ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၂၉

Hello အားလုံးဘဲမဂ်လာပါရှင်။

ညီမအကြောင်းရင်ဖွင့်ချင်တာမဟုတ်ပေမယ့် ညီမတို့မြန်မာနိုင်ငံသူ၊

နိုင်ငံသားတွေရဲ့ ရင်နာစရာကောင်းတဲ့အကြောင်းကို ရင်ဖွင့်ချင်လို့ပါရှင်။

ညီမက တရုတ်ပြည်မှာရောက်နေတဲ့သူပါရှင်။

ညီမတို့ငယ်ငယ်က ညီမတို့ကိုလူကြီးတွေက ပြောပြလို့သိခဲ့ရဘူးတယ်ရှင်။

မြန်မာပြည်က ကျောက်စိမ်းတွေ တအားထွက်တယ်ဆိုတာကိုပေါ့။

ကျောက်စိမ်းတွေ ဒီလောက်ထွက်ပါရဲ့ ညီမတို့ပြည်သူတွေက ဘာလို့ဒီလောက်ထိ မွဲ ပြာ ကျနေလည်းမသိခဲ့ဘူးရှင်။

ခုတရုတ်ပြည်ရောက်မှ ညီမတို့မြန်မာ ပြည်က ကျောက်စိမ်းတွေမတရားထွက်မှန်း လက်တွေ့မြင်နေရတယ်ရှင်။

နေ့စဥ်နှင့်အမျှ ညီမတို့သူဌေး။သူဌေးသူငယ်ချင်းတွေ မြန်မာပြည်က ကျောက်စိမ်းတွေ ကားနဲ့သယ်လာတိုင်း၊

တစ်ချို့ကျောက်စိမ်းတုံးကြီးတွေဆိုကြီးလွန်းလို့ ဘတ်ဖိုးကားကြီးနဲ့တောင်သယ်ရတယ်ရှင်။

အဲ့လိုနေ့စဥ်နှင့်အမျှ မြင်တဲ့အချိန်တကယ်ရင်နာမိတယ်။

ညီမရောက်နေတဲ့မြို့ဆို များသောအားဖြင့် ကျောက်စိမ်းအရောင်းအဝယ်လုပ်ပြီးချမ်းသာနေကြတဲ့သူတွေများတယ်ရှင်။

ထားစရာမရှိအောင်ချမ်းသာနေတဲ့သူလိုက်ကြည့်လိုက် အကုန်လုံးကျောက်စိမ်းအရောင်းအဝယ်လုပ်ပြီးချမ်းသာနေတဲ့သူတွေကြီးဘဲရှင်။

ညီမ နေ တဲ့လက်တကမ်းမှာဆိုရင် ကျောက်အရောင်းဆိုင် တွေကြီးဘဲရှင်။

တချို့တရုတ်တွေဆိုမြန်မာသွေး ဘာသွေးမှတောင်မရောနောဘဲ မြန်မာမှတ်ပုံတင်တွေတောင်ကိုင်ဆောင်ထားကြတယ်ဆိုတာတကယ်အံ့ သြလို့မဆုံးပါရှင်။

အဲ့ဒီအကြောင်းကလည်းညီမကို လွန်ခဲ့တဲ့နှစ်က သူကိုယ်တိုင် ညီမကို ဘယ်ဇာတိ ကလဲလို့မေးရင်းပြောပြလို့သိတာရှင်။

အမှန် ဆို မြန်မာပြည်သူတွေဘဲခံစားခွင့်ရှိတာမလား။

မြန်မာလူမျိုးတွေ ဆို တရုတ်နိုင်ငံမှာ အနုိင်ကျင့်ခံနေရသလောက် ညီမတို့မြန်မာနိုင်ငံမှာတော့ တရုတ်လူမျိုးတွေကြ အခွင့်ထူးခံလူတန်းစားအနေနဲ့ ဆက်ဆံနေတဲ့သူတွေကို တွေ့ရင်တကယ်ကိုရွံမုန်းမိတယ်ရှင်။

ညီမတို့မြန်မာပြည်သူတွေ ကြ ဒီမှာရောက်နေတဲ့သူတွေကိုတောင် 2021 ခုနှစ်တုန်း ကဆုိရင် နေထိုင်ခွင့်ရှိတဲ့သူရော ၊

မရှိတဲ့သူရော တစ်နေ့တစ်နေ့ ရောဂါတွေ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မာပြည်ကို ပစ္စည်းထုတ်ဖို့အချိန်သုံးရက်ဘဲပေးပြီး ပြန်လွှတ်ခံရတဲ့လူဦးရေထောင်ချီရှိတယ်ရှင်။

ညီမ အသိတွေရော ညီမတွေရောအဲ့တုန်းကအကုန် ပါကုန်တာရှင်။

တရုတ်တွေ ဟာ အကုန် sout ကျင့်တစ်ယောက်မှမကောင်းကြဘူးရှင်။

အမှန်ဆို မြန်မာပြည်အဆင်မပြေနေတဲ့အချိန် ပြန်မလွှတ်သင့်တာမဟုတ်လား။

သူတို့တော်တော်များများပြန်လွှတ်ခဲ့တာရှင်။တကယ် တွေးပါများရင် ရင်နာလွန်းလို့မဆုံးပါရှင်။

ပထမဆုံးစာအရှည်ကြီးရေးမိတာမို့အမှားပါသွားရင် ခွင့်လွှတ်ပေးပါရှင်


















မြန်မာလူမျိုးတွေ ဆို တရုတ်နိုင်ငံမှာ အနိုင်ကျင့်ခံနေရသလောက် ညီမတို့မြန်မာနိုင်ငံမှာတော့ တရုတ်လူမျိုးတွေကြ အခွင့်ထူးခံလူတန်းစားအနေနဲ့ ဆက်ဆံနေတဲ့သူတွေကို တွေ့ရင်တကယ်ကိုရွံမုန်းမိတယ်ရှင်။

ညီမတို့မြန်မာပြည်သူတွေ ကြ ဒီမှာရောက်နေတဲ့သူတွေကိုတောင် 2021 ခုနှစ်တုန်း ကဆိုရင် နေထိုင်ခွင့်ရှိတဲ့သူရော ၊





