ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၁၀

hello စိတ်ထဲမတင်မချဖြစ်နေလို့ တစ်ခုလောက်ရင်ဖွင့်ချင်လို့ပါ…

ညီမမှာအရင်က ရည်းစားရှိပါတယ် ၁၀တန်းထဲကဆိုတော့၁ဝနှစ်ကျော်ပြီပေါ့ ပြတ်လိုက်ဆက်လိုက်ပါပဲ

သူက အပေါင်းအသင်းများတယ် အရက်သောက်တယ်..

အဲ့ဒါကလွဲရင် ညီမကို သိပ်ချစ်ပါတယ်

သူ့ပိုက်ဆံအိတ် ဖုန်းအကုန်လုံးမှာ ညီမပုံပဲထားထားတာပါ…

တစ်နေ့မှာ အရမ်းအခန့်မသင့်ဖြစ်ပြီး စိတ်ဆိုးပြီး ၁နှစ်ခွဲလောက်အဆက်အသွယ်ဖြတ်ပလိုက်ပါတယ်….

ညီမတစ်ခြားနေရာထွက်သွားတဲ့အချိန် အပြင်းဖျားလို့ ပြုစုပေးတဲ့အကိုတစ်ယောက်ရှိပါတယ်

သူက သဘောကျတဲ့အချိန် ညီမကမချစ်သေးပေမဲ့ ဟိုတစ်ယောက်ကို အရွဲ့တိုက်ချင်ဇောနဲ့ ပြန်ကြိုက်လ်ုက်မိပါတယ်…

အဲ့အကိုက ဟင်းချက်ကောင်းလို့ သူပဲအမြဲချက်ကျွေးပါတယ်…

အပြင်ကပြန်လာရင်လဲ မုန့်ဝယ်လာပါတယ်…

အဲ့လိုကောင်းပါတယ်… ညီမတို့ယူဖြစ်ကြပါတယ် တောဓလေ့အတိုင်းပေါ့…

ဒါပေမဲ့ တရားဝင်တော့မဟုတ်ဘူးပေါ့ရှင့်…. ညီမလေအဲ့အကိုယူလဲ အခုထိ ဟိုတစ်ယောက်ကို မမေ့နိုင်သေးဘူး သတိရနေတုန်းပဲ….

စိတ်ဆိုးခဲ့တာရှိပေမဲ့ အခုထိသတိရနေတုန်းပဲ….

ဟိုတလောက ညီမပြန်ရောက်တော့ သူနဲ့အမှတ်မထင်ဆုံမိပြီး စကားပြောဖြစ်ကြတယ် အကြောင်းစုံသိကတော့ ညီမဘက်က မှားတာ….

သူ့ကိုအရွဲ့တိုက်ချင်လို့လုပ်လိုက်ပေမဲ့ ညီမသူ့ကိုချစ်နေတုန်းပဲ…

သူကလဲ ပြန်လာချင်ပြန်လာခဲ့ပါတဲ့… ဘယ်လိုပဲဖြစ်နေပါစေ…

နင်ကငါ့အမြဲချစ်သူပါတဲ့…. အခုလက်ထက်ယူပေးရမလားရတယ်တဲ့လေ….

ညီမ ဟိုအကိုကိုလဲ အားနာတယ်….သူ့ကိုလဲချစ်တယ်…ဘာဆက်လုပ်ရမလဲရှင့်

hello စိတ္ထဲမတင္မခ်ျဖစ္ေနလို႔ တစ္ခုေလာက္ရင္ဖြင့္ခ်င္လို႔ပါ…

ညီမမွာအရင္က ရည္းစားရွိပါတယ္ ၁၀တန္းထဲကဆိုေတာ့၁ဝႏွစ္ေက်ာ္ၿပီေပါ့ ျပတ္လိုက္ဆက္လိုက္ပါပဲ

သူက အေပါင္းအသင္းမ်ားတယ္ အရက္ေသာက္တယ္..

အဲ့ဒါကလြဲရင္ ညီမကို သိပ္ခ်စ္ပါတယ္

သူ႔ပိုက္ဆံအိတ္ ဖုန္းအကုန္လုံးမွာ ညီမပုံပဲထားထားတာပါ…

တစ္ေန႔မွာ အရမ္းအခန႔္မသင့္ျဖစ္ၿပီး စိတ္ဆိုးၿပီး ၁ႏွစ္ခြဲေလာက္အဆက္အသြယ္ျဖတ္ပလိုက္ပါတယ္….

ညီမတစ္ျခားေနရာထြက္သြားတဲ့အခ်ိန္ အျပင္းဖ်ားလို႔ ျပဳစုေပးတဲ့အကိုတစ္ေယာက္ရွိပါတယ္

သူက သေဘာက်တဲ့အခ်ိန္ ညီမကမခ်စ္ေသးေပမဲ့ ဟိုတစ္ေယာက္ကို အ႐ြဲ႕တိုက္ခ်င္ေဇာနဲ႔ ျပန္ႀကိဳက္လ္ုက္မိပါတယ္…

အဲ့အကိုက ဟင္းခ်က္ေကာင္းလို႔ သူပဲအၿမဲခ်က္ေကြၽးပါတယ္…

အျပင္ကျပန္လာရင္လဲ မုန႔္ဝယ္လာပါတယ္…

အဲ့လိုေကာင္းပါတယ္… ညီမတို႔ယူျဖစ္ၾကပါတယ္ ေတာဓေလ့အတိုင္းေပါ့…

ဒါေပမဲ့ တရားဝင္ေတာ့မဟုတ္ဘူးေပါ့ရွင့္…. ညီမေလအဲ့အကိုယူလဲ အခုထိ ဟိုတစ္ေယာက္ကို မေမ့ႏိုင္ေသးဘူး သတိရေနတုန္းပဲ….

စိတ္ဆိုးခဲ့တာရွိေပမဲ့ အခုထိသတိရေနတုန္းပဲ….

ဟိုတေလာက ညီမျပန္ေရာက္ေတာ့ သူနဲ႔အမွတ္မထင္ဆုံမိၿပီး စကားေျပာျဖစ္ၾကတယ္ အေၾကာင္းစုံသိကေတာ့ ညီမဘက္က မွားတာ….

သူ႔ကိုအ႐ြဲ႕တိုက္ခ်င္လို႔လုပ္လိုက္ေပမဲ့ ညီမသူ႔ကိုခ်စ္ေနတုန္းပဲ…

သူကလဲ ျပန္လာခ်င္ျပန္လာခဲ့ပါတဲ့… ဘယ္လိုပဲျဖစ္ေနပါေစ…

နင္ကငါ့အၿမဲခ်စ္သူပါတဲ့…. အခုလက္ထက္ယူေပးရမလားရတယ္တဲ့ေလ….

ညီမ ဟိုအကိုကိုလဲ အားနာတယ္….သူ႔ကိုလဲခ်စ္တယ္…ဘာဆက္လုပ္ရမလဲရွင့္