ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၁၈

ရင်ဖွင်ချင်လိုပါရှင့်

ညီမအသက်က၂၂နှစ်ပါ ခုလက်ရှိထိုင်းမာပါ

ပြောချင်တာကခုမှစမာပါ ညီမအလုပ်ထဲကအကိုတစ်ယောက်ကိုချစ်မိသွားပါတယ်

အစကတော့သူကိုလူပျိုမှတ်နေတာပါ နောက်တော့သူများတွေပြောပြတော့သူကခလေးတစ်ယောက်အဖေမုဆိုးဗိုလ်ပါ

ညီမကအပျိုပါ ဒါလဲညီမသူကိုမေ့လို့မရပါဘူး နောက်တော့ညီမသူငယ်ချင်းမာသူfbအကောင့်ရှိ​ေနခဲ့တယ်

ညီမသူaccတောင်းပြီးသွားaddခဲ့တယ် သူလဲလက်ခံပြီးစကားတွေပြောရင်းရင်းနှီးသွားကြတယ်

သူကညီမကိုမေးပါတယ် သူကိုချစ်နေတာလားတဲ့ညီမကလဲချစ်နေတော့ဟုတ်လိုပြန်ဖြေမိခဲ့ပါတယ်

အဲတာနဲ့သူကညီမအချစ်ကိုသူလက်ခံပါတယ်တဲ့ အဲဒါနဲ့တွဲဖြစ်ခဲ့ပါတယ်

သူကတော့ညီမကိုချစ်တယ်လိုမပြောခဲ့ပါဘူး နောက်တော့သူမာသူသားလေးနဲ့သူအမေကိုလုပ်ကျွေးနေရတယ်

မြန်မာပြည်ကိုပိုက်ဆံလွဲပေးဖို့ပိုက်ဆံမပြည့်ဘူးပြောလို့ ညီမမာ အလုပ်ကပိုက်ဆံထွက်တာနဲ့အမေကိုပိုက်ဆံမလွဲပေးပဲနဲ့ သူကိုချေးပေးခဲ့တယ်

သူအဆင်ပြေပါစေဆိုပြီး ညီမလုပ်ပေးနိုင်ခဲ့သမျှအကုန်လုပ်ပေးခဲ့တယ်

အဝတ်အစားတွေဝယ်ပေးခဲ့တယ် ပြသနာကအခုမှစတာပါ

သူကအလုပ်ထဲ့ကလူတွေကို ညီမကသူကိုရည်းစားစကားအရင်လာပြောပါတယ်

ညီမကသူကိုအရမ်းလိုက်ကပ်တွယ်နေခဲ့တယ်သူဘယ်လောက်မောင်းထုပ်ထုပ်ထွက်မသွားဘူးပိုက်ဆံတွေလဲချေးပေးတယ်

အဝတ်အစား​တွေလဲ့ဝယ်ပေးတယ်လို့လိုက်ပြောပါတယ် ညီမသူငယ်ချင်းကညီမကိုပြန်လာပြောပြပါတယ်

ညီမသူကိုမေးပါတယ် သူကအတင်းညင်းပါတယ်သူမပြောဘူးလို့ပြောပါတယ်

ပြီးရင်သူအပစ်ကိုညီမအပစ်လုပ်ပါတယ် ညီမကသူကိုအရှက်ခွဲတယ် ညီမကသူကိုပိုက်ဆံချေးပေးပြီးအရှက်ခွဲတယ်လို့ပြောပါတယ်

ညီမကိုလဲသူနဲ့ဇာတ်လမ်းဒီမှာတင်ppတဲ့ ညီမကိုအလုပ်ထဲမာတွေရင်တောင်မကြည်တော့ပါဘူး

သူအဲလောက်အရှက်ခွဲလဲညီမသူကိုမေ့မရဘူးမုန်းမရဖြစ်နေပါတယ်

ခုဆိုအလုပ်ထဲရောက်ရင် လူတွေကညီမကိုရွံတဲ့အကြည့်တွေနဲ့ကြည့်ပါတယ်

ညီမနောက်ကွယ်မာရော့ညီမရှေ့မာရော့အချင်းပြောပါတယ် အပျိုဖြစ်ပြီးအရှက်မရှိဘူးဆိုပြီး

ညီမကိုယ်ဟာကိုယ်တောင် thet tay ချင်စိတ်ပေါက်ပါတယ် ဒါတောင်သူကိုမုန်းမရပါဘူး

ညီမဘယ်လိုလုပ်ရမလဲရှင်အကြံလေးပေးကြပါအုံးနော်

ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့် အသက်တောင်မရှင်ချင်တော့ပါဘူး

သူကလဲညီမဖက်မာမရှိပါဘူး သူအပစ်ကိုညီမအပစ်ကြီးပဲပုံချသွားပါတယ်

ညီမဘယ်လိုလုပ်ရမလဲဟင် ရှက်လွန်းလို့အလုပ်ထဲရောက်တိုင်းဘယ်သူမျက်နှာမှလဲကြည်မရဲလောက်အောင်ပါပဲရှင်

သူမို့လိူ့အဲလိုလုပ်ရက်တယ် စာရှည်သွားရင်တောင်းပန်ပါတယ်ရှင်





ညီမကအပျိုပါ ဒါလဲညီမသူကိုမေ့လို့မရပါဘူး နောက်တော့ညီမသူငယ်ချင်းမာသူfbအကောင့်ရှိ​နေခဲ့တယ်






















သူမို့လို့အဲလိုလုပ်ရက်တယ် စာရှည်သွားရင်တောင်းပန်ပါတယ်ရှင်