Please. အကြံပေးဖို့တောင်းဆိုပါတယ်နော်.
ညီမကအသက်၂၇ ရှိပါပီ
အရင်က ၃ နှစ်ကျော်က ညီမတွဲခဲ့ဘူးတဲ့ကောင်လေးရှိပါတယ် သဘောထားမတိုက်ဆိုင်လို့လမ်းခွဲခဲ့ကြပီးပါတယ်
သူကနိုင်ငံခြားသွားခဲ့တော့လမ်းခွဲခဲ့ကြတာပါ သူလဲအခုကောင်မလေးရှိပါတယ်
ညီမလဲသူနဲ့ပြတ်ပီးနောက်ပိုင်ရည်းစားထပ်ထားပေမဲ့ ညီမကအခုလက်ရှိ single ပါ.
ဖြစ်တဲ့အကြောင်းအရာက အဲ့လွန်ခဲ့တဲ့၃နှစ်လောက်တွဲခဲ့တဲ့ကောင်လေးနဲ့ညီမက တရွာထဲအတူတူတွေပါ
အခု သူ့အမေကရုပ်တရက်ဆုံးသွားပါတယ် သူနဲ့ပြတ်သွားပေမဲ့သူ့အိမ်ကမိသားစုနဲ့ကအခင်မင်မပြတ်ပါဘူး
သူ့အမေဆိုလဲညီမကိုအရမ်းချစ်ပါတယ် အခုဖြစ်တာကသူ့အမေဆုံးတော့ သူ့အဖေနဲ့သူ့ညီမလေးနဲ့ကျန်ခဲ့တာပါ
သူ့အဖေကမျက်စိသိပ်မကောင်းတော့သိပ်မမြင်ရပါဘူး သူ့ညီမလေးကအခုမှ ၇ တန်းပါ
သူ့အမေဆုံးလို့ဆိုပီး နိုင်ငံခြားကခွင့် ၁ လို့ သူပြန်လာပါတယ် အဲ့အချိန်မှာ ကျမတို့စကားပြောဖြစ်ကြပါတယ်
သူကကျမကိုပြောပါတယ် သူ့အမေမရှိတော့သူ့အဖေနဲ့ညီမလေးကိုစိတ်မချလို့ ညီမကိုကြည့်ပေးဖို့ပြောပါတယ်
ညီမသဘောတူတယ်ဆိုရင် သူက တစ်လခွင့်မကုန်ခင် ကျမကိုကျမအိမ်ကနေလာတင်တောင်းထားခဲ့မယ်
ေစ့စပ်ကြောင်းလမ်းခဲ့မယ် ပီးရင်သူကနိုင်ငံခြားပြန်ထွက်ပီးပိုက်ဆံရှာမယ်ပိုက်ဆံပို့ပေးမယ်
ပိုက်ဆံကိုလဲသူ့အဖေနဲ့သူ့ညီမလေးမကိုင်ဘဲညီမကိုကိုင်ပေးဖို့ပြောပါတယ် သူပိုက်ဆံရှာပီးစုပီးရင် သူပြန်လာရင် လက်ထပ်မယ်လို့ပြောပါတယ်
အခုဖြစ်နေတာက သူ့ညီမနဲ့အဖေကိုကြည့်ပေးဖို့လူမရှိဘူးဖြစ်နေတာတကြောင်း သူ့အမေပြောထားတဲ့စကားကြောင့်လဲ ညီမကိုသူနဲ့လက်ထပ်ဖို့ပြောပါတယ် လက်ခံပေးဖို့ပြောပါတယ်
ညီမလဲ ခုနောက်တစ်ဘွဲ့အတွက်ကျောင်းဆက်တတ်နေပါတယ် ပီးတော့ နိုင်ငံခြားလဲထွက်ပီး ကို့ဘဝတတ်လမ်းလဲရှာချင်ပါသေးတယ်
ဒါပေမဲ့ ကျမကိုအဲ့လိုအကူညီတောင်းနေတော့ သူ့မိသားစုကိုလဲ မပစ်ထားရက်ဘူးဖြစ်နေပါတယ်
ဘယ်တစ်ခုကိုရွေးချယ်ရလဲ စဥ်းစားပေးကြပါနော်
ကျမနိုင်ငံခြားထွက်ပီးကို့ဘဝတိုးတတ်ကြောင်းရှာရမလား
သူ့အိမ်မှာနေပေးပီး သူပြောသလိုလုပ်ပေးရမလား
သူ့အိမ်မှာနေတယိဆိုပေမဲ့သူကကြိုက်တဲ့သင်တန်းတတ်ခွင့်ပေးပါတယ်ညီမဘဲအကုန်စီမံရမာပါ သူ့အိမ်မှာလဲ
အဲ့၂ ခုထဲက တစ်ခုကိုရွေးချယ်ဖို့ အခက်တွေ့နေပါတယ် ကူညီပေးကြပါနော်
(သူ့မှာကောင်မလေးရှိတယ် ဆိုပေမဲ့ သူက ညီမသူပြောသလိုသဘောတူရင် သူကသူ့ကောင်မလေးကိုဖြတ်ပီ
းဒီအစီစဥ်ကိုလုပ်မယ်ဆိုပီးပြောတာပါ ညီမကသူ့မိသားစုကိုကူညီချင်ပါတယ်
သူကသူ့ကောင်မလေးကိုဖြတ်ပီးညီမနဲ့လက်ထပ်မယ်တွေအိမ်ကိုတောင်းထားခဲ့မယ်တွေပြောတာကိုတော့ လက်မခံချင်ဘူး)
အကြံပေးပေးကြပါ
သူ့မိသားစုကိုဘယ်လိုကူညီနိုင်ပီး ကျမဘဝကိုလဲဘယ်လိုဆက်လျောက်ရမလဲ စဥ်းစားပေးကြပါ please
ညီမကအသက်၂၇ ရှိပါပီ
စေ့စပ်ကြောင်းလမ်းခဲ့မယ် ပီးရင်သူကနိုင်ငံခြားပြန်ထွက်ပီးပိုက်ဆံရှာမယ်ပိုက်ဆံပို့ပေးမယ်
အကြံပေးပေးကြပါ