ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၂၀

စိတ်ကျရောဂါကြီးကြီးမားမားခံစားခဲ့ဖူးတဲ့သူပါ ဆေးပြင်းတွေသောက်ခဲ့ဖူးပြီး အဲ့ဆေးဒဏ်တွေကိုတော်တော်လည်းခံစားခဲ့ရပါတယ်

ဆရာဝန်တွေကတော့ Panic disorderလို့ပြောပါတယ် ဖြစ်လာရင်ခြေဖျားလက်ဖျားအေး ရင်ဘတ်အောင့်ပြီး သတိလစ်ပါတယ်

နှစ်နှစ်ကျော်လောက်ခံစားပြီးတော့ အရမ်းချစ်ရတဲ့ချစ်သူရှိလာပါတယ်

သူရဲ့ဂရုစိုက်မှုတွေကြောင့်အခုတော့ တော်တော်လေးသက်သာလာပြီဆိုပေမယ့် တခါတခါ စိတ်ဖောက်တုန်းပါ

ချစ်သူကတတ်နိုင်သမျှစိတ်ဝေဒနာသမားကို လမ်းမှန်ရောက်အောင်ဂရုစိုက်ပေးတယ်ဆိုပေမယ့် စိတ်ဝေဒနာသည်ကိုနားလည်ဖို့မလွယ်လို့ အပူတွေတော့အကုန်ရင်မဖွင့်ပြခဲ့ပါဘူး

သူကိုလည်းအပူမဟပ်စေချင်လို့ပါ ငယ်ငယ်တည်းကမိဘရဲ့အချစ်မခံရသလို ဂရုစိုက်မခံရတဲ့သူပါ

သူငယ်တန်းကနေဆယ်တန်း တက္ကသိုလ်အထိစာပဲလုပ်ရပြီး အိမ်ကအရမ်းကျပ်တဲ့အထဲပါပါတယ်

ကျောင်းတုန်းကလည်းအိမ်ကသူတို့ပေါင်းခိုင်းတဲ့သူငယ်ချင်းနဲ့ပဲပေါင်းခိုင်းလို့​အပေါင်းအသင်းနည်းပါတယ်

​ေဆွမျိုးလည်းမရှိသလို ရှိတဲ့နည်းနည်းမှာလည်း သူငယ်ချင်းအစစ်လည်းမရှိခဲ့ပါဘူး

မိဘတွေပေါင်းခိုင်းတဲ့သူတွေက စာအရမ်းတော်တာမျိုး အရမ်းချမ်းသာတာမျိုးဖြစ်နေတော့ ကိုယ့်ကိုခပ်ခွာခွာလုပ် ကိုယ်နဲကီးမကိုက်တော့

တခြားသူငယ်ချင်းပေါင်းမိပြန်တော့လည်းတော်တော်များများကအားနာတတ်တာ အယုံလွယ်တာကိုအသုံးချပြီး သာပေါင်းညာစားတွေများပါတယ် မနာလိုအတိုက်အခိုက်လည်း အရမ်းများခဲ့ပါတယ်

ဘာလို့များရလဲတော့ တကယ်မသိတာအမှန်ပါ ကိုယ်ကသူငယ်ချင်းတွေအပေါ် ငွေအားလူအား စိတ်ရင်းအမှန်နဲ့ ကူညီခဲ့ပေမယ့် ပြန်ရတာ နောက်ကျောဓါးနဲ့ထိုးတာမျိုး

ကိုယ့်ရည်းစားကို လုသွားတာမျိုး မနာလိုလို့ ကိုယ့်အိမ်ထောင်ကွဲဖူးတဲ့အတိတ်ကို ထိုးနှက်တာမျိုး ခနခနခံရတဲ့သူပါ

သူငယ်ချင်းပေါင်းရမှာလည်းအရမ်းကြောက်နေပါပြီ

သူငယ်ချင်းကြောင့်လည်း အရမ်းငိုခဲ့ရဖူးပါတယ် မိသားစုအချစ်မခံရတော့ သူငယ်ချင်းကိုလည်းအရမ်းသံယောဇဉ်တွယ်တတ်သူပါ

မိန်းကလေးသူငယ်ချင်းပေါင်းလိုက်တိုင်း မနာလိုလို့ ကိုယ့်အပေါ် ထိုးနှက်သွားကြတာများပါတယ်

ကိုယ့်ခံစားချ​က်ကိုဘယ်တော့မှ ရင်ဖွင့်လို့မရခဲ့ပါဘူး သူငယ်ချင်းတွေကလည်းသေချာနားထောင်တဲ့သူမရှိသလိုပြောမိရင်လည်းအရေးမပါသလို ဆက်ဆံတော့ရင်ဖွင့်ရမှာကြောက်မိပါတယ်

အချစ်ရေးမှာလည်း တွဲခဲ့သူ ၉၉%ကကိုယ့်အပေါ် သစ္စာဖောက်တဲ့ သူ ချူစားတဲ့သူတွေကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရဖူးပါတယ်

အဲ့စိတ်ဝေဒနာကြောင့်အိမ်ထောင်လည်းကွဲခဲ့ဖူးပါတယ်

အဲ့ဒါကြောင့်လည်း စိတ်ရောဂါဖြစ်ခဲ့ရတာပါ အလုပ်မှာကလည်း အတင်းပြောတဲ့သူနဲ့ နိုင်ထက်စီးနင်းသမားတွေကြောင့် stressအရမ်းရနေပါတယ်

အလုပ်ထွက်ဖို့ ကြိုးစားနေပေမယ့် စားဝတ်နေရေးကြောင့် ရုန်းမထွက်နိုင်သေးပါဘူး

အခုဘာဖြစ်နေလဲဆ်ုတော့ အရင်က tay မှာမကြောက်ပါဘူး ဘာလို့လဲဆိုတော့ ကိုယ် tay ကြောင်းကြံတာကိုတောင်ဘယ်သူမှမသိဂရုမစိုက် ကိုယ့်ဖြစ်တည်မှုကို အလေးမထားတဲ့ပတ်ဝန်းကျင်မှာနေရလို့ပါ tay ကြောင်းခနခန ကြံစည်ဖူးပါတယ်

အခုချစ်ရတဲ့သူရှိလာတော့ tay ရမှာကြောက်လာပါတယ်

နည်းနည်းလောက်ရင်ဘတ်အောင့် နေမကောင်းဖြစ်လာရင်တော့ သံယောဇဉ်တွယ်မိတဲ့ တယောက်ကိုခွဲရမှာ အရမ်းကြောက်မိလာပါတယ်

ရောဂါတခုခုဖြစ်မှာအချိန်တိုင်းကြောက်နေပြီး ချစ်ရတဲ့သူကိုခွဲမှာကြောက်နေပါတယ်

ဘုရားတရားကိုများများဖိလုပ်ပြီး စိတ်ဖြေရတယ်ဆိုပေမယ့်တချက်ချက်ရင်ဖွင့်စကားစကားပြောစရာရယ်လို​့ မရှိလာတဲ့အခါ အတွေးလွန်လာရင် မသက်သာပါဘူး

ရင်ဘတ်တွေအောင့် ခြေဖျားလက်ဖျားအေးပြီးအသက်ရှုကြပ်တဲ့ထိဖြစ်ပါတယ် ဘယ်လိုနေရမယ်ဆိုတာအကြံလေးပေးကြပါနော်..

စိတ္က်ေရာဂါႀကီးႀကီးမားမားခံစားခဲ့ဖူးတဲ့သူပါ ေဆးျပင္းေတြေသာက္ခဲ့ဖူးၿပီး အဲ့ေဆးဒဏ္ေတြကိုေတာ္ေတာ္လည္းခံစားခဲ့ရပါတယ္

ဆရာဝန္ေတြကေတာ့ Panic disorderလို႔ေျပာပါတယ္ ျဖစ္လာရင္ေျခဖ်ားလက္ဖ်ားေအး ရင္ဘတ္ေအာင့္ၿပီး သတိလစ္ပါတယ္

ႏွစ္ႏွစ္ေက်ာ္ေလာက္ခံစားၿပီးေတာ့ အရမ္းခ်စ္ရတဲ့ခ်စ္သူရွိလာပါတယ္

သူရဲ႕ဂ႐ုစိုက္မႈေတြေၾကာင့္အခုေတာ့ ေတာ္ေတာ္ေလးသက္သာလာၿပီဆိုေပမယ့္ တခါတခါ စိတ္ေဖာက္တုန္းပါ

ခ်စ္သူကတတ္ႏိုင္သမွ်စိတ္ေဝဒနာသမားကို လမ္းမွန္ေရာက္ေအာင္ဂ႐ုစိုက္ေပးတယ္ဆိုေပမယ့္ စိတ္ေဝဒနာသည္ကိုနားလည္ဖို႔မလြယ္လို႔ အပူေတြေတာ့အကုန္ရင္မဖြင့္ျပခဲ့ပါဘူး

သူကိုလည္းအပူမဟပ္ေစခ်င္လို႔ပါ ငယ္ငယ္တည္းကမိဘရဲ႕အခ်စ္မခံရသလို ဂ႐ုစိုက္မခံရတဲ့သူပါ

သူငယ္တန္းကေနဆယ္တန္း တကၠသိုလ္အထိစာပဲလုပ္ရၿပီး အိမ္ကအရမ္းက်ပ္တဲ့အထဲပါပါတယ္

ေက်ာင္းတုန္းကလည္းအိမ္ကသူတို႔ေပါင္းခိုင္းတဲ့သူငယ္ခ်င္းနဲ႔ပဲေပါင္းခိုင္းလို႔​အေပါင္းအသင္းနည္းပါတယ္

​ေဆြမ်ိဳးလည္းမရွိသလို ရွိတဲ့နည္းနည္းမွာလည္း သူငယ္ခ်င္းအစစ္လည္းမရွိခဲ့ပါဘူး

မိဘေတြေပါင္းခိုင္းတဲ့သူေတြက စာအရမ္းေတာ္တာမ်ိဳး အရမ္းခ်မ္းသာတာမ်ိဳးျဖစ္ေနေတာ့ ကိုယ့္ကိုခပ္ခြာခြာလုပ္ ကိုယ္နဲကီးမကိုက္ေတာ့

တျခားသူငယ္ခ်င္းေပါင္းမိျပန္ေတာ့လည္းေတာ္ေတာ္မ်ားမ်ားကအားနာတတ္တာ အယုံလြယ္တာကိုအသုံးခ်ၿပီး သာေပါင္းညာစားေတြမ်ားပါတယ္ မနာလိုအတိုက္အခိုက္လည္း အရမ္းမ်ားခဲ့ပါတယ္

ဘာလို႔မ်ားရလဲေတာ့ တကယ္မသိတာအမွန္ပါ ကိုယ္ကသူငယ္ခ်င္းေတြအေပၚ ေငြအားလူအား စိတ္ရင္းအမွန္နဲ႔ ကူညီခဲ့ေပမယ့္ ျပန္ရတာ ေနာက္ေက်ာဓါးနဲ႔ထိုးတာမ်ိဳး

ကိုယ့္ရည္းစားကို လုသြားတာမ်ိဳး မနာလိုလို႔ ကိုယ့္အိမ္ေထာင္ကြဲဖူးတဲ့အတိတ္ကို ထိုးႏွက္တာမ်ိဳး ခနခနခံရတဲ့သူပါ

သူငယ္ခ်င္းေပါင္းရမွာလည္းအရမ္းေၾကာက္ေနပါၿပီ

သူငယ္ခ်င္းေၾကာင့္လည္း အရမ္းငိုခဲ့ရဖူးပါတယ္ မိသားစုအခ်စ္မခံရေတာ့ သူငယ္ခ်င္းကိုလည္းအရမ္းသံေယာဇဥ္တြယ္တတ္သူပါ

မိန္းကေလးသူငယ္ခ်င္းေပါင္းလိုက္တိုင္း မနာလိုလို႔ ကိုယ့္အေပၚ ထိုးႏွက္သြားၾကတာမ်ားပါတယ္

ကိုယ့္ခံစားခ်​က္ကိုဘယ္ေတာ့မွ ရင္ဖြင့္လို႔မရခဲ့ပါဘူး သူငယ္ခ်င္းေတြကလည္းေသခ်ာနားေထာင္တဲ့သူမရွိသလိုေျပာမိရင္လည္းအေရးမပါသလို ဆက္ဆံေတာ့ရင္ဖြင့္ရမွာေၾကာက္မိပါတယ္

အခ်စ္ေရးမွာလည္း တြဲခဲ့သူ ၉၉%ကကိုယ့္အေပၚ သစၥာေဖာက္တဲ့ သူ ခ်ဴစားတဲ့သူေတြေၾကာင့္ စိတ္ဒဏ္ရာႀကီးႀကီးမားမားရဖူးပါတယ္

အဲ့စိတ္ေဝဒနာေၾကာင့္အိမ္ေထာင္လည္းကြဲခဲ့ဖူးပါတယ္

အဲ့ဒါေၾကာင့္လည္း စိတ္ေရာဂါျဖစ္ခဲ့ရတာပါ အလုပ္မွာကလည္း အတင္းေျပာတဲ့သူနဲ႔ ႏိုင္ထက္စီးနင္းသမားေတြေၾကာင့္ stressအရမ္းရေနပါတယ္

အလုပ္ထြက္ဖို႔ ႀကိဳးစားေနေပမယ့္ စားဝတ္ေနေရးေၾကာင့္ ႐ုန္းမထြက္ႏိုင္ေသးပါဘူး

အခုဘာျဖစ္ေနလဲဆ္ုေတာ့ အရင္က tay မွာမေၾကာက္ပါဘူး ဘာလို႔လဲဆိုေတာ့ ကိုယ္ tay ေၾကာင္းႀကံတာကိုေတာင္ဘယ္သူမွမသိဂ႐ုမစိုက္ ကိုယ့္ျဖစ္တည္မႈကို အေလးမထားတဲ့ပတ္ဝန္းက်င္မွာေနရလို႔ပါ tay ေၾကာင္းခနခန ႀကံစည္ဖူးပါတယ္

အခုခ်စ္ရတဲ့သူရွိလာေတာ့ tay ရမွာေၾကာက္လာပါတယ္

နည္းနည္းေလာက္ရင္ဘတ္ေအာင့္ ေနမေကာင္းျဖစ္လာရင္ေတာ့ သံေယာဇဥ္တြယ္မိတဲ့ တေယာက္ကိုခြဲရမွာ အရမ္းေၾကာက္မိလာပါတယ္

ေရာဂါတခုခုျဖစ္မွာအခ်ိန္တိုင္းေၾကာက္ေနၿပီး ခ်စ္ရတဲ့သူကိုခြဲမွာေၾကာက္ေနပါတယ္

ဘုရားတရားကိုမ်ားမ်ားဖိလုပ္ၿပီး စိတ္ေျဖရတယ္ဆိုေပမယ့္တခ်က္ခ်က္ရင္ဖြင့္စကားစကားေျပာစရာရယ္လို​့ မရွိလာတဲ့အခါ အေတြးလြန္လာရင္ မသက္သာပါဘူး

ရင္ဘတ္ေတြေအာင့္ ေျခဖ်ားလက္ဖ်ားေအးၿပီးအသက္ရႈၾကပ္တဲ့ထိျဖစ္ပါတယ္ ဘယ္လိုေနရမယ္ဆိုတာအႀကံေလးေပးၾကပါေနာ္..