ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၃၃

မဂ်လာပါ မမတို့ရေ အကြံဉာဏ်လေး တောင်းချင်သလို ရင်ဖွင့်ချင်တာလေးလဲရှိလို့ပါ

ညမမှာ ကောင်လေးရှိပါတယ်

ညမထက်လဲ5နှစ်ကြီးပါတယ် တွဲလာတာလဲနောက်2လနေရင်3နှစ်ပြည့်ပါပီ

ညမသူ့ကို ယူဖို့ထိစိတ်ကူးထားပါတယ် တယောက်ကိုတယောက်လဲ သစ္စာ ရှိကြပါတယ်

ခက်တာက သူက အရက်ဆေးလိပ် ကွမ်းအကုန်စားသုံးတတ်ပါတယ်

ညမမယူခင်တွေးပူနေတာပါ ယူပီးရင် အရက်သောက်ပီး မူးလို့ရိုက်နှပ်ဆဲဆိုတာ မျိုးတွေပါ

အလိုတွေဖစ်မှာ အရမ်းကြောက်နေမိတယ်

ခုချိန်ထိလဲ သူသောက်ပီး ညမနဲ့phပြောရင် ကန့်လန့်တွေပြောပီး တယောက်တခွန်းဆဲဆိူနေကြရတာကြည့်ပါပဲ

သူကတော့ ယူပီးရင် မသောက်တော့ပါဘူးလို့ ခနခနဂတိတွေပေးပါတယ်

အဓိက က ညမ မိဘတွေအတွက် ပါစဥ်းးစားပီးတွေးပူနေရတာပါ

မိဘတွေကအနေအေးပီး အေးအေးဆေးဆေး နေတတ်ကြတဲ့သူတွေပါ

ကိုယ်လူရွေးမှားပီး မိဘကိုစိတ် ဒုက္ခ ပေးမိသလိုဖစ်မှာစိုးရိမ်တယ်

သူကတော့ဒီနှစ်ကုန်ရင် ယူတော့မယ် ပြောပေမဲ့

သူနဲ့အိမ်ထောင်ပြုဖို့ တွေးလိုက်တိုင်း စဥ်းစားရခက်ပီး ဝမ်းနည်းပီး

ငိုချင်သလို သူ့ကိုလဲ သံယောဇဉ် မဖြတ်နိုင်ဖြစ်နေပါတယ်

စာအရေးအသားမတတ်ရင်တောင်းပန်ပါတယ်ရှင့်








ခုချိန်ထိလဲ သူသောက်ပီး ညမနဲ့phပြောရင် ကန့်လန့်တွေပြောပီး တယောက်တခွန်းဆဲဆိုနေကြရတာကြည့်ပါပဲ







