သူနဲ့ကျမ စချစ်သူဖစ်ခဲ့တာ10.10.2017လောက်ဖစ်မယ်ထင်တယ်
အစကတော့သူ့ကို လုံးဝကြည့်မရခဲ့ဘူးပေါ့ ..
ရေစက်ကြောင့်ပြောရမလား ဝဋ်ကြွေးလို့ခေါင်းစဥ်တပ်ရမလား ချစ်သူတွေဖစ်ခဲ့ကြတယ်
ကျမက ဒုတိယနှစ်တက်နေတဲ့အချိန်ပေါ့ သူကတော့၁၀တန်းမအောင်ခဲ့ပါဘူး
မိဘ တွေက သဘောမတူခဲ့ပါဘူး ကိုယ်ကလဲ ငယ်သေးတဲ့အချိန်အချစ်ကို ရူးမူးတဲ့အချိန်လို့ပြောရမလား
ဘယ်လိုတားတား မရခဲ့ဘူးပေါ့ ၁နှစ်နီးပါးလောက်အကြာမှာ သူ့နောက် ခိုးရာလိုက်သွားခဲ့တယ်
အသက်ရွယ်ကတော့၁၇/၁၈အရွယ်ပေါ့..
အချစ်တစ်ခုထဲနဲ့အရာရာပြည့်စုံနိုင်မယ်ထင်ခဲ့တယ်လောကဓံရဲ့ရိုက်ခတ်မူတွေ ကြံ့ကြံ့ခံ နိုင်ခဲ့ပေမယ့် ထင်ထားသလိုဖစ်မလာခဲ့ပါဘူး
အိမ်ထောင်သက် ၆လကျော်အတွင်းမှာပဲ phout pyan တာခံခဲ့ရတယ်
အစားပျက်အသောက်ပျက်အ အိပ်ပျက် အလူးအလဲ ပါတယ်
ကျမလေ ရှက်တာအရမ်းပဲ.ဖုန်းထဲက ဒီတိုင်းပဲ ဖုန်းကြောင်တာပါကွာ သူခေါ်တဲ့နေရာလဲ ငါမသွားခဲ့ပါဘူးကွာတဲ့
နောက်မှဝန်ခံလာတယ်သူ့exကောင်မလေးက မပြတ်နိုင်ဘူးပြောလို့ပါတဲ့
လက်ခုပ်ဆိုတာ၂ဖက်တီးမှမြည်တာပါ.ပထမဆုံးအကြိမ်မို့ မိဘတွေကပါဖြောင့်ဖြပေးခဲ့တဲ့ စိတ်လိုက်မာန်ပါ မလုပ်ဖို့ပေါ့ နားလည်ပေးခဲ့တယ်
အမှားဆိုတာလူတိုင်းနဲ့မကင်းနိုင်ဘူးလေ..ဒီလိုနဲ့ရှေ့ဆက်သာယာနေခဲ့တယ် အချိန်ကာလတစ်ခုအထိပါပဲ
ဗီဇပါလာရင် phout pyan တာက ပြင်မရဘူးလေ..
ကျမလေ အသက်လေးနဲ့မလိုက်အောငိပင်ပန်းခဲ့ရတယ် ပြသာနာတစ်ခုခုဖြစ်တိုင်း သူ့မိဘတွေက ဆုံးမမူနည်းပါးခဲ့တယ် သူ့တို့သားလုပ်တာအမှန်ပဲ..
ကျမပဲ အဆိုးဖစ်ခဲ့ရတာချည်းပါပဲ..အလုပ်ကိုင်နေရာမာလဲ အဆင်ပြေခဲ့ပေမယ့် လစာထုတ်ရင် သူ့အမေကအမြဲပဲလိုချင်ခဲ့တယ်.
မိန်းမလက်ထဲ အပ်ရတယ်ဆိုတာရှားပါးလွန်းခဲ့တယ် ကိုယ်ကလဲအဆင်ပြေရင်ပီးတာပဲဆိုပီး ဘာမှမပြောခဲ့ဘူး ခွဲခြားဆက်ဆံခံရတာများလာတော့ ရှေ့ဆက်သီးမခံနိုင်တော့ဘူးလေ
ဒါနဲ့ သူနဲ့အဝေးဆုံးကို ထွက်ပြေးလာခဲ့တယ် အစကတော့ မျက်ရည်နှင့်မျက်ခွက် စိတ်ထောင်းကိုယ်ကြဖြစ် ပီး လူလဲအရိုးပေါ်အရေပေါ့
ကိုယ်အကြိမ်ကြိမ် ရူးမိုက်နေမိတုန်း သူ့ငါ့ကိုချစ်ပါတယ် သူ့မိဘတွေမလွန်ဆန်နိုင်လို့ မလိုက်လာတာနေမာပါလို့ တွေးပီးမပြတ်သားနိုင်ခဲ့ဘူး
ယောကျ်ား တွေသဘာဝ အစတော့မင်းမရှိရင်မဖြစ်ပါဘူးမနေနိုင်ပါဘူးပေါ့
အစတော့ဖုန်းအဆက်သွယ်မပြတ်ကြဘူးပေါ့ နောက်ကြာလာတော့ မူးလာပီဆို ငါနင့်ကိုတကယ်မချစ်ခဲ့ဘူး
နင့်ပညာရေးမှာနှောင့်ယှက်ချင်လို့ ပီးတော့ငါ့နဲ့သဘောမတူပဲငြင်းတဲ့မင်းမိဘတွေကအနိုင်လိုချင်လို့အရွဲ့တိုက်ယူခဲ့တဲ့လေ..
အိမ်ထောာင်သက်၁နှစ်ကျော်အတွင်း အဆင်မပြေမူတွေဆိုတာထက် သူ့တို့မိသားစုရဲ့အတ္တတွေကြောင့် ဝေးခဲ့ရတယ်
အစတော့ငိုကြွေးမိတယ် ငါဒီလောက်ချစ်ပေးနေရဲ့သားနဲ့ မ phout pyan ပဲသစ္စာရှိရှိ ချစ်ပေးတာတောင် ဘာလို့ဒီလို လုပ်ရက်ရတာလဲဆိုပီးနာကျင်ခဲ့ရတယ်
နောက်တော့ပြန်စဥ်းစားလိုက်တော့ မကောင်းတဲ့သူနဲ့ဝေးရတာ ငါသိပ်ကံကောင်းတာပဲလို့တွေးတတ်လာတယ်
ကိုယ့်ကိုကိုယ် ချစ်တတ်အောင်ကြိုးစားခဲ့တယ် အရင်လို သူငယ်ချင်း တွေနဲ့အချိန်ဖြုန်းတယ်
အလုပ်ပီးချိန် ဖုန်းကြည့်ဇာတ်ကားကြည့်မေ့မေ့ပျောက်ပျောက်ပဲနေတတ်လာတယ် စိတ်ချမ်းသာမူအပြည့်ဝရခဲ့တယ်..
ဒီလိုနဲ့ဝေးပီးခဲ့တဲ့နောက် သူ့အကြောင်းကိုယ့်ရှေ့တမင်လာပြောရင်တော့ စိတ်ထဲဘယ်လိုမှမခံစားရတော့ဘူး လုံလုံလောက်လောက် နာကျင်ခဲ့ရပီးပီမို့ ပြန်မလိုချင်တော့ဘူး
ပြန်လဲမလွမ်းတော့ဘူး၃ နှစ်ကျော်ကာလအတွင်းတစ်ယောက်ထဲ ဖြတ်သန်းခဲ့တယ် ပျော်ပျော်ရွှင်ရွှင်ပါပဲ..
ဒီလိုနဲ့ပဲ ကျောင်းတက်တုန်းက သူငယ်ချင်းလို့ပြောရမလား ကောင်လေးနဲ့onlineကနေ ပြန်တွေ့ခဲ့ကြတယ် သူကတော့မေးရှာတယ်နင်အဆင်ပြေရဲ့လားတဲ့ ဖစ်သမျှ အကုန်ပြောပြလိုက်တော့သူလဲစိတ်မကောင်းဖစ်သွားတယ်..
အဲနောက်မှာတော့စကားတွေပြောဖစ်ကြရင်း ထပ်မချစ်ရဲတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ နှလုံးသားတစ်စုံဟာ သူရဲ့နွေးထွေးကြင်နာမူအောက်မာ နစ်မျော ခဲ့တယ်
သူကကိုယ့်အားနည်းချကိအကုန် နားလည်ပေးခဲ့တဲ့လူသား အတိတ်မှာ မင်းနာကျင်ခဲ့ရတာမို့ အတိတ်ပြန်မတွေးပါနဲ့တဲ့လက်ရှိအချိန်မှာ ကိုကို့ ကိုပဲချစ်ပေးပါတဲ့လေ
rsသက်တမ်း၁နှစ်ပြည့်တော့မယ်လေ သူက ယောကျ်ား ပီသတဲ့စိတ်ဓာတ်အပြည့်ရှိတယ် မယုတ်မာဘူးမကောက်ကျစ်ဘူး အဓိကမ phout pyan တတ်တာပဲ..
သူနဲ့ချစ်နေကြတာသိကာမှ အရင်လူကပြန်လာချင်သလိုလိုဝေ့လည်လည်လုပ်နေတယ်လေ..
တော်ပါပီ နှလုံးသား တစ်စုံ ဆကိပီးနာကျင်ဖို့ မလုံလောက်တော့လို့ပါ ကျေးဇူးပြု၍ ပြန်မပတ်သက်ခြင်းဖြင့်ကူညီပေးပါ
ရှင့်လိုလူမျိုးကိုအရမ်းကြောက်သွားလို့ပါနော်..
ခုလက်ရှိ ချစိသူကောင်လေးနဲ့ပဲရှေ့ဆက်ရမလား နာကျင်မူဒဏ်ရာတွေပေးခဲ့တဲ့ အရင်လူဆီပြန်သွားရမလား ဘယ်လိုလုပ်ရမလဲမိန်းမသားတို့ရေ. ဖြေပေးကြပါအုံးနော်
ယောက်ျား တွေသဘာဝ အစတော့မင်းမရှိရင်မဖြစ်ပါဘူးမနေနိုင်ပါဘူးပေါ့
rsသက်တမ်း၁နှစ်ပြည့်တော့မယ်လေ သူက ယောက်ျား ပီသတဲ့စိတ်ဓာတ်အပြည့်ရှိတယ် မယုတ်မာဘူးမကောက်ကျစ်ဘူး အဓိကမ phout pyan တတ်တာပဲ..