ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၀၇

ဆုံးဖြတ်ရခတ်နေလို့ ဒီpageထဲကလူတွေကို အကူညီတောင်းမိတာပါ ကျွန်တော်ကboyပါ

ကျွန်တော်ရည်းစားမဟုတ်သေးပဲ သူငယ်ချင်းနဲ့ သူ့ရဲ့birthdayမှာ အတူသောက်စားပျော်ပါးရင်းနဲ့ အတူနေမိသွားခဲ့တယ်

အ့လိုနဲ့ပဲကျွန်တော်လည်းကျွန်တော်အမှားကိုတာဝန်ယူရမယ်ဆိုတဲ့စိတ်နဲ့ တွဲဖစ်ခဲ့ကြတယ်

သူလည်းချစ်တယ်မပြောခဲ့ဖူးဘူး ကျွန်တော်လည်း ချစ်တယ်မပြောခဲ့ဖူးဘူး ဒါမဲ့တွဲလာခဲ့ကြတယ်

၃ လလောက်ကြာတော့ သူငယ်ချင်းတယောက်ကကျွန်တော်ကိုလာပြောပြခဲ့တယ်

မင်းခုတွဲနေတဲ့ကောင်မလေးက အရင်သူ့exနဲ့ အလွန်ကျူးဖျက်ချထားတဲ့အခြေနေထိဖစ်ခဲ့ကြတယ်ဆိုတာကိုပဲ

ကျွန်တော်လည်းနောက်နေ့ သူ့ကိုပွင့်ပွင့်လင်းလင်းမေးတော့သူလည်းဝန်ခံခဲ့တယ်

လူပဲအမှားရှိမယ်ဆိုတာတော့လက်ခံပါတယ် phyat ချလောက်တဲ့ထိဆိုရင်တော့ အဆင်မပြေတော့ဘူးပေါ့

ခတ်တာကချစ်လို့ကြိုက်လို့တွဲခဲ့ကြတာမဟုတော့ ကြာလာတော့ကိုယ်မချစ်မနှစ်သက်တဲ့လူရဲ့အနားမှာနေရတာ အရမ်းငြီးငွေ့လာတယ်

ပီးတော့အ့အရာကြီးကိုနားလည်ပေးလို့လည်းမရခဲ့ဘူး

အ့လိုနဲ့ကျွန်တော်နဲ့ ၂၀၁၉ လောက်တည်းကခင်လာတဲ့အမတယောက်နဲ့ စကားပြောရင်းနဲ့သူ့အပေါ်ချစ်မြတ်နိုးမိလာတယ်

ခင်လာခဲ့စကားပြောလာတဲ့အချိန်အကြာကြီးရဲ့သံယောစဥ်နဲ့ဆိုတော့ပိုပီးအချစ်တွေခိုင်မာလာခဲ့တယ်

ဖွင်ပြောပီး14.8.2022မှာချစ်သူတွေဖစ်ခဲ့ကြတယ်

မကြာဘူး တွဲနေတဲ့လူရှိမှန်းသိသွားပီးပြဿနာတွေဖစ်ကြတယ် ကျွန်တော်လိမ်ပီးလမ်းခွဲလိုက်ပါပီပြောပီး ကျွန်တော်တို့ပြန်အဆင်ပြေခဲ့ကြတယ်

သူနဲ့ဖုန်းပြော ညအိပ်ရင်တောင်vcခေါ်ပီးအိပ်ကြတာပါ

ဟိုတယောက်နဲ့ခေါ်လာမှ ဖုန်းပြောတယ်ပြောလည်း အလွန်ဆုံး၅မိနစ်ပါပဲ

ခုဟိုတယောက်နဲ့မပြတ်သေးမှန်းသိသွားတော့ကျွန်တော်ကိုလမ်းခွဲသွားတယ်

ဒါမဲ့ကျွန်တော်သူ့ကိုပဲချစ်တယ် သူနဲ့မခွဲနိူင်ဘူး ဟိုတယောက်စီကလည်းကျွန်တော်ရုံးထွက်လို့မရဘူးဖစ်နေတယ်

ကျွန်တော်ဘာလုပ်ရမှန်းမသိတော့လို့ ရင်ဖွင့်လိုက်တာပါ

ကိုယ်မချစ်တဲ့လူရဲ့အနားမှာပဲတသက်လုံးနေသွားရတော့မှာလား

ကိုယ်ချစ်တဲ့လူကိုပဲရွေးချယ်ရမလား မသိတော့ဘူး ကိုယ်ချစ်တဲ့လူကိုရွေးချယ်ရင်လည်းကိုယ်ကလူမဆန်ရာကြမယ်

ပီးတော့ကိုယ့်ပေါ်မှာလည်းကောင်းနေတော့ ပြောရမှာပြောမထွက်ပြန်ဘူး

လူမဆန်တာမျိုးဖစ်မှာကြောက်လို့ရွေးချယ်ရင်လည်းကိုယ်ချစ်တဲ့လူကိုဆုံးရှုံးရမယ် ကျွန်တော်တကယ်ဆုံးဖြတ်ခတ်တယ်ဗျာ

ကျွန်တော်ဘာလုပ်သင့်လည်းအကြံဉာဏ်ပေးကြပါဦးနော်

သြော်မေ့သွားလို့ ကျွန်တော်တကယ်ချစ်တဲ့လူနဲ့တနှစ်ပြည့်ရင်ယူကြမယ် တနှစ်ပြည့်လို့ပြန်လာတဲ့ထိစောင့်မယ်လို့ဆုံးဖြတ်ထားတာပါ

စာရှည်သွားတဲ့တွက်တောင်းပန်ပါတယ်ခမျာ

ပြည့်စုံအောင်ရေးမှအဆင်ပြေမှာမို့ပါ


















ဒါမဲ့ကျွန်တော်သူ့ကိုပဲချစ်တယ် သူနဲ့မခွဲနိုင်ဘူး ဟိုတယောက်စီကလည်းကျွန်တော်ရုံးထွက်လို့မရဘူးဖစ်နေတယ်








