ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၀၆

မင်မင်ရေရင်ဖွင့်ချင်လို့ပါ ရည်းစားသက်တမ်းက7လပဲရှိပါသေးတယ်

သူရောညီမရောအသက်20ကျော်တွေပါ

သူကတစ်ဦးတည်းသောသားဆိုတော့အိမ်ကလုပ်တဲ့အလုပ်မှန်သမျှ သူလုပ်ကတယ်လို့ပြောပါတယ်

ညီမနဲ့သူနဲ့ကရန်ကုန်ကပါပဲ တစ်မြို့နယ်လေးပဲကွာတာပါ

ဒါကိုသူက တစ်လမှတစ်ခေါက်ပဲလာတွေ့နိုင်ပါတယ်

သူမအားဘူးဆိုတဲ့အကြောင်းပြချက်တွေပဲပြောပါတယ်

ညီမဘက်ကို အဆင်ပြေလားတစ်ခါမှမမေးဖူးပါဘူး

အမြဲတစ်နေ့ကို မနက်ပိုင်းph2ခါခေါ်ပါတယ် 2မိနစ်3မိနစ်လောက်ပဲပြောကတာပါ

ညဘက်ဆိုလည်း1နာရီလောက်ပဲပြောကတာပါ

မိန်းမကိစ္စနဲ့အခြားအသောက်စားကတော့စိတ်ချကပါတယ်

သူလဲညီမနဲ့dateတဲ့တစ်နေ့ပဲ အပြင်ထွက်တာပါ ဒါပေမယ့်သူ ညီမကိုအချိန်မပေးနိုင်ဘူး

သူ့မိဘတွေကိုယ်ပဲဦးစားပေးပြီး ညီမရဲ့ခံစားချက်ကိုတစ်ချက်မှလှည့်မကြည့်ဘူး

ညီမရှေ့ဆက်သင့်လား စဉ်းစားမရဖြစ်နေလို့

လူငယ်သဘာဝရည်းစားထားပြီးတီတီတာတာနေချင်လျှောက်သွားလျှောက်လည်ချင်ပေမယ့်

သူကအဲ့လိုပျော်ရွှင်မှုမျိုးမပေးနိုင်ဘူး ညီမအမြဲတမ်းအဖော်မဲ့အထီးကျန်နေသလိုခံစားနေရလို့














