန်ရောက်နေပီ လို့ပြောတော့လေ ညီမမျက်ရည်တောင်ကျမိတယ်
မနက်အစောကြီးထပီး သူ့ကိုသွားတွေ့တယ် သူသွားချင်တဲ့ဘုရားလိုက်ပို့တယ်
ကုန်ကျစရိတ်ကိုလဲ သူကမရှိတဲ့သူလေဆိုပီး ညီမအကုန်စရိတ်ခံတယ် နောက်တရက်ထပ်ချိန်းတယ် သူမပြန်ခင် ထပ်တွေ့ရအောင်တဲ့
အဲ့ညဘက်သူဖုန်းဆက်တယ် ဟိုပြောဒီပြောပေါ့ ညီမကရန်ကုန်မှာနေတာဆိုတော့ အမျိုးတေရှိတယ်
အဲ့ထဲက ညီမအမတယောက်က သူနဲ့သိနေတယ်ပေါ့
ဟိုနေ့ကတောင် အဲ့အမတေနေတဲ့နေရာကနေဖြတ်လာတာတဲ့ မနက်ဖြန်ကျရင် အဲ့အမဆီလိုက်ပို့ပေးပါလားတဲ့ တွေ့ဘူးချင်လို့တဲ့
ညီမစိတ်ထဲ တမျိုးဖြစ်သွားတယ် အဲ့အမက အလုပ်လုပ်နေလို့မအားဘူးလို့ ညီမကပြောတော့ ဟာခဏလေးပဲကို မရဘူးကွာ လိုက်ပို့ပေးတဲ့ 😔
ညီမလက်ထဲကဖုန်းလွတ်ကျတော့မလိုပဲသိပ်နာကျင်သွားတယ်
ချစ်သူဖြစ်ပီး တနှစ်ခွဲလောက်မှ ရန်ကုန်ကို ပထမဆုံးလာတွေ့တဲ့သူရဲ့ပါးစပ်က ခုလိုပြောလိမ့်မယ့်မထင်ထားဘူးလေ
( ညီမသာဆိုသူ့ကိုတွေ့ချင်တဲ့စိတ်နဲ့တခြားသူဆီမသွားချင်ဘူး အကြာကြီးနေမှတွေ့ခွင့်ရလို့ တနေကုန်ထိုင်ကြည့်နေချင်တာ)
အဲ့နေ့ကညီမစိတ်ဆိုးပီး အမဆီပဲသွားတွေ့ချင်တယ်ဆိုလဲ သွားပါလိပ်စာပို့ပေးမယ်
လိုက်တော့မပို့ပေးတော့ဘူးလို့ပြောပီးငိုချလိုက်မိရော အဲ့တော့သူမှားပါတယ်ဆိုပီးတောင်းပန်တယ်
အဲ့အမကို ရိုးရိုးသားသားစိတ်ပဲရှိပါတယ်တဲ့
နောက်ရက်သူပြန်သွားတယ် ညီမမွေးနေ့ရောက်တော့ ပိုက်ဆံ မရှိတော့လို့နောက်မှတဲ့ ခွင့်လွှတ်ပါတဲ့ ရပါတယ်လို့ပြောလိုက်တယ်
အဲ့နေ့ကတော့စိတ်ထဲမကောင်းဘူးပေါ့ တလကို ၃ထောင်လောက်စုရင်တောင် တနှစ်တခါပေးနိုင်တယ်လေ
( ညီမမွေးနေ့တွေ anni တွေ အမှတ်တရနေ့တေတိုင်း တခါမှဘာမှမပေးပါဘူး
ညီမကပိုက်ဆံရှိတဲ့သူဆိုတော့ သူပေးလဲမလိုအပ်လောက်ဘူးတဲ့လေ)
ညီမဘက်ကတော့ သူ့ကိုဖုန်းဘေလ် ပိုက်ဆံ လက်ဆောင်ပစ္စည်း သူတခွန်းပြောလိုက်တာနဲ့ဖြည့်ဆည်းပေးတါ လိုချင်တယ်
ဒီနေ့ fbမှာ share ရင်နောက်နေ့မှာပေးတဲ့ထိ ချစ်တာ သူကတော့အတော်လေးနေနိုင်တယ်
အဲ့နောက်ပိုင်း ညီမအမက သူ့ဘဲနဲ့ပြတ်တဲ့အကြောင်းတေစာတေတင်တယ်
ML ဆော့တဲ့အကြောင်းတေတင်တော့ သူကသွားပီးတူတူဆော့တယ် စကားတေသွားပြောတယ်
ညီမပြန်သိရတော့ သူစိတ်ဆိုးတယ် သူကရိုးသားတယ်သူ့ကိုမစွပ်စွဲနဲ့တဲ့……
သူ့ကို လက်ထပ်ကြဖို့ငွေစုခိုင်းရင်လဲစိတ်တိုတယ် သူစုတဲ့ငွေက ညီမတို့ ၃လလောက်သုံးရင်ကုန်မှာမို့တဲ့
သူကဘောင်မဝင်ဘူးတဲ့ ညီမကငွေကိုအဓိကမက်တာမဟုတ်ဘူး မတွေ့တာကြာတဲ့ LDRS တေလွမ်းကြသလို
vc လေးပြောကြတာမျိုး ဖုန်းလေးမကြာခဏဆက်တာမျိုး သတိရကြောင်းပြောတာမျိုးတွေ အခက်အခဲလေးတေပြောပြတိုင်ပင်တာမျိုး နွေးထွေးပြတာမျိုးတော့ ရှိစေချင်တယ်လေ …….
သူကရန်ကုန်ကို လာပီးအလုပ်မလုပ်နိုင်ဘူးတဲ့
ညီမဘက်ကသူ့ကိုလက်ထပ်မယ်ဆိုမှ သူလာနေပေးမယ်တဲ့
ညီမနဲ့တူတူနေပီးမှ စီးပွားရေး တခုခုလုပ်မယ်တဲ့လေ သူပြန်သွားပီး အခုဆို၅ လကြာခဲ့ပီး မျက်နှာလေးမြင်ချင်လို့ဆိုပီးခေါ်တဲ့ vcမရှိခဲ့သလို
သူအသုံးလိုလို့ငွေလိုရင်ချိုသာပီး ကျန်တဲ့ချိန်တော့ စာပို့တာပဲရှိပါတယ်
သူညီမကိုတကယ်မချစ်လို့ စိတ်ဝင်စားမှုအားနည်းတာလားလို့မေးလိုက်တိုင်း ညီမကပဲမှားနေသလိုသူပြောတယ်
သူကတကယ့်အချစ်စစ် ညီမကသူဆင်းရဲလို့အပြစ်ရှာနေတာတဲ့
ညီမသူ့ကိုလမ်းခွဲမယ် ဖြတ်မယ်ပြောရင်ပဲသူစိတ်တေတို ဒေါသတွေထွက် ကြိမ်းဝါး ခြိမ်းခြောက်နေပါရော..
ညီမစိတ်ကသူ့ကိုနာတာတွေလဲများသလို ခုထိလဲချစ်နေသေးလို့ သူ့ကိုလမ်းခွဲမယ်ပြောလိုက်တိုင်း
ကိုယ့်အနာဂတ်တေပျောက်သွားသလို ခံစားရတယ်……
ဘလိုဆက်လုပ်သင့်လဲအကြံပေးကြပါဦး……😒
တခါတေလေတာ့လဲ တစ္ေယာက္ေယာက္ကို ပြင့္ပြင့္လင္းလင္းေျပာပီး ရင္ဖြင့္လိုက္ခ်င္လို႔ပါ…..
ညီမက single mother တစ္ေယာက္ပါ အိမ္ေထာင္ကြဲပီးေနာက္ ကေနစပီး ေတြ႕ခဲ့ၾကပါတယ္
သူက နယ္မွာေနပါတယ္ အရမ္းေတာ့မခ်ိဳ႕တဲ့ေပမယ့္ မခ်မ္းသာတဲ့ထဲပါတယ္
ညီမကရန္ကုန္မွာေနတယ္ အတန္အသင့္ေျပလည္တဲ့ထဲကေပါ့
သူကစကားေျပာရင္ လူႀကီးဆန္တယ္ ကိုယ္မသိတဲ့အရာေတြ ေျပာျပတိုင္ပင္ရင္ စိတ္ဝင္တစားနားေထာင္တယ္
ဂ႐ုတစိုက္ရွိေပးတယ္ ဝါသနာလဲတူပါတယ္ အဲ့လိုနဲ႔ပဲ ခ်စ္သြားမိတယ္ ….
ဇာတ္လမ္းစပုံက ညီမကို messanger ကေနစာပဲပို႔တာမ်ားတယ္
vc ေခၚတာမ်ိဳးသိပ္မရွိသလို ေျပာလြန္းပါမွ တလကိုတခါေလာက္ေခၚတယ္
ဒါေတာင္ တျခား LDRS ေတကိုခိုင္းႏႈိင္းေျပာျပပီး စိတ္ဆိုးလြန္းရန္ျဖစ္လြန္းမွသာေခၚဘူးတာ
ဖုန္းဆိုလဲ ည ၇နာရီထိုးဆိုအဲ့ခ်ိန္ပဲေခၚတယ္ က်န္တဲ့ခ်ိန္ ေသေရးရွင္ေရးျဖစ္ေတာင္ မေခၚဘူး စာပဲပို႔ထားတယ္
ၾကာေတာ့ညီမစိတ္ထဲမသက္ာျဖစ္လာတယ္ သူ႔မွာလွ်ိဳ႕ဝွက္ခ်က္ တခုခုရွိေနမလားေပါ့
(ဥပမာ လက္ရွိမိန္းမ) ရန္ကုန္ ကိုလာလည္ဖို႔ေတြ႕ဖို႔မၾကာခဏေျပာျဖစ္တယ္
အဲ့ခ်ိန္ေတကလဲ ကိုဗစ္ျဖစ္တာနဲ႔ တိုင္းျပည္အေရးအေၾကာင္းျပပီး မလာခဲ့ပါဘူး 😢
fb မွာညီမပုံတင္လို႔ မန္႔ေရးတဲ့သူေတ အသဲေပးတဲ့သူေတကိုေတာ့ သူၾကည့္မရရင္ အကုန္ bl ခိုင္းပီး႐ိုင္း႐ိုင္းစိုင္းစိုင္းသြားေျပာတယ္
ညီမအသိေတကိုေတာင္ေျပာေနေတာ့ အစပိုင္းေတာ့ ရန္ခဏခဏျဖစ္ရတယ္
ေနာက္ပိုင္း ညီမလဲစိတ္ပ်က္တာနဲ႔ အေကာင့္အသစ္ဖြင့္သုံးတယ္ ပုံလဲသိပ္မတင္ဘူး
fri လဲနည္းနည္းပဲထားတယ္ သူ႔ကိုေၾကာက္တာမဟုတ္ေပမယ့္ ဘာမဟုတ္တာေတနဲ႔ ရန္မျဖစ္ခ်င္လို႔ ဆင္ျခင္ပါတယ္ ……
သူနဲ႔ခ်စ္သူျဖစ္ပီး တႏွစ္ခြဲၾကာမွ ရန္ကုန္ကိုလာခဲ့တယ္ (ဒါေတာင္မျဖစ္ႏိုင္ေတာ့ဘူး လမ္းခြဲၾကမယ္ေျပာမွ)
သူရန္ကုန္ေရာက္ေနပီ လို႔ေျပာေတာ့ေလ ညီမမ်က္ရည္ေတာင္က်မိတယ္
မနက္အေစာႀကီးထပီး သူ႔ကိုသြားေတြ႕တယ္ သူသြားခ်င္တဲ့ဘုရားလိုက္ပို႔တယ္
ကုန္က်စရိတ္ကိုလဲ သူကမရွိတဲ့သူေလဆိုပီး ညီမအကုန္စရိတ္ခံတယ္ ေနာက္တရက္ထပ္ခ်ိန္းတယ္ သူမျပန္ခင္ ထပ္ေတြ႕ရေအာင္တဲ့
အဲ့ညဘက္သူဖုန္းဆက္တယ္ ဟိုေျပာဒီေျပာေပါ့ ညီမကရန္ကုန္မွာေနတာဆိုေတာ့ အမ်ိဳးေတရွိတယ္
အဲ့ထဲက ညီမအမတေယာက္က သူနဲ႔သိေနတယ္ေပါ့
ဟိုေန႔ကေတာင္ အဲ့အမေတေနတဲ့ေနရာကေနျဖတ္လာတာတဲ့ မနက္ျဖန္က်ရင္ အဲ့အမဆီလိုက္ပို႔ေပးပါလားတဲ့ ေတြ႕ဘူးခ်င္လို႔တဲ့
ညီမစိတ္ထဲ တမ်ိဳးျဖစ္သြားတယ္ အဲ့အမက အလုပ္လုပ္ေနလို႔မအားဘူးလို႔ ညီမကေျပာေတာ့ ဟာခဏေလးပဲကို မရဘူးကြာ လိုက္ပို႔ေပးတဲ့ 😔
ညီမလက္ထဲကဖုန္းလြတ္က်ေတာ့မလိုပဲသိပ္နာက်င္သြားတယ္
ခ်စ္သူျဖစ္ပီး တႏွစ္ခြဲေလာက္မွ ရန္ကုန္ကို ပထမဆုံးလာေတြ႕တဲ့သူရဲ႕ပါးစပ္က ခုလိုေျပာလိမ့္မယ့္မထင္ထားဘူးေလ
( ညီမသာဆိုသူ႔ကိုေတြ႕ခ်င္တဲ့စိတ္နဲ႔တျခားသူဆီမသြားခ်င္ဘူး အၾကာႀကီးေနမွေတြ႕ခြင့္ရလို႔ တေနကုန္ထိုင္ၾကည့္ေနခ်င္တာ)
အဲ့ေန႔ကညီမစိတ္ဆိုးပီး အမဆီပဲသြားေတြ႕ခ်င္တယ္ဆိုလဲ သြားပါလိပ္စာပို႔ေပးမယ္
လိုက္ေတာ့မပို႔ေပးေတာ့ဘူးလို႔ေျပာပီးငိုခ်လိုက္မိေရာ အဲ့ေတာ့သူမွားပါတယ္ဆိုပီးေတာင္းပန္တယ္
အဲ့အမကို ႐ိုး႐ိုးသားသားစိတ္ပဲရွိပါတယ္တဲ့
ေနာက္ရက္သူျပန္သြားတယ္ ညီမေမြးေန႔ေရာက္ေတာ့ ပိုက္ဆံ မရွိေတာ့လို႔ေနာက္မွတဲ့ ခြင့္လႊတ္ပါတဲ့ ရပါတယ္လို႔ေျပာလိုက္တယ္
အဲ့ေန႔ကေတာ့စိတ္ထဲမေကာင္းဘူးေပါ့ တလကို ၃ေထာင္ေလာက္စုရင္ေတာင္ တႏွစ္တခါေပးႏိုင္တယ္ေလ
( ညီမေမြးေန႔ေတြ anni ေတြ အမွတ္တရေန႔ေတတိုင္း တခါမွဘာမွမေပးပါဘူး
ညီမကပိုက္ဆံရွိတဲ့သူဆိုေတာ့ သူေပးလဲမလိုအပ္ေလာက္ဘူးတဲ့ေလ)
ညီမဘက္ကေတာ့ သူ႔ကိုဖုန္းေဘလ္ ပိုက္ဆံ လက္ေဆာင္ပစၥည္း သူတခြန္းေျပာလိုက္တာနဲ႔ျဖည့္ဆည္းေပးတါ လိုခ်င္တယ္
ဒီေန႔ fbမွာ share ရင္ေနာက္ေန႔မွာေပးတဲ့ထိ ခ်စ္တာ သူကေတာ့အေတာ္ေလးေနႏိုင္တယ္
အဲ့ေနာက္ပိုင္း ညီမအမက သူ႔ဘဲနဲ႔ျပတ္တဲ့အေၾကာင္းေတစာေတတင္တယ္
ML ေဆာ့တဲ့အေၾကာင္းေတတင္ေတာ့ သူကသြားပီးတူတူေဆာ့တယ္ စကားေတသြားေျပာတယ္
ညီမျပန္သိရေတာ့ သူစိတ္ဆိုးတယ္ သူက႐ိုးသားတယ္သူ႔ကိုမစြပ္စြဲနဲ႔တဲ့……
သူ႔ကို လက္ထပ္ၾကဖို႔ေငြစုခိုင္းရင္လဲစိတ္တိုတယ္ သူစုတဲ့ေငြက ညီမတို႔ ၃လေလာက္သုံးရင္ကုန္မွာမို႔တဲ့
သူကေဘာင္မဝင္ဘူးတဲ့ ညီမကေငြကိုအဓိကမက္တာမဟုတ္ဘူး မေတြ႕တာၾကာတဲ့ LDRS ေတလြမ္းၾကသလို
vc ေလးေျပာၾကတာမ်ိဳး ဖုန္းေလးမၾကာခဏဆက္တာမ်ိဳး သတိရေၾကာင္းေျပာတာမ်ိဳးေတြ အခက္အခဲေလးေတေျပာျပတိုင္ပင္တာမ်ိဳး ေႏြးေထြးျပတာမ်ိဳးေတာ့ ရွိေစခ်င္တယ္ေလ …….
သူကရန္ကုန္ကို လာပီးအလုပ္မလုပ္ႏိုင္ဘူးတဲ့
ညီမဘက္ကသူ႔ကိုလက္ထပ္မယ္ဆိုမွ သူလာေနေပးမယ္တဲ့
ညီမနဲ႔တူတူေနပီးမွ စီးပြားေရး တခုခုလုပ္မယ္တဲ့ေလ သူျပန္သြားပီး အခုဆို၅ လၾကာခဲ့ပီး မ်က္ႏွာေလးျမင္ခ်င္လို႔ဆိုပီးေခၚတဲ့ vcမရွိခဲ့သလို
သူအသုံးလိုလို႔ေငြလိုရင္ခ်ိဳသာပီး က်န္တဲ့ခ်ိန္ေတာ့ စာပို႔တာပဲရွိပါတယ္
သူညီမကိုတကယ္မခ်စ္လို႔ စိတ္ဝင္စားမႈအားနည္းတာလားလို႔ေမးလိုက္တိုင္း ညီမကပဲမွားေနသလိုသူေျပာတယ္
သူကတကယ့္အခ်စ္စစ္ ညီမကသူဆင္းရဲလို႔အျပစ္ရွာေနတာတဲ့
ညီမသူ႔ကိုလမ္းခြဲမယ္ ျဖတ္မယ္ေျပာရင္ပဲသူစိတ္ေတတို ေဒါသေတြထြက္ ႀကိမ္းဝါး ၿခိမ္းေျခာက္ေနပါေရာ..
ညီမစိတ္ကသူ႔ကိုနာတာေတြလဲမ်ားသလို ခုထိလဲခ်စ္ေနေသးလို႔ သူ႔ကိုလမ္းခြဲမယ္ေျပာလိုက္တိုင္း
ကိုယ့္အနာဂတ္ေတေပ်ာက္သြားသလို ခံစားရတယ္……
ဘလိုဆက္လုပ္သင့္လဲအႀကံေပးၾကပါဦး……😒