ကျွန်မနဲ့ကျွန်မယောက်ကျားအိမ်ထောင်သက်9နှစ်ရှိပါပြီ
ကျွန်မတို့တခါမှအကြီးအကျယ်ရန်မဖြစ်ဘူးပါဘူး
ယောက်ကျားကအနေလဲအရမ်းအေးပါတယ် အေးလွန်းတော့အလုပ်မှာဒီလောက်အေးနေရင်ဆိုပီး တခါတလေမချင့်မရဲတောင်ဖြစ်မိပါတယ်
အလုပ်မှာလူကြီးလဲချစ်ပါတယ် အခုအပေါင်းအသင်းလေးလဲစုံလာပီး ကျွန်မမသိဘဲktvသွားပါတယ်
သူပြောတာတော့1ခါလို့ပြောပါတယ်ktvသွားတာ(မယုံပါဘူး)
နောက်ပီးktvကကောင်မလေးနဲ့ဖုန်းပြောထားတဲ့အသံဖိုင်ကိုကျွန်မသိသွားပါတယ်
မိနစ်လေးဆယ်လောက်ကြာပါတယ် အဆုံးထိတောင် နားမထောင်နိုင်ဘဲ သူ့ကိုနှိုးပီးတော့ကျွန်မသောင်းကျန်းပါတယ်
သူကအာ့ကျမှဖုန်းကိုအတင်းလုပါတယ် သူမှားပါတယ်ဘာမှမဟုတ်ပါဘူးပေါ့ တညလုံးကျွန်မသောင်းကျန်းပါတယ်
သူကတော့ သူ့ကိုသူခေါင်းတေထုပီးကျွန်မတို့သားအမိသူ့ကိုမထားခဲ့ဖို့ပြောပါတယ်
ကျွန်မတို့မရှိရင် သူမဖြစ်ဘူးပြောပါတယ်
သူတို့ပြောထားတဲ့အသံဖိုင်ကိုဖွသ့်ဖို့ကြိုးစားတိုင်းအတင်းလုပါတယ် သူ့ရှေ့မှာမဖွင့်ပါနဲ့
သူရှက်လို့ပါဆိုပီးတညလုံးငိုပီးတောင်းပန်ပါတယ်
တခါဘဲပြောမိတာပါနောက်ဆိုကျွန်မမကြိုက်တာဘာမှမလုပ်တော့ပါဘူးဆိုပီးတော့ မနက်ကျktvကကောင်မလေးကိုကျွန်မဖုန်းဆက်ပါတယ်
ကောင်မလေးကတော့ဘယ်သူလဲသိပ်မမှတ်မိဘူးပေါ့ သူ့ဆီကိုဒီလိုဘဲဆက်ကြတယ် သူကလဲအလုပ်သဘောအရပြန်ပြောရတာပါဆိုပီး
ထားပါတော့ ကျွန်မသူများကိုအပြစ်မတင်ပါဘူး
ကျွန်မ ယောက်ကျားကိုကျွန်မအာ့လိုကိတ်စတေမှာအပြည့်အဝယူံကြည်ထားတာပါ
ဘယ်လိုမှမေ့လို့မရဘူးဖြစ်နေတယ်ခွင့်လွတ်ပေးလို့မရဘူးဖြစ်နေတယ်
ညတိုင်းနေ့တိုင်းသူ့ကိုအကြောင်းနဲ့ပတ်သက်ပြီး သူနာအောင်အမြဲပြောပါတယ်
ယုံကြည်မှု့ကိုလုပ်ရက်လေခြင်းဆိုပီးအိမ်ထောင်ရေး phout pyan တယ်ခြံခုန်တယ်အစုံပါဘဲ
အာ့လိုပြောတိုင်းသူငိုပါတယ် ကျွန်မကိုသူရှက်ပါတယ်မျက်နှာပူပါတယ်တဲ့
ကျွန်မသူ့ကိုမကွာပါဘူးဒါပေမယ့်ကျွန်မတွေးတိုင်း သူ့ကိုမုန်းတယ်
ကျွန်မလဲအရှင်လတ်လတ်ငရဲကျနေသလိုပါဘဲ
လုပ်ရက်လေခြင်းဆိုပီး ကျွနမဘာဆက်လုပ်ရမလဲသားလေးတယောက်ရှိပါတယ်
သူကတော့ကတိတေအထပ်ထပ်ပေးပါတယ် ကျွန်မမယုံတော့ပါဘူး
သူ့ဖုန်းကအသံဖိုင်ကိူကျွန်မအမြဲနားထောင်နေကြပါ
အဲ့ဒါလဲသူ့ကိုမယုံလို့မဟုတ်ပါဘူး သူအလုပ်မှာအဆင်ပြေလားမပြေလား သူကစိတ်ညစ်စရာဆိုကျွန်မကိုမပြောပြတတ်လို့ နားထောင်တာပါ
သူကအာ့ကောင်မလေးနာမည်ကိုလဲဖုန်းမှာတခြားယောကိကျားလေးနာမည်ရေးထားတာပါ
ကျွန်မသာမသိခဲ့ရင် သူရှေ့ဆက်မှာပါဆိုတဲ့ အတွေးဝင်တိုငိးသူ့ကိုနာကြည်းနေပါတယ်
ကျွန်မကိုယ်တိုင်ပူလောင်နေရပါတယ်ကျွန်မဘာဆက်လုပ်ရမလဲ
အားလုံးညီမအစ်မတေအကြံလေးပေးကြပါအုံးရျင်
အာ့လိုတေပြောတိုင်း သူကသူ့ကိုယ်သူ thet tay ပေးရမလားပြောပါတယ် သူ့အာ့လိုလုပ်ရင်ကျွန်မစိတ်တေပြေနိုင်လားလို့မေးပါတယ်
နင် tay လဲငါရဲ့အတွေးစိတ်ကပျောက်မှာမဟုတ့်ဘူးလို့ပြောလိုက်ပါတယ်
သားလေးတယောက်ရှိပါတယ်သားလေးကလေးနှစ်ပါသူ့သားကိုတော့တုန်နေအောင်သူချစ်ပါတယ်
ကျွန်မလည်းနေ့တိုင်းသတိရတိုင်းသူ့ကိုအာ့အကြောင်းပြောပါတယ်
သူ့ကိုတမြေ့မြေ့နဲစကားနဲ့ thet မှာလို့ပြောထားပါတယ် နင်အောင်မြင်ပါတယ်တဲ့
သူ့မှာကျွန်မအာ့လိုပြောတိုင်းနာကျင်ရပါတယ်တဲ့
ကျွန်မဘာဆက်လုပ်ရလဲရှင် အစကသားမိသားဖသုံးယောက်အရမ်းပျော်စရာကောင်းပါတယ်
ခုတော့သူ့ကိုမြင်လဲဒီအကြောင်းမမြင်ရလဲဒီအကြောင်းဘဲတွေးနေပါတယ်
သူ့ဖုန်းကအသံဖိုင်ကိုကျွန်မအမြဲနားထောင်နေကြပါ