please အကြံလေးပေးကြပါအုံးနော်
ညီမ ညီမကောင်လေးနဲ့တွဲတာ ၅နှစ်နီးပါးရှိခဲ့တယ်
စကားအပြောအဆို အခန့်မသင့်လို့ ရန်ဖြစ်တယ်
ပြီးတော့ သူကသူ့မိသားစုကိစ္စအဆင်မပြေလို့ သူတယောက်ထဲနေချင်တယ်ပြောပြီးထားသွားတာပါ
ညီမနဲ့ပြတ်မယ်လို့လဲတစ်ခွန်းမှမပြောထွက်ခဲ့ပါဘူး
ညီမသူငယ်ချင်းတေနဲ့မေးခိုင်းတော့ သူကပြတ်သွားပြီတဲ့…
တစ်လကြာတော့ သူကနောက်ကောင်မလေးရနေပြီ
အ့လိုနဲ့ညီမလဲစိတ်ထွက်ပေါက်ရှာပြီး ကောင်လေးတစ်ယောက်နဲ့တွဲလိုက်တယ်
ဒါကိုသူသိပြီးတော့ ညီမဆီပြန်လာတယ်
သူမှားခဲ့ကြောင်း သူ့ကြောင့်ထပ်စိတ်မညစ်စေလိုကြောင်းပြောတယ်
ညီမလဲသူ့ကိုချစ်နေသေးတော့ ပြန်လက်ခံလိုက်တယ်
ကောင်လေးအသစ်နဲ့လဲပြတ်သွားပါတယ်
အ့နဲ့သူက စေ့စပ်ထားဖို့ပြောတယ် ဒါမယ့်မသေချာမရေရာ ရက်အတိအကျလဲမပြောဘူး
ပြီးတော့ သူတွဲခဲ့တဲ့ကောင်မလေးနဲ့လဲအဆက်အသွယ်ရှိနေတုန်းပါ ညီမ ဘာလုပ်သင့်လဲရှင့်