ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၃၅

ညီမကို အကြံဉာဏ်ပေးကြပါနော် ညီမ ၂၀၂၀မှာ အိမ်ထောင်ကျပါတယ်

ယူတဲ့ယောကျာ်းက စယူတည်းက အလုပ်လုံးဝမလုပ်ပါဘူး

အိမ်တွက်လဲမကြည့်ပါဘူး ညီမရှာတဲ့ပိုက်ဆံနဲ့သူအိမ်ကိုထောက်ပံ့ပါတယ်

ညီမသူ့တို့အကြွေးတွေလဲဆပ်ပေးရပါတယ်

အလုပ်လုပ်ဖို့ပြောရင် ရှာသလိုနဲ့ ဝေ့လည်ကြောင်ပတ်လုပ်ပါတယ်

နောက်တော့ ကလေးရှိသွားပီ သားလေးတယောက်မွေးပါတယ်

ကိုယ်ဝန်အရင့်မာနဲ့လဲမနားမနေ အလုပ်လုပ်ရပါတယ်

ကလေးမွေးစရိတ်တွက်လဲ ညီမစုထားတဲ့ပိုက်ဆံနဲ့ပဲမွေးပီ လိုတဲ့ငွေကို ညီမ အစ်မကထုတ်ပေးလို့အဆင်ပြေခဲ့ပါတယ်

အဲ့ချိန်ထိဘာမှအလုပ်မှမလုပ်ပါဘူး နောက်ဆုံး ၄၅ရက်မပြည့်ခင် ညီမလဲစျေးထွက်ရောင်းရပါတယ်

အလုပ်ကတော့ လစာပေးထားပေမဲ့ ကလေးရဲ့ ကုန်ကျစရိတ်တွေတွက် ညီမရုန်းကန်းရပါတယ်

အိမ်တွက်သာမရှာပေးတာပါ သူ့သူငယ်ချင်းတွေနဲ့ ဆေးတွေချ အရက်တွေသောက်ပါတယ်

သူ့သူငယ်ချင်းပစ္စည်းတွေပါ အပေါင်ခံပီ ပိုက်ဆံတောင်းပါတယ်

ညီမဆီက နောက်ဆုံး ညီမသည်းမခံနိုင်တော့လို့ ကလေးရက်၁၀၀ပြည့်မှာသူကိုမောင်းထုတ်ခဲ့ပါတယ်

ပြန်လဲမလာသလို အဆက်သွယ်လဲမလုပ်ပါဘူး ၆လပိုင်းမောင်းထုတ်ခဲ့တာပါ

၉လပိုင်းမှာကွာရှင်းဖို့ပြောတော့မကွာပေးပါဘူး အခုထိ ညီမကို မကွာပေးပါဘူး

ကလေးကိုလဲပြန်မကြည့် အဆက်သွယ်လဲမလုပ်ပါဘူး ကွဲနေတာ ၁နှစ်ကျော်ပါပီ

ညီမဘာလုပ်သင့်လဲ သူကိုအရမ်းရွံပါတယ် တခုခုလုပ်ပစ်လိုက်ချင်တယ်

ဘာလုပ်လို့ရမလဲ ပြောပြပေးပါနော် ကလေးကိုလဲ အခုထိ ညီမပဲ စောင့်ရှောက်ထားတာပါ









အဲ့ချိန်ထိဘာမှအလုပ်မှမလုပ်ပါဘူး နောက်ဆုံး ၄၅ရက်မပြည့်ခင် ညီမလဲဈေးထွက်ရောင်းရပါတယ်








