ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၃၀

သူနဲ့ကျွန်မနဲ့ အိမ်ထောင်သက်က ၇ နှစ်ရှိပါပြီ..

ပြဿနာက ခုနောက်ပိုင်းလွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ကျွန်မကို ဂရုမစိုက်တော့တာ..

ရှာသမျှ ရသမျှပိုက်ဆံကိုလည်း အကုန်ပြန်အပ်တယ်လို့တော့ ထင်ရပါတယ်

(အရင်က ကုမ္ပဏီအလုပ်ပါ..ခုတော့ ကျွန်မအဖေဝယ်ပေးတဲ့ကားနဲ့ Taxi မောင်းပါတယ်)..

မိန်းမ အရှုပ်အရှင်း ရှိတယ်ဆိုတဲ့ အရိပ်အယောင်လည်း မတွေ့ရပါဘူး..

ဒါပေမယ့် ခုနောက်ပိုင်း သူ့ဘက်က အေးစက်စက်နဲ့ ဝတ္တရားမပြတ်အောင် ဆက်ဆံတယ်ဆိုရုံပါပဲ..

မနက်မိုးလင်းကနေ မိုးချုပ် ည ၇ နာရီလောက်ထိ အလုပ်သွား ..ပြန်လာ..

ထမင်းစား..ဂိမ်းဆော့..ဖုန်းသုံးပြီး အိပ်တော့တာပါပဲ..

ဘာစကားတစ်ခွန်းမှ မပြော သလောက်ပါ..အတူ နေ တယ်ဆိုတာလည်း တစ်လ မှ တစ်ကြိမ် နှစ်ကြိမ်လောက်ပါပဲ..

ကျွန်မလည်း ကုမ္ပဏီ ဝန်ထမ်းဖြစ်တဲ့အတွက် အလုပ်ထဲ စိတ်ဖိစီးမှု..အိမ်မှုကိစ္စတွေနဲ့ ချက်ရပြုတ်ရတာ တစ်ခါတလေ အသက်မရှုနိုင်လောက်အောင် အရမ်းပင်ပန်းပါတယ်..

ဒါကိုတောင် အရင်ကလို ဝင်ကူမလုပ်ပေးတော့ ပါဘူး..

လုပ်ခိုင်းရင်လည်း သူက ဒီလောက် စီးပွားရှာပင်ပန်းနေတာတောင် သူ့ကိုခိုင်းလို့ စိတ်ဆိုးပါတယ်

(သူ့ဝင်ငွေနဲ့ ကျွန်မဝင်ငွေ အတူတူလောက်ပါပဲ)..

ခုလည်း လွန်ခဲ့တဲ့ ငါးလလောက်ကစပြီး သူက ကလေးယူမယ်ပြောလို့ တားဆေးသုံးတာ ရပ်လိုက်ပါတယ်..

ခုကျ သူလိုချင်တဲ့ အချိန် (အိမ်ထောင်ကျစက) ယူမယ်ပြောတုန်းက ကျွန်မက မယူခဲ့လို့တဲ့..

ခုက သူလိုချင်တဲ့ အချိန်မဟုတ်တော့ဘူးတဲ့လေ..

နောက်ပြဿနာတစ်ခုက ကျွန်မက သူနဲ့ ညအိပ် ခရီးတိုလေးတစ်ခုလောက်ထွက်ဖို့ အကြိမ်ကြိမ် ပြောကြည့်ပါတယ်..

သူ့ အဖြေက တိုင်းပြည် ဒီလိုဖြစ်နေတဲ့အချိန်မှာ သူအဲ့လို မသွားနိုင်ဘူး တဲ့ လေ..

နင်မို့လို့ခရီးထွက်ပြီး ပျော်နိုင်တယ်တဲ့..တကယ်တော့ကျွန်မလည်း ပျော်ချင်လို့သွားမှာ မဟုတ်ပါဘူး..

ကျွန်မနဲ့ သူနဲ့ ဆက်ဆံရေးလေးပြန်ကောင်းချင်ရုံလေးပါ..

နိုင်ငံရေးကို အကြောင်းပြတာ အဓိပ္ပါယ်မရှိဘူး ..ရှင်ဘာဖြစ်လို့ ခုလို အေးစက်စက် ဆက်ဆံနေတာလည်းလို့မေးလည်း ပြန်မဖြေပါဘူး..

နောက်ဆုံး ကျွန်မရဲ့ ငယ်သူငယ်ချင်း မိန်းကလေး(သူနဲ့လည်း ရင်းနှီးတဲ့ကောင်မလေး)နဲ့ ခရီးထွက်မယ်ပြောတော့ သူ့ကို မခေါ်လို့ဆိုပြီး စိတ်ဆိုးပါတယ်..

ကျွန်မဘာဆက်လုပ်ရမလဲ..သူရဲ့အေးတိအေးစက်ဆက်ဆံပုံကို သည်းခံပြီး အိမ်ထောင်သက်ကြာလာလို့ ဖြစ်တတ် တယ်လို့ ဖြည့်တွေးပေမယ့်

သူဂရုစိုက်တာတော့ လိုချင်တာ အမှန်ပါ..အရမ်းလည်း ပင်ပန်းပူလောင်လွန်းလို့ ရင်ဖွင့်လိုက်တာပါနော်..

သူနဲ႔ကြၽန္မနဲ႔ အိမ္ေထာင္သက္က ၇ ႏွစ္ရွိပါၿပီ..

ျပႆနာက ခုေနာက္ပိုင္းလြန္ခဲ့တဲ့ သုံးႏွစ္ေလာက္ကစၿပီး ကြၽန္မကို ဂ႐ုမစိုက္ေတာ့တာ..

ရွာသမွ် ရသမွ်ပိုက္ဆံကိုလည္း အကုန္ျပန္အပ္တယ္လို႔ေတာ့ ထင္ရပါတယ္

(အရင္က ကုမၸဏီအလုပ္ပါ..ခုေတာ့ ကြၽန္မအေဖဝယ္ေပးတဲ့ကားနဲ႔ Taxi ေမာင္းပါတယ္)..

မိန္းမ အရႈပ္အရွင္း ရွိတယ္ဆိုတဲ့ အရိပ္အေယာင္လည္း မေတြ႕ရပါဘူး..

ဒါေပမယ့္ ခုေနာက္ပိုင္း သူ႔ဘက္က ေအးစက္စက္နဲ႔ ဝတၱရားမျပတ္ေအာင္ ဆက္ဆံတယ္ဆို႐ုံပါပဲ..

မနက္မိုးလင္းကေန မိုးခ်ဳပ္ ည ၇ နာရီေလာက္ထိ အလုပ္သြား ..ျပန္လာ..

ထမင္းစား..ဂိမ္းေဆာ့..ဖုန္းသုံးၿပီး အိပ္ေတာ့တာပါပဲ..

ဘာစကားတစ္ခြန္းမွ မေျပာ သေလာက္ပါ..အတူ ေန တယ္ဆိုတာလည္း တစ္လ မွ တစ္ႀကိမ္ ႏွစ္ႀကိမ္ေလာက္ပါပဲ..

ကြၽန္မလည္း ကုမၸဏီ ဝန္ထမ္းျဖစ္တဲ့အတြက္ အလုပ္ထဲ စိတ္ဖိစီးမႈ..အိမ္မႈကိစၥေတြနဲ႔ ခ်က္ရျပဳတ္ရတာ တစ္ခါတေလ အသက္မရႈႏိုင္ေလာက္ေအာင္ အရမ္းပင္ပန္းပါတယ္..

ဒါကိုေတာင္ အရင္ကလို ဝင္ကူမလုပ္ေပးေတာ့ ပါဘူး..

လုပ္ခိုင္းရင္လည္း သူက ဒီေလာက္ စီးပြားရွာပင္ပန္းေနတာေတာင္ သူ႔ကိုခိုင္းလို႔ စိတ္ဆိုးပါတယ္

(သူ႔ဝင္ေငြနဲ႔ ကြၽန္မဝင္ေငြ အတူတူေလာက္ပါပဲ)..

ခုလည္း လြန္ခဲ့တဲ့ ငါးလေလာက္ကစၿပီး သူက ကေလးယူမယ္ေျပာလို႔ တားေဆးသုံးတာ ရပ္လိုက္ပါတယ္..

ခုက် သူလိုခ်င္တဲ့ အခ်ိန္ (အိမ္ေထာင္က်စက) ယူမယ္ေျပာတုန္းက ကြၽန္မက မယူခဲ့လို႔တဲ့..

ခုက သူလိုခ်င္တဲ့ အခ်ိန္မဟုတ္ေတာ့ဘူးတဲ့ေလ..

ေနာက္ျပႆနာတစ္ခုက ကြၽန္မက သူနဲ႔ ညအိပ္ ခရီးတိုေလးတစ္ခုေလာက္ထြက္ဖို႔ အႀကိမ္ႀကိမ္ ေျပာၾကည့္ပါတယ္..

သူ႔ အေျဖက တိုင္းျပည္ ဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ သူအဲ့လို မသြားႏိုင္ဘူး တဲ့ ေလ..

နင္မို႔လို႔ခရီးထြက္ၿပီး ေပ်ာ္ႏိုင္တယ္တဲ့..တကယ္ေတာ့ကြၽန္မလည္း ေပ်ာ္ခ်င္လို႔သြားမွာ မဟုတ္ပါဘူး..

ကြၽန္မနဲ႔ သူနဲ႔ ဆက္ဆံေရးေလးျပန္ေကာင္းခ်င္႐ုံေလးပါ..

ႏိုင္ငံေရးကို အေၾကာင္းျပတာ အဓိပၸါယ္မရွိဘူး ..ရွင္ဘာျဖစ္လို႔ ခုလို ေအးစက္စက္ ဆက္ဆံေနတာလည္းလို႔ေမးလည္း ျပန္မေျဖပါဘူး..

ေနာက္ဆုံး ကြၽန္မရဲ႕ ငယ္သူငယ္ခ်င္း မိန္းကေလး(သူနဲ႔လည္း ရင္းႏွီးတဲ့ေကာင္မေလး)နဲ႔ ခရီးထြက္မယ္ေျပာေတာ့ သူ႔ကို မေခၚလို႔ဆိုၿပီး စိတ္ဆိုးပါတယ္..

ကြၽန္မဘာဆက္လုပ္ရမလဲ..သူရဲ႕ေအးတိေအးစက္ဆက္ဆံပုံကို သည္းခံၿပီး အိမ္ေထာင္သက္ၾကာလာလို႔ ျဖစ္တတ္ တယ္လို႔ ျဖည့္ေတြးေပမယ့္

သူဂ႐ုစိုက္တာေတာ့ လိုခ်င္တာ အမွန္ပါ..အရမ္းလည္း ပင္ပန္းပူေလာင္လြန္းလို႔ ရင္ဖြင့္လိုက္တာပါေနာ္..