ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၀၀

အကြံလေးတောင်းချင်လို့ပါ ဘာလုပ်ရမှန်းမသိလို့ပါ တနေကုန် အဲ့စိတ်ကြီးပဲရှိနေလို့ပါ

တစ်ခန်းတည်းအတူတူနေတဲ့ကောင်မလေးက ကျမဆီပြောင်းလာတာ ၆လလောက်ရှိပါပြီ

သူ့အဖေကိုယ်တိုင်လာအပ်သွားတာပါ မလိမ်မာတာရှိဆုံးမသွန်သင်ဖို့ပေါ့

ဘာမှလည်းအမျိုးမတော်ပါဘူး အရင်ကအလုပ်အတူတူလုပ်ခဲ့တဲ့သူငယ်ချင်းမို့

ခုချိန်က ပိုတ်ဆံကလည်းကြပ်တည်းချိန်မို့ အဆောင်တစ်ယောက်တည်းငှါးဖို့သူရောကိုယ်ရောများတော့လက်ခံလိုက်တာပါ

သူ့မှာရည်းစားရှိတာသူ့အဖေအမေအကုန်သိပါတယ် ကောင်လေးမိဘတွေလည်းသိပါတယ်

ကျမနဲ့နေတဲ့၆လမှာကောင်လေးနဲ့ တနင်္ဂနွေ နှစ်ခါပဲလည်ဖူးပါတယ်

ဒါကကျမကိုခွင့်တောင်းပြီးသွားတာပါ ပြီးခဲ့တဲ့လပြည့်နေ့က သူ့အလုပ်ကသူငယ်ချင်းတွေနဲ့ ဘုရားဖူးသွားမလို့တဲ့ဆိုပြီးသွားပါတယ်

ညနေကျ ပြန်မလာပါဘူး ဖုန်းဆက်တော့ သူငယ်ချင်းတွေက ညအိပ်ဆွဲထားလို့ပါတဲ့

သူ့သူငယ်ချင်းတွေကလည်း ကျမ မသိတဲ့သူတွေနဲ့သွားတာတဲ့

အိမ်ကိုပြောppl မေးတော့ ပြောppတဲ့ ကျမလည်းဘာမပြောတော့ဘူးရယ်

နောက်နေ့ညနေမှပြန်လာတယ် ပြန်လာကတည်းက သူ့ပုံစံက မူမမှန်ပါဘူး

တရှောင်ရှောင်လည်းဖြစ်နေတယ် ဒီမနက်မှ သူကအလုပ်သွားတယ်

ကျမကပိတ်လို့အခန်းသန့်ရှင်းရေးလုပ်ရင်းနဲ့ တားဆေးကဒ်တွေ့ပါတယ်

ငါးလုံးထိသောက်ထားpp ကျမ ခုထိ ထူပူနေတာ စိတ်ကထင်နေတာက

အဲ့နေ့ကဘုရားမသွားဘဲ သူ့ဘဲနဲ့အိပ်မိခဲ့လို့များဒီဆေးသောက်တာလား

ကျမဆီရောက်မှခုမှသောက်တာလား ကျမဆီမရောက်ခင်ကတည်ကလား

ဗိုက်ကြီးတာဘာညာဖြစ်လာရင် သူ့အိမ်က ကျမကိုအပ်ထားတော့ ကျမကို အပြစ်တင်မှာလား အတွေးတွေစုံနေတာပါပဲ

ကျမ ဘာလုပ်သင့်လဲ သူ့ကို တိုက်ရိုက် မေးလိုက်ရမလား

သူ့အိမ်ကိုပြောရမလား ဒါမှမဟုတ် ဒီတိုင်းမသိသလိုနေပေးလိုက်ရမလား နေရင်ရော

ဗိုက်ကြီးလာမှာလား ထပ်ခါထပ်ခါသူလုပ်နေမှာလား သူ့ကိုအဆောင်ပြောင်းခိုင်းလိုက်ရမလား

ကျမပဲ ပြောင်းထွက်လိုက်ရမလား ကျမ ရူးချင်နေပါပြီ

တနေကုန်အဲ့စိတ်ကြီးနဲ့ထမင်းမစားနိုင်မအိပ်နိုင်ဘာမလုပ်နိုင်ဖြစ်နေတာပါ

သူကခုလေးခွဲဆ်ုပြန်လာတော့မှာပါ ကျမ ဘယ်လိုလုပ်ရမလဲ အကြံလေးပေးကြပါ























