ရင်ဖွင့်စာ ၀၈၉မှ အကျိုးအကြောင်းများ
ကျွန်မမှာ ရည်းစားဘဝ (၃)နှစ်လုံး ကျွန်မ ယောကျာ်း အပေါ် သစ္စာရှိရှိ ချစ်ခဲ့ပါတယ်
ရည်းစားဘဝ (၃)နှစ်က LDRSဘဝနဲ့ပါ
ညီမ သူ့အပေါ် တစ်ခါမှ သစ္စာ မပျက်ခဲ့ပါဘူး
ဘယ်လိုလူမျိုးကဘဲ ကျွန်မအပေါ် စိတ်ဝင်စားခဲ့ပါစေ ကျွန်မမှာ သူရှိတယ်လို့ အမြဲတမ်း ဂုဏ်ယူဝင့်ကြွားစွာ ငြင်းဆိုခဲ့ပါတယ်
သူ့ကို(ကျွန်မယောကျာ်း) ကျွန်မ ဘယ်လောက်ထိ ချစ်တဲ့ အကြောင်းတွေ ပြောပြီး လူတိုင်းကို ငြင်းခဲ့တာပါ
ကျွန်မ သူ့အပေါ် ဘယ်လောက်ထိ သစ္စာရှိခဲ့လဲဆို တစ်ခြားလူတွေ စကားလာပြောတဲ့ Ssကစ ကိုယ်ဘယ်လို ပြန်ပြောတယ်ဆိုတာကအစဆုံး သူ့ဆီကိုပို့ပေးခဲ့တာပါ
ကျွန်မသိစေချင်ခဲ့တာက သူကလွဲရင် ဘယ်ယောကျာ်းကိုမှ မချစ်နိုင်ဘူး
အထင်မကြိီးဘူး/သူ့ကိုသာ ကျွန်မလိုအပ်တယ်/သူ့ကို အရမ်းချစ်ကြောင်း သိစေချင်ရုံပါ
တစ်နေ့မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ( အဲ့လူနဲ့ စကားပြောတာ/ပတ်သက်တာကို သူမကြိုက်တဲ့လူ)
တစ်ယောက်ရဲ့ မွေးနေ့ပွဲကို KTVမှာ ကျင်းပမှာဆိုပြီး ကျွန်မကို ဖိတ်ပါတယ်
ကျွန်မတို့ တစ်ရုံးလုံး မိန်းကလေး ၁၀ယောက်နှင့်အတူ တခြားလုပ်ဖော်ကိုင်ဖက် ယောကျာ်းလေးတွေလည်း ပါပါတယ်
ကျွန်မ မလိုက်တော့ဘူးဆိုပြီး သူ့ကို အိမ်မှာ လုပ်စရာရှိတာတွေ လုပ်အုံးမယ်ပြောပြီး အဝတ်လျှော်ဖို့
အဝတ်တွေ စိမ် /ဖိနပ်တိုက်စရာတွေထုတ် လုပ်နေတဲ့အချိန်
ကိုယ့်အလုပ်က အမတစ်ယောက်က ညီမတို့နေတဲ့ ရပ်ကွက်ထဲ သူတစ်ယောက်ထဲမို့ အပြန်အဖော်ရအောင် လိုက်ခဲ့ပါနော်ဆ်ုပြီး
အိမ်ထိရောက်အောင် လာခေါ်တာနဲ့ ညီမ လိုက်သွားခဲ့ပါတယ်
ကျွန်မ ယောကျာ်း(အဲ့ချိန်က ရည်းစားဘဝပါ)ကို ကျွန်မ လိုက်သွားဖို့ ခွင့်တောင်းဖို့ လာခေါ်တဲ့ အမကို တိုင်ပင်လိုက်ပါတယ်
ပြောရင်ပြောလိုက်လေတဲ့ အမ ပြောရင် ညီမလေး လိုက်ရမှာ မဟုတ်ဘူး
သွားခိုင်းတော့မှ မဟုတ်ဘူးလို့ပြောတော့ အာ့ဆို မနက်မှ အေးဆေးပြောပြမယ်ဆိုပြီး ညီမ လည်း အဲ့အမကို အားနာတာနဲ့လိုက်သွားခဲ့တယ်
စသွားတော့ ညနေ ၇နာရီလောက်ပါ KTVရောက်တော့ အားလုံး မသောက်မနေရဆိုပြီး ဆိုဂျူး တစ်ခွက်ဆိုပြီး ခွက်တိုက်သောက်ခဲ့ကြပါတယ်
ညီမ ဆိုကျူး သောက်ပြီးတော့ လူက မူးလာပါတယ်
လုပ်ဖော်ကိုင်ဖက် မိန်းကလေး ၁၀ယောက်နဲ့ကြခုန်ကြပါတယ်
ကျွန်မ ကောင်လေး (ယခု ကျွန်မယောကျာ်း)က ဖုန်းတွေ ဆက်တိုက်ခေါ်ခဲ့ပါတယ်
ညီမက မသိလိုက်ပါဘူး သူကျွန်မရှိတဲ့ နေရာစုံစမ်းပြီး ကျွန်မ ညီမတွေကို အခေါ်ခိုင်းခဲ့ပါတယ် (သူက အဝေးမှာမို့ပါ)
အဲ့ညက သူနဲ့ ဖုန်းမပြောနိုင်ဘဲ အိပ်ပျော်ခဲ့ပါတယ်
ကျွန်မနဲ့သူ ပြသနာတွေ တက်ခဲ့ပါတယ် သူ့ကို အဝတ်လျှော်မယ်လို့ပြောပြီး KTVကိုလိမ်ပြီးသွားတယ်လို့ ပြောဆိုပြီး
အဲ့မွေးနေ့ရှင်နဲ့လည်း သမုဒ်ခဲ့တယ် အဲ့နောက် ကျွန်မ ဘာပျော်ပွဲရွှင်ပွဲမှ သူစိမ်းယောကျာ်းလေးပါရင် မသွားခဲ့ပါဘူး
အဲ့လိုနဲ့ ကျွန်မတို့ လက်ထပ်လိုက်တယ်
လက်ထပ်ပြီးတော့လည်း စကားများတိုင်း အဲ့ကိစ္စနဲ့ ရန်ရှာပါတယ်
အဲ့ကိစ္စကို မကျေနပ်ရင် ဘာလို့ယူနေခဲ့သေးလဲလို့ မေးပြန်ရင်လည်း ငါကိုက နွားဖြစ်ချင်လို့ယူတာလို့ ပြန်ပြောပါတယ်
ကျွန်မဘဝမှာ ပတ်သက်ခဲ့ဖူးတဲ့ ယောကျာ်း သူတစ်ယောက်ထဲ ရှိတယ်ဆိုတာလည်း သူအသိဆုံးပါ
သိသိကြီးနဲ့ ကျွန်မကို အဲ့ကိစ္စနဲ့ဘဲ ခုချိန်ထိ ရန်ရှာတုန်း
ကျွန်မကို ဆဲလို့ပြောရင်လည်း မင်းငါ့ကို အဲ့လိုလိမ်ပြီး အဲ့လူမွေးနေ့ပွဲသွားခဲ့တဲ့နေ့ကစလို့ မင်းကို စဆဲတာ မင်းမှတ်မိလား
အဲ့တည်းက မင်းကို အထင်မကြီးတော့တာလို့ ပြောပါတယ်
ညီမ ဘယ်လိုဘဲ ရှင်းရှင်းပြ အဲ့ကိစ္စနဲ့ဘဲ ရန်ရှာခံနေရတယ် ညီမ ဘယ်လိုဘဲ လိမ္မာပါစေ အဲ့ကိစ္စကို အမြဲပြောတယ်
ခုသူနဲ့ယူပြီးတော့ သူKTVသွားလို့ ပြောရင် နောက်မသွားတော့ဘူးဆိုပြီး လိမ်ပါတယ်
အလိမ်ပေါ်ရင်လည်း မင်းတောင် လိမ်ပြီး သွားခဲ့သေးတာဘဲ လို့ပြောတယ်
ကျွန်မက စိတ်ဆိုးပြီး မခေါ်မပြောနေရင်လည်း
အေး မင်းတစ်ယောက်ထဲ စ- ပါတာ မဟုတ်ဘူး ပိုက်ဆံပေးပြီး ကြိုက်တဲ့ မိန်းမ လုပ်လို့ရတယ်လို့ အမြဲပြောတယ်
ကျွန်မ လိမ်ညာခဲ့တာက ခွင့်မလွှတ်နိုင်စရာ ကိစ္စလားရှင်
ကျွန်မဘယ်လို ဖြေရှင်းရမှန်းလည်း မသိတော့ဘူး
ရင္ဖြင့္စာ ၀၈၉မွ အက်ိဳးအေၾကာင္းမ်ား
ကြၽန္မမွာ ရည္းစားဘဝ (၃)ႏွစ္လုံး ကြၽန္မ ေယာက်ာ္း အေပၚ သစၥာရွိရွိ ခ်စ္ခဲ့ပါတယ္
ရည္းစားဘဝ (၃)ႏွစ္က LDRSဘဝနဲ႔ပါ
ညီမ သူ႔အေပၚ တစ္ခါမွ သစၥာ မပ်က္ခဲ့ပါဘူး
ဘယ္လိုလူမ်ိဳးကဘဲ ကြၽန္မအေပၚ စိတ္ဝင္စားခဲ့ပါေစ ကြၽန္မမွာ သူရွိတယ္လို႔ အၿမဲတမ္း ဂုဏ္ယူဝင့္ႂကြားစြာ ျငင္းဆိုခဲ့ပါတယ္
သူ႔ကို(ကြၽန္မေယာက်ာ္း) ကြၽန္မ ဘယ္ေလာက္ထိ ခ်စ္တဲ့ အေၾကာင္းေတြ ေျပာၿပီး လူတိုင္းကို ျငင္းခဲ့တာပါ
ကြၽန္မ သူ႔အေပၚ ဘယ္ေလာက္ထိ သစၥာရွိခဲ့လဲဆို တစ္ျခားလူေတြ စကားလာေျပာတဲ့ Ssကစ ကိုယ္ဘယ္လို ျပန္ေျပာတယ္ဆိုတာကအစဆုံး သူ႔ဆီကိုပို႔ေပးခဲ့တာပါ
ကြၽန္မသိေစခ်င္ခဲ့တာက သူကလြဲရင္ ဘယ္ေယာက်ာ္းကိုမွ မခ်စ္ႏိုင္ဘူး
အထင္မႀကိီးဘူး/သူ႔ကိုသာ ကြၽန္မလိုအပ္တယ္/သူ႔ကို အရမ္းခ်စ္ေၾကာင္း သိေစခ်င္႐ုံပါ
တစ္ေန႔မွာ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ( အဲ့လူနဲ႔ စကားေျပာတာ/ပတ္သက္တာကို သူမႀကိဳက္တဲ့လူ)
တစ္ေယာက္ရဲ႕ ေမြးေန႔ပြဲကို KTVမွာ က်င္းပမွာဆိုၿပီး ကြၽန္မကို ဖိတ္ပါတယ္
ကြၽန္မတို႔ တစ္႐ုံးလုံး မိန္းကေလး ၁၀ေယာက္ႏွင့္အတူ တျခားလုပ္ေဖာ္ကိုင္ဖက္ ေယာက်ာ္းေလးေတြလည္း ပါပါတယ္
ကြၽန္မ မလိုက္ေတာ့ဘူးဆိုၿပီး သူ႔ကို အိမ္မွာ လုပ္စရာရွိတာေတြ လုပ္အုံးမယ္ေျပာၿပီး အဝတ္ေလွ်ာ္ဖို႔
အဝတ္ေတြ စိမ္ /ဖိနပ္တိုက္စရာေတြထုတ္ လုပ္ေနတဲ့အခ်ိန္
ကိုယ့္အလုပ္က အမတစ္ေယာက္က ညီမတို႔ေနတဲ့ ရပ္ကြက္ထဲ သူတစ္ေယာက္ထဲမို႔ အျပန္အေဖာ္ရေအာင္ လိုက္ခဲ့ပါေနာ္ဆ္ုၿပီး
အိမ္ထိေရာက္ေအာင္ လာေခၚတာနဲ႔ ညီမ လိုက္သြားခဲ့ပါတယ္
ကြၽန္မ ေယာက်ာ္း(အဲ့ခ်ိန္က ရည္းစားဘဝပါ)ကို ကြၽန္မ လိုက္သြားဖို႔ ခြင့္ေတာင္းဖို႔ လာေခၚတဲ့ အမကို တိုင္ပင္လိုက္ပါတယ္
ေျပာရင္ေျပာလိုက္ေလတဲ့ အမ ေျပာရင္ ညီမေလး လိုက္ရမွာ မဟုတ္ဘူး
သြားခိုင္းေတာ့မွ မဟုတ္ဘူးလို႔ေျပာေတာ့ အာ့ဆို မနက္မွ ေအးေဆးေျပာျပမယ္ဆိုၿပီး ညီမ လည္း အဲ့အမကို အားနာတာနဲ႔လိုက္သြားခဲ့တယ္
စသြားေတာ့ ညေန ၇နာရီေလာက္ပါ KTVေရာက္ေတာ့ အားလုံး မေသာက္မေနရဆိုၿပီး ဆိုဂ်ဴး တစ္ခြက္ဆိုၿပီး ခြက္တိုက္ေသာက္ခဲ့ၾကပါတယ္
ညီမ ဆိုက်ဴး ေသာက္ၿပီးေတာ့ လူက မူးလာပါတယ္
လုပ္ေဖာ္ကိုင္ဖက္ မိန္းကေလး ၁၀ေယာက္နဲ႔ၾကခုန္ၾကပါတယ္
ကြၽန္မ ေကာင္ေလး (ယခု ကြၽန္မေယာက်ာ္း)က ဖုန္းေတြ ဆက္တိုက္ေခၚခဲ့ပါတယ္
ညီမက မသိလိုက္ပါဘူး သူကြၽန္မရွိတဲ့ ေနရာစုံစမ္းၿပီး ကြၽန္မ ညီမေတြကို အေခၚခိုင္းခဲ့ပါတယ္ (သူက အေဝးမွာမို႔ပါ)
အဲ့ညက သူနဲ႔ ဖုန္းမေျပာႏိုင္ဘဲ အိပ္ေပ်ာ္ခဲ့ပါတယ္
ကြၽန္မနဲ႔သူ ျပသနာေတြ တက္ခဲ့ပါတယ္ သူ႔ကို အဝတ္ေလွ်ာ္မယ္လို႔ေျပာၿပီး KTVကိုလိမ္ၿပီးသြားတယ္လို႔ ေျပာဆိုၿပီး
အဲ့ေမြးေန႔ရွင္နဲ႔လည္း သမုဒ္ခဲ့တယ္ အဲ့ေနာက္ ကြၽန္မ ဘာေပ်ာ္ပြဲ႐ႊင္ပြဲမွ သူစိမ္းေယာက်ာ္းေလးပါရင္ မသြားခဲ့ပါဘူး
အဲ့လိုနဲ႔ ကြၽန္မတို႔ လက္ထပ္လိုက္တယ္
လက္ထပ္ၿပီးေတာ့လည္း စကားမ်ားတိုင္း အဲ့ကိစၥနဲ႔ ရန္ရွာပါတယ္
အဲ့ကိစၥကို မေက်နပ္ရင္ ဘာလို႔ယူေနခဲ့ေသးလဲလို႔ ေမးျပန္ရင္လည္း ငါကိုက ႏြားျဖစ္ခ်င္လို႔ယူတာလို႔ ျပန္ေျပာပါတယ္
ကြၽန္မဘဝမွာ ပတ္သက္ခဲ့ဖူးတဲ့ ေယာက်ာ္း သူတစ္ေယာက္ထဲ ရွိတယ္ဆိုတာလည္း သူအသိဆုံးပါ
သိသိႀကီးနဲ႔ ကြၽန္မကို အဲ့ကိစၥနဲ႔ဘဲ ခုခ်ိန္ထိ ရန္ရွာတုန္း
ကြၽန္မကို ဆဲလို႔ေျပာရင္လည္း မင္းငါ့ကို အဲ့လိုလိမ္ၿပီး အဲ့လူေမြးေန႔ပြဲသြားခဲ့တဲ့ေန႔ကစလို႔ မင္းကို စဆဲတာ မင္းမွတ္မိလား
အဲ့တည္းက မင္းကို အထင္မႀကီးေတာ့တာလို႔ ေျပာပါတယ္
ညီမ ဘယ္လိုဘဲ ရွင္းရွင္းျပ အဲ့ကိစၥနဲ႔ဘဲ ရန္ရွာခံေနရတယ္ ညီမ ဘယ္လိုဘဲ လိမၼာပါေစ အဲ့ကိစၥကို အၿမဲေျပာတယ္
ခုသူနဲ႔ယူၿပီးေတာ့ သူKTVသြားလို႔ ေျပာရင္ ေနာက္မသြားေတာ့ဘူးဆိုၿပီး လိမ္ပါတယ္
အလိမ္ေပၚရင္လည္း မင္းေတာင္ လိမ္ၿပီး သြားခဲ့ေသးတာဘဲ လို႔ေျပာတယ္
ကြၽန္မက စိတ္ဆိုးၿပီး မေခၚမေျပာေနရင္လည္း
ေအး မင္းတစ္ေယာက္ထဲ စ- ပါတာ မဟုတ္ဘူး ပိုက္ဆံေပးၿပီး ႀကိဳက္တဲ့ မိန္းမ လုပ္လို႔ရတယ္လို႔ အၿမဲေျပာတယ္
ကြၽန္မ လိမ္ညာခဲ့တာက ခြင့္မလႊတ္ႏိုင္စရာ ကိစၥလားရွင္
ကြၽန္မဘယ္လို ေျဖရွင္းရမွန္းလည္း မသိေတာ့ဘူး