ညီမ တခုလတ် အသက်က 24ပါ ချစ်လွန်းလို့ယူထားရတာမဟုတ်ဘဲ
18နှစ်မှာ ကားတင်ပြေးခံရတာပါ
စယူယူချင်းတုန်းကတော့ ကိုယ့်သဘောဆိုပီး ပြောတော့ အဲ့ချိန်တုန်းကယုံခဲ့မိပါတယ်
သူနဲ့ကေနရပ်ချင်းမတူပါဘူး သူကအပူပိုင်း ညီမက အအေးပိုင်းပါ
ယူပီး1နှစ်လာက်မှာ နေရာလုရင်းကွဲသွားပါတယ်
တရားဝင်တော့မလုပ်ရသေးပါဘူး ကွဲသွားတာ2နှစ်ကျော်3နှစ်ထဲမှာပါ
ခုညီမက ကိုယ့်အရပ်မှာဘဲကိုယ်ပိုင်စီးပွားရေးကို အဆင်ပြေပြေလုပ်နေပါတယ်
ပြောချင်တာက ခုမှစတာပါညီမမှာ ချစ်ရတဲ့ကောင်လေးရှိလာပါတယ်
သူစလိုက်ကတည်းက ညီမက တခုလတ်ဖြစ်ကြောင်းပြောပြထားပြတယ်
သူလက်ခံတယ်ဆိုမှ ညီမတို့တွဲခဲ့ကြပါတယ်
သူလဲ ညီမပေါ်အများကြီးနားလည်ပေးသလို ချစ်လဲချစ်ရှာပါတယ်
သူနဲ့တွဲတာ ခု10လထဲမှာပါ သူ့အိမ်ကိုအရင်ကိစ္စမေပြာဘဲညီမနဲ့တွဲနေတာ ပြောတော့ နှစ်အိမ်လုံးက သဘောတူပါတယ်
အရင်ကိစ္စကို ညီမက သူ့အိမ်ကို ပြောခိုင်းထားပါတယ်
သူက ဘယ်ကစပြောရမှန်းမသိဘူးတဲ့ သူမပြောရဲဘူးဆိုပီးပြောပါတယ်
သူ့က သားကြီး အသက်က 23ပါ သူ့အမေက သူ့ဆို သည်းသည်းလှုပ်ဆိုပင်မဲ့ သူကတော့ ပုံမှန်ပါဘဲ
သူ့အိမ်က အရင်ကိစ္စသိပီး သဘောမတူမှာ သိနေပါတယ်
သူကတော့ ရအောင်ပြောကြည့်ချင်သေးတယ်တဲ့
ညီမက မရရင်ကောဆိုတော့ သူက မဖြေပါဘူး ညီမ ဘာဆက်လုပ်သင့်ပါသလဲ အကြံလေးပေးပါဦးနော်
ညီမ တခုလတ္ အသက္က 24ပါ ခ်စ္လြန္းလို႔ယူထားရတာမဟုတ္ဘဲ
18ႏွစ္မွာ ကားတင္ေျပးခံရတာပါ
စယူယူခ်င္းတုန္းကေတာ့ ကိုယ့္သေဘာဆိုပီး ေျပာေတာ့ အဲ့ခ်ိန္တုန္းကယုံခဲ့မိပါတယ္
သူနဲ႔ကေနရပ္ခ်င္းမတူပါဘူး သူကအပူပိုင္း ညီမက အေအးပိုင္းပါ
ယူပီး1ႏွစ္လာက္မွာ ေနရာလုရင္းကြဲသြားပါတယ္
တရားဝင္ေတာ့မလုပ္ရေသးပါဘူး ကြဲသြားတာ2ႏွစ္ေက်ာ္3ႏွစ္ထဲမွာပါ
ခုညီမက ကိုယ့္အရပ္မွာဘဲကိုယ္ပိုင္စီးပြားေရးကို အဆင္ေျပေျပလုပ္ေနပါတယ္
ေျပာခ်င္တာက ခုမွစတာပါညီမမွာ ခ်စ္ရတဲ့ေကာင္ေလးရွိလာပါတယ္
သူစလိုက္ကတည္းက ညီမက တခုလတ္ျဖစ္ေၾကာင္းေျပာျပထားျပတယ္
သူလက္ခံတယ္ဆိုမွ ညီမတို႔တြဲခဲ့ၾကပါတယ္
သူလဲ ညီမေပၚအမ်ားႀကီးနားလည္ေပးသလို ခ်စ္လဲခ်စ္ရွာပါတယ္
သူနဲ႔တြဲတာ ခု10လထဲမွာပါ သူ႔အိမ္ကိုအရင္ကိစၥမေျပာဘဲညီမနဲ႔တြဲေနတာ ေျပာေတာ့ ႏွစ္အိမ္လုံးက သေဘာတူပါတယ္
အရင္ကိစၥကို ညီမက သူ႔အိမ္ကို ေျပာခိုင္းထားပါတယ္
သူက ဘယ္ကစေျပာရမွန္းမသိဘူးတဲ့ သူမေျပာရဲဘူးဆိုပီးေျပာပါတယ္
သူ႔က သားႀကီး အသက္က 23ပါ သူ႔အေမက သူ႔ဆို သည္းသည္းလႈပ္ဆိုပင္မဲ့ သူကေတာ့ ပုံမွန္ပါဘဲ
သူ႔အိမ္က အရင္ကိစၥသိပီး သေဘာမတူမွာ သိေနပါတယ္
သူကေတာ့ ရေအာင္ေျပာၾကည့္ခ်င္ေသးတယ္တဲ့
ညီမက မရရင္ေကာဆိုေတာ့ သူက မေျဖပါဘူး ညီမ ဘာဆက္လုပ္သင့္ပါသလဲ အႀကံေလးေပးပါဦးေနာ္