အမတို့ရေ….အကြံလေးပေးကြပါအုန်းနော် စာအရေးအသားမညီညာခဲ့ရင်ခွင့်လွှတ်ပေးကြပါနော်.
သူ့ကိုတော့ သူလို့ပဲသတ်မှတ်ပြီးရေးလိုက်ပါ့မယ် ညမနဲ့သူနဲ့အိမ်ထောင်သက်တမ်း၃နှစ်ပြည့်တော့မှာပါ
အသက်ကငယ်ငယ်ရွယ်ရွယ်နဲ့ မထင်မှတ်ပဲယူခဲ့မိတာပါ
ညမက၁၀တန်းပါ ညမကသူ့ထက်အစစအရာရာသာနေခဲ့တာပါ
ညမတို့ဘဝကို အပူပင်မရှိဖြတ်သန်းနေရချိန်မှာ သူ့ကတော့အလုပ်လုပ်ကြီးပြင်းနေရတဲ့လူတစ်ယောက်ပါ
ညမသူနဲ့ရည်းစားမဖြစ်သေးခင်ညမမှာညမနဲ့levelတူကောင်လေးတစ်ယောက်နဲ့ချစ်သူဖြစ်ဖူးပါတယ်
ညမကောင်လေးက သိပ်ဂရုမစိုက်တော့ သူကပိုဂရုစိုက်သလို စိတ်ထဲခံစားရပြီး
ဂရုစိုက်မှုနောက်ကိုညမလိုက်သွားခဲ့မိတာပါ
ညမတို့စစယူပြီးချင်းညမအမေအိမ်အနောက်မှာအိမ်ခွဲပြီးနေခဲ့တာပါ
ညမဘာမှမလုပ်တတ်မကိုင်တတ် ဘဝကိုစွန့်ပြီးဘောပင်ကိုင်ခဲ့တဲ့ ညမလက်တွေ ထမင်းဟင်းချက် အဝတ်လျှော်ပွတ်နဲ့
အရင်ကပုံစံနဲ့လုံးဝမတူပဲညမပြုပြင်နေထိုင်ခဲ့ပါတယ်
သူကလဲအလုပ်လုပ်တော့ညမကလဲအသုံးအဖြုန်းမကြီးပဲပိုက်ဆံတွေစုခဲ့တယ်
ညမတို့လက်ထဲမှာပိုက်ဆံမက ရွှေတွေ ဆိုင်ကယ်လေးလဲအတော်အသင့်တစ်စီးဝယ်နိုင်ခဲ့ပါတယ်
ညမကတော့ဘာမှမလုပ်ရပါဘူး သူအလုပ်လုပ်ပြီးစုဆောင်းထားခဲ့တာပါ
သူကတော့ကွမ်းမစား ဆေးလိပ်မသောက် အရက်မသောက်တဲ့လူတစ်ယောက်ပေါ့
အဲ့လို့အလုပ်လဲလုပ်အရက်သေစာလဲမသောက်စားတော့သူများအမြင်ကောင်းလှပြီးပေါ့
ဒါမဲ့သူဟာသူပိုက်ဆံကို ပေးထားပေးမဲ့ဘာသုံးသုံးဘာဝယ်ဝယ်စာရင်းနဲ့ အင်းနဲ့ပြန်တွက်ပြရပါတယ်
စာသာမတတ်တာပါ သူပိုက်ဆံတော့သူသိမှသိပါပဲ
ညမမှာပိုက်ဆံတွေရှိနေပေမဲ့ သူသိမှသုံးရတာပါသုံးစွဲသမျှအကုန်ပြောပြရတာပါ
တစ်ခါတစ်လေပြောပြ တွက်ပြနေရတာကိုးငြီးငွေ့ပြီး တမင်မပြောပြချင်လို့မပြောပြရင် ဟိုလူကိုပေးနိုးနိုးဒီလူ့ကိုပေးနိုးနိုးသူထင်ပါတယ်
အပေါင်းသင်းတွေနဲ့လဲ သူရှိချိန်ဆိုဘယ်မှသွားမရပါဘူး
သဝန်လဲအရမ်းတိုပါတယ် ကုန်ကုန်ပြောရရင်တော့ညမအမေအိမ်အရှေ့နဲ့အနောက်တောင်နည်းနည်းကြာသွားရင် သူနဲ့စကားများရပါပြီ
ညမကလဲအဲ့တုန်းငယ်သေးတော့ သည်းခံစိတ်မရှိ ကိုဘက်မှာနေတာဆိုတော့သူကတိုးတိုးဆိူကိုယ်ကကျယ်ကျယ်လုပ်ပြီးစကားများတိုင်းမောင်းချမိပါတယ်
သူ့မိဘတွေကို ဖုန်းဆက်ပြီးလာပြန်ခေါ်သွားလို့အမြဲပြောပါတယ်
စကားများရင် နှစ်ယောက်သားရိုက်ကြပုပ်ကြပါ
ညမကအရင်လုပ်လို့ပါညမကပြောမယ်ဆိုမိဘအားကိုးရှိလို့ဆိုးသလိုဖြစ်ပေမဲ့ ညမမိဘတွေကအဲ့လိူမဟုတ်ပါဘူး
တရားမျှမျှတတနဲ့အမြဲဆုံးမပါတယ် ညမလွန်တယ်ပဲအမြဲသူ့အရှေ့မှာပြောပါတယ်
သူ့ကညမတို့ကိုးအားကိုးနေရတော့သူ့မျက်နှာငယ်မှာဆိုးလို့တဲ့
အဲ့လိုနဲ့ သူကဟိုမသွားနဲ့ပိုက်ဆံစစ်တဲ့နေ့ဆိုအမြဲရန်ဖြစ်ကြပါတယ်
သူကအမေဘာမှမပြောမှန်းသိတော့အမေရှေ့မှာတောင်ဝင်ထိုးပါတယ် ညမလဲပြန်လုပ်ပါတယ်
ဒါမဲ့ယောက်ကျားနဲ့မိန်းမဆိုတော့လဲ …ညမကညမအမကို တိုင်တော့ညမအမကမယူနဲ့တော့လာလိုက်လို့အမြဲခေါ်ပါတယ်
အမေတားထားလို့တာမြဲနေတာပါ့ သူကစည်းကမ်းရှိသလား ကပ်စီးနည်းသလားတော့မသိပါဘူး
သူ့စားချင်တာတောင်မစားပဲ ညမကိုးဦးစားပေးပါတယ်
သူ့အလုပ်ကရလာတဲ့ပိုက်ဆံလဲအကုန်ပေးပါတယ် တစ်ရာတောင်သူ့မယူထားပါဘူး
ပြီးမှသုံးစရာရှိမှပြန်ယူသုံးတဲ့လူပါ ညမနဲ့သူနဲ့တူတူသွားပြီးကြိုက်တာစားသောက် ကြိုက်တာဝယ် ဝယ်လို့ရပါတယ်
သူအလုပ်သွားတဲ့ချိန်သူမသိပဲဝယ်တာသုံးထားတာရှိရင် ပြန်ပြောပြပြန်တွက်ပြရတာပါ
ရန်ဖြစ်တိုင်းသူလက်အမြဲပါတယ် ရန်ဖြစ်ပြီး၁၀မိနစ်လောက်ဆိုပြန်ခေါ်ပါပြီ
ညမကဘယ်တော့မှအရင်မခေါ်ပြောရပါဘူး
သူစကားပြန်ပြောပြီးသူ့စိတ်မထိန်းနိုင်လို့ပါ
ဘယ်နားနာသွားလဲဘာညာပြန်ပြောပါတယ် ညမကတော့ ညမလက်ပါတိုင်းအမြဲစိတ်နာမိပါတယ်
ညမအမကိုးညမပြောပြတော့ညမအမကအမေမသိပဲခိုးလာလိုက်အမဆီကိုးပြောလိ့ုညမအမေကိုးတောင်အသိမပေးပဲခိုးထွက်လာတာခရီးတစ်ဝက်အရောက်မှာအမေသိပြီးအမေကပြန်ခေါ်
သူ့မိဘကတွေကပြန်တောင်းပန်ပြီးပြန်ခေါ်နဲ့ညမအိမ်ကို ပြန်ရောက်ခဲ့ပါတယ်
ညမကညမကိုလက်ပါတိုင်းထွက်သွားဖို့အမြဲစဉ်းစားနေတာပါ
အမေကတော့သွားမယ်တူတူ သွားပြီးသွားလုပ်စားကြတဲ့ အမေကသူကိုးသဘောတူလို့တော့မဟုတ်ပါဘူးကို့ကြောင်လူတစ်ယောက်ဘဝပျက်မှာရယ်
ညမကို ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ခုလပ်ဖြစ်မယ်ကြောင့်ရယ်ပါ
အဲ့လိုပဲညမတို့ရန်ဖြစ်လိုက်သွားမယ်လုပ်လိုက်နဲ့နေခဲ့တာ၃နှစ်ပြည့်တော့မှာပါ
အခုကအမခေါ်လို့ထိုင်းကိုးနှစ်ယောက်လုံးရောက်လာပါပြီ အခန်းသီးသန့်ငှားနေတာပါ
သူကညမမိဘမောင်နှမတွေနဲ့လဲမေးတစ်ခွန်းခေါ်တစ်ခွန်းပါပဲ
အသွားအလာလဲမလုပ်ပါဘူး အဲ့တာကို ညမမကြိုက်တာပါ
အခုကထိုင်းရောက်ပြီးဆိုတော့အမေနားမှာ ကပ်မမေနရတော့ဘူး ညမကအလုပ်မရသေးဘူးသူကတော့အလုပ်ရပြီးဆိုတော့ဆက်ဆံတာနည်းနည်းမာကျောလာပါတယ်
ညမလဲ အမေညမအနားမှာမရှိတော့ဘာမှမပြောရဲတော့ပါဘူး သူကရန်ဖြစ်ရင်ဆဲပါတယ်
အခုချိန်ထိညမကိုးရန်ဖြစ်တိုင်းလက်ပါပါတယ်
သူ့အလုပ်ကပိုက်ဆံထွက်ရင်တော့ ညမဘာစားချင်လဲအကုန်ဝယ်ကျွေးပါတယ်
ညမသူ့အနားကထွက်သွားရမလားဆုံးဖြတ်ပေးပါနော် စာရှည်သွားတဲ့တွက်တောင်းပန်ပါတယ်
ညမကလဲအဲ့တုန်းငယ်သေးတော့ သည်းခံစိတ်မရှိ ကိုဘက်မှာနေတာဆိုတော့သူကတိုးတိုးဆိုကိုယ်ကကျယ်ကျယ်လုပ်ပြီးစကားများတိုင်းမောင်းချမိပါတယ်
ညမကအရင်လုပ်လို့ပါညမကပြောမယ်ဆိုမိဘအားကိုးရှိလို့ဆိုးသလိုဖြစ်ပေမဲ့ ညမမိဘတွေကအဲ့လိုမဟုတ်ပါဘူး
ညမအမကိုးညမပြောပြတော့ညမအမကအမေမသိပဲခိုးလာလိုက်အမဆီကိုးပြောလို့ညမအမေကိုးတောင်အသိမပေးပဲခိုးထွက်လာတာခရီးတစ်ဝက်အရောက်မှာအမေသိပြီးအမေကပြန်ခေါ်