ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၁၅

အသက်က 23ပါ လက်ရှိက တနှစ်ကျော်တွဲလာတဲ့ ကောင်လေးကို ဖြတ်ဖို့ ခဏခဏ ကြိုးစားပင်မဲ့ မဖြတ်နိုင်ဖြစ်နေတာပါ

သူ့ကို ညီမကအရမ်းချစ်ခဲ့တာပါ ချစ်တယ်ဆိုတဲ့နောက်မှာ

သူလိုချင်တာတွေ အကုန်ဖြည့်စည်းပေးနိုင်တဲ့ သူလို့ပြောရင်လဲမမှားပါဘူး

Gameဆော့ရင်းတွေ့ခဲ့ကြတာဆိုတော့ Game ထဲက skinလိုချင်တယ်ပြောလိုက်တာနဲ့ ညီမက ဝယ်ပေးပီးသားပါ

၃လကျော်မှာ ညီမနာမည်ကို လက်မှာ တတ်တူးထိုးပေးခဲ့တာပါ

၄လမှာ့ သူ့အိမ်ကို သီတင်းကျွတ်သွားကန်တော့ဖြစ်ခဲ့တော့ သူ့အဖေ သူ့အမတွေက အရမ်းချစ်ပေးကြပါတယ်

၆လပြည့်ပီးမကြာဘူး သူ့မွေးနေ့ကို စျေးကြီးတဲ့မွေးနေ့လက်ဆောင်ပေးတော့ သူ့အိမ်က ညီမပိုက်ဆံရှိတာ ပိုပြီး သတိထားမိသွားပါတယ်

ဒါပင်မဲ့ ၈လပြည့်ပီး မကြာဘူး တခြားကောင်မလေးနဲ့ အီစီကလီလုပ်တာ ကိုယ်မိခဲ့ပါတယ်

သူ့အမတွေပါ ဝင်ပီး တောင်းပန်ပေးကြလို့ ပြန်အဆင်ပြေခဲ့ပါတယ်

အဲ့လိုဖြစ်ပြီးနောက်ပိုင်းတော့ သူ့ကို ဘယ်လိုမှာ့ချစ်လို့မရတော့ပါဘူးလို့အမြဲပြောနေပင်မဲ့ ချစ်နေသေးတယ်ထင်ပါတယ်

အခုကောင်လေးရဲ့ မိသားစုကအရမ်းချစ်ပေးကြတော့ ကောင်လေးကိုမချစ်တော့ပင်မဲ့

ကောင်လေးမိသားစုဆီကရတဲ့ အချစ်ကို ကျေနပ်နေမိပါတယ်

သူငယ်ချင်းတွေက တတ်တူးကဖြတ်လို့ရတယ် ပူမနေဖို့ပြောပေးကြပါတယ်

ပြတ်ဖို့ လမ်းခွဲဖို့ကြိုးစားတိုင်း သူ့အမတွေက ဝင်ဖြေရှင်းပေးတော့ ပြတ်မရဖြစ်နေတာပါ

နောက်ထပ်တခုက သူ phout pyan ပီးမကြာဘူး ညီမအိမ်က မိဘခြင်းသဘောတူထားတာရှိကြောင်းဖွင့်ပြောလာတာပါ

ညီမနဲ့ သဘောတူထားတဲ့ လူက ငယ်ငယ်ကတည်းကနေအခုထိ ညီမရင်ဖွင့်ပြီးပြောပြနေကြလူဖြစ်နေတာပါ

သဘောတူထားတဲ့ အကိုက ညီမကို အရာအားလုံးသူလက်ခံတယ်ဆိုပြီး

ဒီနှစ်အကုန်မှာ လက်ထပ်ပရစေဆိုပြီး မိဘတွေရှေ့မှာ propose လုပ်ခဲ့ပါတယ်

ညီမမိဘတွေက ဖေဖေက ကင်ဆာအဆင့်4နဲ့ မေမေက အသည်းအသန်တခါဖြစ်ပီး အသက်လုထားရတော့

သူတို့သမီးလေးကို သူတို့စိတ်ချရတဲ့အကို့လက်ထဲအပ်ခဲ့ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်

ညီမကကိုယ့်အပေါ်တခါမှားဘူးတဲ့ကောင်လေးကိုအခွင့်အရေးပေးချင်ပင်မဲ့ မိဘဘက်ကိုလဲ ပြန်ကြည့်ချင်

အရမ်းဒွိဟဖြစ်နေရတာပါ

အသက္က 23ပါ လက္ရွိက တႏွစ္ေက်ာ္တြဲလာတဲ့ ေကာင္ေလးကို ျဖတ္ဖို႔ ခဏခဏ ႀကိဳးစားပင္မဲ့ မျဖတ္ႏိုင္ျဖစ္ေနတာပါ

သူ႔ကို ညီမကအရမ္းခ်စ္ခဲ့တာပါ ခ်စ္တယ္ဆိုတဲ့ေနာက္မွာ

သူလိုခ်င္တာေတြ အကုန္ျဖည့္စည္းေပးႏိုင္တဲ့ သူလို႔ေျပာရင္လဲမမွားပါဘူး

Gameေဆာ့ရင္းေတြ႕ခဲ့ၾကတာဆိုေတာ့ Game ထဲက skinလိုခ်င္တယ္ေျပာလိုက္တာနဲ႔ ညီမက ဝယ္ေပးပီးသားပါ

၃လေက်ာ္မွာ ညီမနာမည္ကို လက္မွာ တတ္တူးထိုးေပးခဲ့တာပါ

၄လမွာ့ သူ႔အိမ္ကို သီတင္းကြၽတ္သြားကန္ေတာ့ျဖစ္ခဲ့ေတာ့ သူ႔အေဖ သူ႔အမေတြက အရမ္းခ်စ္ေပးၾကပါတယ္

၆လျပည့္ပီးမၾကာဘူး သူ႔ေမြးေန႔ကို ေစ်းႀကီးတဲ့ေမြးေန႔လက္ေဆာင္ေပးေတာ့ သူ႔အိမ္က ညီမပိုက္ဆံရွိတာ ပိုၿပီး သတိထားမိသြားပါတယ္

ဒါပင္မဲ့ ၈လျပည့္ပီး မၾကာဘူး တျခားေကာင္မေလးနဲ႔ အီစီကလီလုပ္တာ ကိုယ္မိခဲ့ပါတယ္

သူ႔အမေတြပါ ဝင္ပီး ေတာင္းပန္ေပးၾကလို႔ ျပန္အဆင္ေျပခဲ့ပါတယ္

အဲ့လိုျဖစ္ၿပီးေနာက္ပိုင္းေတာ့ သူ႔ကို ဘယ္လိုမွာ့ခ်စ္လို႔မရေတာ့ပါဘူးလို႔အၿမဲေျပာေနပင္မဲ့ ခ်စ္ေနေသးတယ္ထင္ပါတယ္

အခုေကာင္ေလးရဲ႕ မိသားစုကအရမ္းခ်စ္ေပးၾကေတာ့ ေကာင္ေလးကိုမခ်စ္ေတာ့ပင္မဲ့

ေကာင္ေလးမိသားစုဆီကရတဲ့ အခ်စ္ကို ေက်နပ္ေနမိပါတယ္

သူငယ္ခ်င္းေတြက တတ္တူးကျဖတ္လို႔ရတယ္ ပူမေနဖို႔ေျပာေပးၾကပါတယ္

ျပတ္ဖို႔ လမ္းခြဲဖို႔ႀကိဳးစားတိုင္း သူ႔အမေတြက ဝင္ေျဖရွင္းေပးေတာ့ ျပတ္မရျဖစ္ေနတာပါ

ေနာက္ထပ္တခုက သူ phout pyan ပီးမၾကာဘူး ညီမအိမ္က မိဘျခင္းသေဘာတူထားတာရွိေၾကာင္းဖြင့္ေျပာလာတာပါ

ညီမနဲ႔ သေဘာတူထားတဲ့ လူက ငယ္ငယ္ကတည္းကေနအခုထိ ညီမရင္ဖြင့္ၿပီးေျပာျပေနၾကလူျဖစ္ေနတာပါ

သေဘာတူထားတဲ့ အကိုက ညီမကို အရာအားလုံးသူလက္ခံတယ္ဆိုၿပီး

ဒီႏွစ္အကုန္မွာ လက္ထပ္ပရေစဆိုၿပီး မိဘေတြေရွ႕မွာ propose လုပ္ခဲ့ပါတယ္

ညီမမိဘေတြက ေဖေဖက ကင္ဆာအဆင့္4နဲ႔ ေမေမက အသည္းအသန္တခါျဖစ္ပီး အသက္လုထားရေတာ့

သူတို႔သမီးေလးကို သူတို႔စိတ္ခ်ရတဲ့အကို႔လက္ထဲအပ္ခဲ့ခ်င္တယ္လို႔ ပြင့္ပြင့္လင္းလင္းေျပာပါတယ္

ညီမကကိုယ့္အေပၚတခါမွားဘူးတဲ့ေကာင္ေလးကိုအခြင့္အေရးေပးခ်င္ပင္မဲ့ မိဘဘက္ကိုလဲ ျပန္ၾကည့္ခ်င္

အရမ္းဒြိဟျဖစ္ေနရတာပါ