ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၃၄

မင်မင်ရေ အကြံညာဏ်လေးတောင်းပါရစေရှင့် ဘယ်သူ့ကိုမှလည်းရင်မဖွင့်ရဲလို့ပါ

ညီမ တစ်ဖက်သတ်ချစ်မိနေတဲ့ကောင်လေးက ညီမထက် ၈နှစ်လောက်ငယ်ပါတယ်

အဲ့လိုကိုယ်နဲ့အသက်အရွယ်ကွာခြားနေတဲ့ကောင်လေးကိုချစ်နေမိတာ ရှက်စရာကောင်းတယ်လို့ထင်မိပါတယ်

သူ့က်ုမေ့ပြစ်ချင်တယ် ဒါပေမယ့်နေ့တိုင်မြင်နေရလေ ပိုပီးချစ်မိနေလေဖြစ်နေတယ်

ညီမတို့ကတစ်နေရာတည်းမှာအလုပ်အတူတူလုပ်နေကြတဲ့သူတွေပါ.

သူကညီမကိုဆက်ဆံပုံနဲ့တခြားသူတွေကိုဆက်ဆံပုံခြင်းမတူဘူး

တခြားသူတွေနဲ့တော့ပျော်ရွှင်ရယ်မောနေတတ်ပေမယ့် ညီမအပေါ်ကိုဆိုရင်တော့အမြဲစိတ်တိုနေတတ်ပီး

နဲနဲအနိုင်ယူလိုစိတ်လေးရှိတယ်

တခြားသူတွေအပေါ်စိတ်တိုနေရင်တောင် သူ့ဒေါသတွေကိုညီမ အပေါ်ပဲပုံချပီးတော့

ညီမကိုစကားမပြောတော့ဘူး ညီမသူ့ကိုသိပ်ချစ်လွန်းလို့ သူ့ကိုအလိုလိုက်ပါတယ်

သူ့ကိုပဲအမြဲအလျော့ပေးပီးဦးစားပေးခဲ့တယ်

သူ့မျက်နှာတစ်ချက်ညှိုးနေရင်တောင်ညီမတကယ်မနေတတ်တဲ့သူပါ

တခါတလေစဥ်းစားမိတာ “ငါသူ့ကိုချစ်နေတာသူသိနေလို့များငါ့အပေါ် အနိုင်ယူနေတာလား´´ ဆိုပီးစဥ်းစားမိတယ်

မင်မင်ရေ ညီမသူ့ကိုဆက်ချစ်နေသင့်လား မေ့ပြစ်လိုက်သင့်လားဆိုတာညီမကိုအကြံပြုပေးပါအုန်း

“နင်မသိနိုင်လောက်ဘူး ဆိုပေမယ့် ငါ နင့်ကိုသိပ်ချစ်တာပါ ကောင်လေးရေ´´

မင္မင္ေရ အႀကံညာဏ္ေလးေတာင္းပါရေစရွင့္ ဘယ္သူ႔ကိုမွလည္းရင္မဖြင့္ရဲလို႔ပါ

ညီမ တစ္ဖက္သတ္ခ်စ္မိေနတဲ့ေကာင္ေလးက ညီမထက္ ၈ႏွစ္ေလာက္ငယ္ပါတယ္

အဲ့လိုကိုယ္နဲ႔အသက္အ႐ြယ္ကြာျခားေနတဲ့ေကာင္ေလးကိုခ်စ္ေနမိတာ ရွက္စရာေကာင္းတယ္လို႔ထင္မိပါတယ္

သူ႔က္ုေမ့ျပစ္ခ်င္တယ္ ဒါေပမယ့္ေန႔တိုင္ျမင္ေနရေလ ပိုပီးခ်စ္မိေနေလျဖစ္ေနတယ္

ညီမတို႔ကတစ္ေနရာတည္းမွာအလုပ္အတူတူလုပ္ေနၾကတဲ့သူေတြပါ.

သူကညီမကိုဆက္ဆံပုံနဲ႔တျခားသူေတြကိုဆက္ဆံပုံျခင္းမတူဘူး

တျခားသူေတြနဲ႔ေတာ့ေပ်ာ္႐ႊင္ရယ္ေမာေနတတ္ေပမယ့္ ညီမအေပၚကိုဆိုရင္ေတာ့အၿမဲစိတ္တိုေနတတ္ပီး

နဲနဲအႏိုင္ယူလိုစိတ္ေလးရွိတယ္

တျခားသူေတြအေပၚစိတ္တိုေနရင္ေတာင္ သူ႔ေဒါသေတြကိုညီမ အေပၚပဲပုံခ်ပီးေတာ့

ညီမကိုစကားမေျပာေတာ့ဘူး ညီမသူ႔ကိုသိပ္ခ်စ္လြန္းလို႔ သူ႔ကိုအလိုလိုက္ပါတယ္

သူ႔ကိုပဲအၿမဲအေလ်ာ့ေပးပီးဦးစားေပးခဲ့တယ္

သူ႔မ်က္ႏွာတစ္ခ်က္ညႇိဳးေနရင္ေတာင္ညီမတကယ္မေနတတ္တဲ့သူပါ

တခါတေလစဥ္းစားမိတာ “ငါသူ႔ကိုခ်စ္ေနတာသူသိေနလို႔မ်ားငါ့အေပၚ အႏိုင္ယူေနတာလား´´ ဆိုပီးစဥ္းစားမိတယ္

မင္မင္ေရ ညီမသူ႔ကိုဆက္ခ်စ္ေနသင့္လား ေမ့ျပစ္လိုက္သင့္လားဆိုတာညီမကိုအႀကံျပဳေပးပါအုန္း

“နင္မသိႏိုင္ေလာက္ဘူး ဆိုေပမယ့္ ငါ နင့္ကိုသိပ္ခ်စ္တာပါ ေကာင္ေလးေရ´´