ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၀၉၉

ညီမ အားလုံးဆီကအကြံ ဥာဏ်လေးတွေ ရယူချင်ပါတယ်

ညီမကအခုနိုင်ငံခြား မှာပါ ကောင်လေးမရှိပါဘူး ဒါပေမယ့်

အခု ဟိုငယ်လေးကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းအရင်းကြီးက ရင်ဖွင့်လာခဲ့တာပါ

ညီမကို ချစ်နေကြောင်းပေါ့

ပီးတော့ သူကပြောတယ် လေးလေးနက်နက် ညီမကိုလက်တွဲချင်တဲ့အကြောင်း

စိတ်ချမ်းသာနဲ့ ညီမကိုထားချင်တဲ့အကြောင်း

ပီးတော့ ညီမတို့နှစ်ယောက်က သူငယ်ချင်းသံယောဇဥ်လည်းရှိထားတော့

ချစ်သူဘက်ကူးလို့အဆင်ပြေနိုင်မလား

သူကတော့အရင်ကတည်းကညီမအပေါ် ချစ်နေတာတဲ့

ညီမနဲ့သူငယ်ချင်းသံယောဇဥ်ပြတ်သွားမှာစိုးတာရယ်

ညီမစိတ်ဆိုးသွားမှာစိုးတာရယ်ကြောင့် ဒီအကြောင်းတွေဖွင့်မပြောခဲ့တာတဲ့

ညီမထားသမျှချစ်သူကောင်လေးတွေဆိုလည်း သူသိတယ်

သူကပြောတယ် ဒီရွေးချယ်မှုက နှလုံးသားကော ဦးနှောက်နဲ့ပါ

လေးလေးနက်နက်စဥ်းစားရမှာမို့ သူကအချိန်ပေးပါ့မယ်တဲ့

ငါတို့နှစ်ယောက်အတွက် တကယ်အချိန်ပေးစဥ်းစားရမှာမို့တဲ့

အခုထိတော့ညီမ စိတ်ထဲမှာ သူငယ်ချင်းသံယောဇဥ်ပဲရှိသေးတယ်

အာ့တာဘာဆက်လုပ်ရမလည်း မဝေခွဲတက်တော့လို့အားလုံးရဲ့အကြံဥာဏ်လေးလိုချင်မိတယ်

ညီမအသက်က အခု နှစ်ယောက်လုံး 28ထဲမှာ ဘယ်လိုဆက်လုပ်ရမလည်း စဥ်းစားရဝေခွဲရခက်နေလို့

ငြင်းလိုက်ရင်လည်း သူငယ်ချင်းသံယောဇဥ်ပြတ်သွားမှာစိုးတယ်

မူလတန်းကတည်းက ခင်ခဲ့ကျတာဆိုတော့လေ ကျေးဇူးပြုပီး

ပြီးတော့ ညီမဘက်ကအဖြေပြန်ပေးလိုက်မှ

ငါကစတာ အတည်ထင်နေတာလားလို့အပြောခံလိုက်ရမှာလည်းစိုးတယ်

ဘာလို့လည်းဆိုတော့အရမ်းအစသန်ကျလို့ သူငယ်ချင်းတွေက






















