ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၂၁

အကြံလေး ၀ိုင်းပေးကြပါအုန်းရှင့်

၂နှစ်တွဲခဲ့တဲ့ကောင်လေးက ခုသီတင်းကျွတ်ပြီးရင် ယူဖို့လုပ်ထားခဲ့တာ

မိဘတွေနဲ့လဲ အ၀င်အထွက်ရှိပါတယ်

အဲ့တာ ပြီးခဲ့တဲ့ ၁ပတ်က အရက်သောက်လို့ စိတ်ဆိုးပြီး စကားမပြောမိတဲ့

အဆက်အသွယ်မလုပ်မိတဲ့ ၃ရက်မှာ အခြားမိန်းမတယောက်နဲ့ ညားသွားပါတယ်

သူကတော့အပေါင်းအသင်းတွေမြှောက်ပေးလို့ ဖြစ်သွားရတာပါ

အချိနိ ခဏပဲစောင့် ရအောင်ပြန်လာခဲ့မယ်ပြောနေပါတယ်

ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါဘူး

နှလုံးအောင့်ပြီး နေမကောင်းဖြစ်တဲ့အထိ ခံစားရတယ်

သူ့အဖေကိုဖုန်းဆက်မေးတော့ ကြားတဲ့သီတင်းကဟုတ်ပါတယ်တဲ့

သူတို့လဲ အံသြနေတာတဲ့ ဘယ်လိုတွေဖြစ်ကုန်တာလဲဆိုပြီး

ကျမကို ဖုန်းဆက်မေးရမှာအားနာလို့တဲ့

သူတို့ကတော့ သူတို့သားခေါ်လာတဲ့ ဘယ်သူ့ကိုမဆို မိဘတို့ ၀တ္တရားနဲ့အညီ လုပ်ပေးရမှာပါပဲတဲ့

ကျမကပဲ နားလည်ပေးလိုက်ပါတဲ့

အဲ့ကောင်ကလဲ ကျမကိုနည်းမျိုးစုံနဲ့ဆက်သွယ်နေပါတယ်

အချိန်ခဏ စောင့်ပေးဖို့ပဲပြောနေပါတယ်

ကျမကတော့လုံး၀ မကျေနပ်နိုင်ပါဘူး

ကျမ ဘာဆက်လုပ်သင့်ပါသလဲ

(ကျမကတော့ တခုခုပြန်လုပ်ချင်ပါတယ် လုံး၀မျကျနပ်နိုင်ပါဘူး)


















