ညီမနဲ့ညီမကောင်လေးက 2019 မှာကျောင်းတက်ရင်းသူ့ဘက်ကစလိုက်ခဲ့တာပါ
သူ့ပုံစံကတစ်ခြားယောကျာ်းတွေနဲ့မတူလို့စိတ်ဝင်စားခဲ့ပါ
အဖြေလဲပေးပီ တွဲခဲ့ကြပါတယ် မကြာပါဘူး၂ လ ကျော်လောက်ရောက်တော့
သူ့အရင်ကောင်မလေးကို မမေ့နိုင်သေးဘူးဆိုတဲ့ သတင်းတွေကြားတော့ ညီမအလဲလဲပြိုကျခဲ့ပီးလမ်းခွဲခဲ့ပါတယ်
သူနဲ့ညီမနဲ့ကမြို့မတူပါဘူး သူ့ဆီလမ်းမခွဲခင်သွားတွေ့ပါသေးတယ်
လမ်းခွဲတော့လဲရင်နင့်နေအောင်စကားတွေပြောဆိုပြီးလမ်းခွဲခံခဲ့ရတာပါ
ဒီကြားထဲအဆက်သွယ်ရလိုက် မရလိုက်နဲ့ ပြန်တွဲတာလဲမဟူတ်
ရည်းစားလဲမဟုတ်နဲ့ အခြေနေနဲ့ရှေ့ဆက်ပြန်ပါသေးတယ်
လုံးဝအဆင်မပြေတော့ ညီမတို့လုံးဝအဆက်သွယ်မလုပ်ဘဲနေခဲ့ကြပါတယ်
ညီမသူ့ကိုလုံးဝမေ့မရခဲ့ပါဘူး ဘဝထပ်ကိုပိုချစ်ခဲ့တာပါ
အဲ့နောက်မှာညီမကောင်လေးထပ်ထားခဲ့ပါတယ် ကံအဆိုးဆုံးလို့တောင်ပြောရပါတယ်
တစ်နှစ်တာကာလအတွင်းတစ်ရက်မှစိတ်မချမ်းသာခဲ့ရပါဘူး
နောက်ဆုံးညီမလက်လွှတ်ခဲ့ပြန်ပါတယ် အ့အချိန်မှာ သူနဲ့အဆက်သွယ်ပြန်ရပါတယ်
သူ့ကိုလွမ်းလား သတိရလားနဲ့ ညီမကလဲသူ့ဆိုအသေချစ်တာကို လွမ်းတာပေါ့ ရူးရူးမိုက်မိုက်နဲ့ကိုပြန်တွဲခဲ့ပါတယ်
သူအရင်တစ်ခေါက်နဲ့မတူဘဲ ညီမအပေါ်တအားကောင်းပေးခဲ့ပါတယ် ညီမကိုသူယူမယ်
သူပြည့်စုံရင်သူယူမယ် သူဂျပန်သင်တန်းတက်နေတာမလို့ ခနစောင့်ပေးနိုင်ရင်စောင့်ပေးပါတဲ့လေ
သူ့မိဘတွေကလဲသူ့ကို ရည်းစားထားပီးဘဝတွက်အေးဆေးလေးဖစ်စေချင်ခဲ့တာတဲ့လေ
ညီမနဲ့ vcallတွေပြော အရာရာအဆင်ပြေခဲ့တာပါ အ့လိုနဲ့ညီမသူ့ဆီထပ်သွားခဲ့ပါတယ်
အတူနေဖစ်ခဲ့ကြပါတယ် လိုလိုလားလားနဲ့ကို့သူ့သူငယ်ချင်းတွေ နီးစပ်ရာ လူကြီးတွေနဲ့ပေးသိခဲ့ပါတယ်
ဘဝကြီးကတစ်ကယ်ကိုသာယာနေခဲ့တာပါ
သူ့ဆီကအပြန် တစ်လမပြည့်သေးခင်ဟိုရက်ကပဲလမ်းခွဲခံလိုက်ရပါတယ်
မချစ်ဘူးတဲ့ညီမကို သူညီမအပေါ်လုံးဝမချစ်ဘူးတဲ့ သူ့စိတ်ကအမျိုးမျိုးပြောင်းနေတာတဲ့
သူအစကတည်းကလဲ ကြိုပြောထားတယ်လေတဲ့ ကံပါသလောက် ရေစက်ရှိသလောက်အတူနေကြမယ်ပြောပီး
လပိုင်းတောင်မရှိသေးခင်မှာဘဲ မချစ်ဘူး လုံးဝမချစ်ခဲ့ဘူးဆိုပြီးလမ်းခွဲသွားပါတယ်
period မဖစ်တော့ စစ်ကြည့်မလို့ဆိုပြီးသူ့ကိုသွားပြောတော့ သေချာစစ်ကြည့်ပါတဲ့
ဆေးသောက်ထားလို့ မလာသေးတာလဲဖစ်နိုင်ပါတယ်တဲ့လေ
ကလေးရခဲ့ရင်နင်ဘာလုပ်မလဲမေးတော့ သူကတော့ မယူစေချင်ဘူး
သူကိုယ်တိုင်လာပီး phyat ချပေးမယ်တဲ့လေ ညီမအရူးတစ်ပိုင်းပါပဲ
ချစ်ခဲ့တဲ့အချိန်တွေ သံယောဇဥ်တွေဘယ်ရောက်ကုန်တာလဲ
မသိရင်ခုပဲယူတော့မယ်ပုံနဲ့ ကလေးရရင်တောင်သူကမယူချင်ဘူးတဲ့လေ
ညီမလေရင်တွေနာလွန်းလို့ သေပါသေလိုက်ချင်တော့တယ်
ညီမအသိုင်းဝိုင်းကအားလုံးသိပါတယ်အတူနေတာကို
အ့တာတောင် ငါ့မှာရင်ဆိုင်စရာတွေအများကြီးပဲ ငါဘယ်အင်အားနဲ့ရင်ဆိုင်ရမှာလဲမေးတော့ ဒါကသဘာဝတွေတဲ့လေ
ညီမချစ်ခဲ့တာ ခုလိုပစ်ချခံရဖို့မှမဟုတ်တာ သူလူစိတ်ရောရှိရဲ့လားတောင်မသိပါဘူး
သူပြောနေကြစကားက သူကမိကောင်းဖခင်သားသမီးပါတဲ့လေ
ညီမလဲအသိုင်းအဝိုင်းနဲ့မျက်နှာဘယ်သွားထားရမလဲ ညီမဘက်ကိုမတွေးပေးဘူး
တစ်ကိုယ်ကောင်းဆန်ပီး ဘဝထဲကအပီးတိုင်ထွက်သွားပါပီ
ညီမအပေါ်ကိုမချစ်ဘူး မချစ်ခဲ့ဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ ရက်စက်သွားတာပါ
မနာကြည်းနိုင်ဘဲ ပြန်လာဖို့ကိုစောင့်နေတဲ့ကိုယ့်ကို ကိုလဲအသေမုန်းပါတယ်
အ့လိုမဖစ်ချင်ပါဘူး သူနဲ့ပဲအတူနေပီး သူနဲ့ပဲဘဝကိုကုန်ဆုံးချင်တာပါ
ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး သိတဲ့သူတွေကတော့ပြောပါတယ်
နင် tay လေတဲ့အ့လောက်စွဲလန်းနေရင် tay လိုက်တဲ့
ဟိုကမချစ်လို့ပစ်သွားတာကိုနင်မလို့ချစ်တယ်ပြောနေသေးတယ်တဲ့လေ