ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၁၉

ဒီgpကလူတွေကိုတစ်ခုလောက်အကူအညီတောင်းချင်လို့ပါ

ရင်ဖွင့်စရာလူမရှိလို့ဘာလုပ်သင့်လဲဆိုတာကိုလာတိုင်ပင်တာပါ

ညီမနဲ့ညီမကောင်လေးနဲ့က ချစ်သူဖြစ်တာ4နှစ်လောက်ရှိပါပြီ

အိမ်ကလည်းသဘောတူထားပါတယ်

ဒါပေမယ့် သူကအရမ်းသဝန်တိုလွန်းတယ်

အပြင်သူငယ်ချင်းတွေနဲ့သွားမယ်ဆိုရင်လည်းအမျိုးမျိုးပြသာနာရှာပါတယ်

အဲ့တော့ညီမစိတ်ပင်ပန်းရပါတယ်

တဖြေးဖြေးနဲ့ညီမသူ့ကိုမချစ်တော့သလိုပါပဲ

နောက်တစ်ခုက အရမ်းဟန်ဆောင်ကောင်းပါတယ်

ပြသာနာတစ်ခုဖြစ်ရင် အိမ်ကိုသူပဲအမှန်ပြောသလိုနဲ့တစ်ခုခုဆို အမေနဲ့တိုင်ပြောပါတယ်

ညီမကိုမယုံကြည်ပါဘူးညီမပြောသမျှကိုလိမ်နေတယ်ပဲထင်နေတာပါ

အဲ့တော့ညီမဘာဆက်လုပ်သင့်လဲဟင်

အကြံညဏ်လေးများပေးကြပါ ဒီလိုယောကျာ်းမျိုးကို ယူသင့်လား မယူသင့်ဘူးလား ကူညီပေးကြပါ












