ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၁၄

မဂ်လာပါရှင့်

ညီမ စာရေးတာအမှားပါသွားရင်တောင်းပန်ပါတယ်ရှင့်

ညီမပွင့်ပွင့်လင်းလင်း ရင်ဖွင့်စရာလူမရှိတော့ ဒီGpလေးထဲကလူတွေစီကပဲ အကူညီလေးတောင်းချင်လို့ပါရှင့်

ညီမကိုယ်အကြံဉာဏ်လေး ပေးကြပါရှင့်

အမြင်မတော်လည်း ဆူချင်ဆူသွားလို့ရပါတယ် ညီမမှာ crush ရတဲ့ ကောင်လေးရှိပါတယ်

သင်တန်းမှာတွေ့တာပါ နေတိုင်းစကားပြောနေကြတော့ ကြာလာတော့ ရင်ခုန်လာတာပါ

ညီမကတစ်ယောက်‌ ယောက်ကိုယ်ခင်မိပြီ ချစ်မိပြီဆိုရင် တအားစိတ်နှစ်ထားတတ်တဲ့အကျင့်ရှိတယ်

နေတိုင်းသူနဲ့စကားပြောဖြစ်ကြတယ် ကြာလာတော့ သူ့ကိုယ်ချစ်မိသွားတယ်

သူဘက်ကလည်း တခါတလေ စကားပြောရင်ကို့ကိုယ်ကြိုက်သလို စိတ်ဝင်စားသလိုမျိုးပုံစံလည်း‌ပြတော့ ဝမ်းသာမိပါတယ်

အဲ့ဒါကြောင့်သူ့ဘက်ကစပြောမှာကိုယ်စောင့်မနေတော့ပဲ ညီမဘက်ကနေပဲ အရင်ဖွင့်ပြောလိုက်တယ်

ငါနင့်ကိုယ် crush တယ် ကြိုက်တယ်လို့ပြောလိုက်တယ် ဒါပေမဲ့သူက ငြင်းလိုက်တယ်

ပြောလိုက်မိတဲ့ကို့ကိုယ်ကိုတောင်ရှက်မိတယ် မပြောလိုက်ရင်ကောင်းသား

ခံစားချက်ကိုယ် ထိန်းထားလိုက်မိရင်ကောင်းသားဆိုတဲ့အတွေးခဏခဏဝင်မိတယ်

ဒါပေမဲ့လည်းသူသိသွားတာတစ်ခုကောင်းပါတယ် သူကြိုက်လာအောင်ငါလုပ်မယ်ပေါ့

ကိုယ့်ဘက်ကနေ စကားပြောပြီးလို့ လိုင်းပေါ်ကဆင်းခါနီး ဂရုစိုက်ဦးနော်ကနေ တစ်ဆင့်တတ်ပြီး ဂရုစိုက်ဦးနော် အာဘွား

ဆိုပြီးအမြဲတမ်းပို့တယ် ကိုယ်ကပဲဖွင့်ပြောလိုက်လို့လားမသိဘူး

အရင်လိုလည်းသိပ်စကားမပြောတော့ဘူး ရှောင်လာသလိုခံစားရတယ် အဲ့လိုကျ ကြိုက်နေတဲ့သူအတွက်ခံစားရတယ်

အရင်လိုလည်းစကားသိပ်မပြောဖြစ်ကြတော့ဘူး ဖုန်းဆက်ရင်တော့ကိုင်တယ် messenger မှာစာပို့ထားရင်လည်း အရင်က စစခင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် respect ထားတဲ့အနေနဲ့ တော့သေချာစကားပြန်ပြောတယ်

ဖွင့်ပြောပြီးခါမှ မအားတာနဲ့ စာမရိုက်ချင်ရတာနဲ့ ဖုန်းဆက်ရင်တော့ ကောင်းကောင်းမွန်မွန်သေသေချာချာပြောပါတယ်

တစ်ခါတလေ ကိုယ်ကကြိုက်နေတော့အားမရတော့ ချစ်လားလို့ မေးရင် မချစ်ဘူးတဲ့

ရက်စက်လိုက်တာ ညီမကသူ့ထပ် 2/3 နှစ်လောက်‌တော့အသက်ကြီးတယ်

သူက အမတစ်ယောက်လိုပဲခင်တယ်တဲ့ ပြီးတော့ကျတော်က ဆိုးတယ်တဲ့

ဆိုးတယ်ဆိုတာက ကိုယ်တကယ်ချစ်ရင်အဲ့လူကိုယ် အနှိင့်ကျင်ဆိုးချင်မှ ဆိုးမိမှာလေနော်

ချစ်နေတဲ့သူက အရာရာ အလျှော့ပေးမိမှာပဲ

အဲ့ဒါကြောင့် နင်ဘာဆိုးတာလည်း ပွင့်ပွင့်လင်းလင်းပြော အကယ်၍ကြိုက်တယ်ဆို ညှိယူလို့ရတာပဲ ပြောတယ် လက်မခံဘူး

နောက်ပြီးနင့်မှာ နင်ကြိုက်နေတဲ့သူရှိရင်ပြော ငါရှောင်ပေးမယ်

သူကြိုက်နေတဲ့သူရှိရင်လည်း အခုထပ်ပိုမခံစားရအောင် ရှောင်လို့ရအောင်လို့ မေးတော့

လည်းမရှိဘူးပဲ ညီမပြန်ကြားတာတော့ ညီမကဝလိုဆိုတဲ့အသံတော့ကြားတယ် သေချာတော့မသိဘူး

ကို့ကိုယ်ကိုတောင် psycho ဝင်မိတယ် အပြင်မှာ နှစ်ယောက်တည်း တွေ့ရင်တော့ ညီမကအရင်ရ‌အောင်လက်ကိုင်လိုက်တယ်

ညီမသူနဲ့တွေ့ရရင်ပျော်တယ် ပျော်လွန်းလို့ ဖြီးနေတာပဲမျက်နှာက

ညီမ သူနဲ့အဆင်ပြေချင်တယ် အခုတော့

ညီမနဲ့သူနဲ့က သိတာ လပိုင်းလောက်ပဲရှိသေးတော့ အဲ့ဒါကြောင့်ပဲ မကြိုက်ချင်လို့လားမသိဘူး

တစ်ယောက်ယောက်ကိုယ်ကြိုက်မိရင် တအားချစ်မိ စိတ်နှစ်ထားတတ်တော့ အခုအရမ်းခံစားနေရတယ်

ဒါတောင်ရည်းစားဖြစ်ပြီးမှပြတ်သွားတာမဟုတ်သေးဘူး ရည်းစားတောင်မဖြစ်သေးတာခံစားနေရတယ်

သူ့ကိုယ်အရင်လိုမျိုး သူငယ်ချင်း move ပြန်ရအောင် ဘယ်လိုလုပ်သင့်လည်း ဘယ်လိုမေ့ရမလည်း တွေးလိုက်မိ‌တိုင်းငိုချင်တယ် ဝမ်းနည်းမိတယ်

ပြီး‌တော့ညီမက ဝတယ် သူများကောင်မလေးတွေလို မပြင်တတ်မဆင်တတ် မလှတာလည်းပါမယ်ထင်တယ်

မြန်မြန် လေးmove on လုပ်ချင်တယ်

တအားမွန်းကျပ်နေလို့ ‌

Messenger စကားပြောရင်လည်းတော်ရုံနဲ့ seenမပြဘူး ကြည့်ပြီးရင်လည်း reply မပြန်ဘူး

ပလစ်ခံနေရတယ် ညီမသူ့ကိုယ် တကယ်ပဲမေ့လိုက်သင့်လား

အခုတော့ တော်တော် ဝမ်းနည်းနေတယ်

စာရေးတာအစီစဉ်မကျအမှားပါသွားရင်တောင်းပန်ပါတယ်

မဂ်လာပါရှင့်





































တအားမွန်းကျပ်နေလို့ ‌



