ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၃၉

ညီမ ရင်ဖွင့်ချင်တာလေး တစ်ခုလောက်ရှိပါတယ်

ညီမပြောပြချင်တဲ့ကိစ္စက တခြားသူအတွက် ရယ်စရာလဲကောင်းချင်ကောင်းမယ်

အပြစ်မြင်ချင်စရာလဲ ကောင်းချင်ကောင်းမယ် ဒါမဲ့ ညီမနဲ့သိတဲ့ ရင်းနှီးပြီးသား

သူတွေကို မပြောပြချင်တဲ့အတွက် ဒီpageလေးကတစ်ဆင့် ဖွင့်ပြောလိုက်ရင် အများကြီးစိတ်ပေါ့သွားမဲ့အပြင်

အကြံညဏ်တခုခု ရမယ်လို့ ညီမထင်တယ်…

ညီမက အိမ်ထောင်ကျတာ တစ်နှစ်မပြည့်သေးပါဘူး

ညီမအမျိုးသားနဲ့ညီမက ၇နှစ်ကျော် ချစ်သူရည်းစားဘဝကနေ ယူခဲ့ကြတာပါ

ညီမ သူ့ကိုချစ်သလို သူကလဲအရမ်းချစ်ပါတယ် ပြောပြချင်တာက ညီမမှာ stateကျောင်းသူဘဝက crushတစ်ယောက်ရှိခဲ့ဖူးပါတယ်

ပြောရမယ်ဆို အဲ့ကောင်လေးကအချစ်ဦးပေါ့ ဒါမဲ့ ရည်းစားလဲမဖစ်ခဲ့သလို တွဲလဲမတွဲခဲ့ကြပါဘူး

သူနဲ့လဲ stateကျောင်းပီးတည်းကမတွေ့ဖြစ်တာ အရမ်းကိုကြာနေပါပြီ..

တစ်ခုရှိတာက ငယ်ကချစ်အနှစ်တစ်ရာမမေ့သာဆိုသလို ခုချိန်ထိကို ညီမသူ့ကို ဘယ်လိူမှမေ့မရသေးတာပါ

ကျောင်းသူဘဝတုန်းက ကိုယ့်စားပွဲလေးကနေ သူထိုင်နေကျနေရာလေးကို လှမ်းလှမ်းကြည့်ရင်းနဲ့ကို အရမ်းသဘောကျခဲ့မိတာ

ဒါမဲ့ ခုလက်ရှိညီမအမ​ျိုးသားနဲ့ ချစ်သူဖစ်ပြီးတည်းက သူ့အပေါ် ချစ်တယ်ဆိုတာမျိုးမရှိပါဘူး

အမြဲအောက်မေ့သတိတရရဖစ်နေတာမျိုးလဲမရှိခဲ့ဘူး

အထက်တန်းကျောင်းသူဘဝခနလေးမှာသာ တဖက်သတ် သံယောဇဉ်ဖစ်ခဲ့မိတာပါ….

ဒါမဲ့လေ ညီမ တစ်လမှာ ၅ရက် ၆ရက်လောက် သူ့အကြောင်းအမြဲအိမ်မက်မက်တယ်

အိပ်ခါနီးသူ့ကိူသတိရမိတာလဲမဟုတ်ပါဘူး သူ့ကို ညီမစွဲလမ်းခဲ့ရတဲ့ပူံစံလေးနဲ့ပဲအမြဲတမ်း …

အပြင်မှာလိုပဲ သူကဘယ်တော့မှ ညီမရှိတာကိုတောင် သတိမထားမိဘူးရယ်….

အိမ်မက်မက်ပြီး နိုးလာလိုက်တိုင်း ညီမသူ့ကိုသိပ်သတိရမိတယ် အဲ့တစ်မနက်လေးပါပဲ

ညီမခုလက်ရှိအမျိုးသားနဲ့မယူခင်ကတော့ သြော် ငါလဲယောက်ျားယူပြီးရင် အဲ့လိုတွေမဖစ်တော့ပါဘူး မေ့သွားမှာပါလို့ ထင်ခဲ့မိတယ်…

ဒါမဲ့ ဘာလို့လဲမသိ တမ်းတမနေပဲနဲ့ကို အိမ်မက်ထဲအမြဲရောက်ရောက်လာတယ်လေ တခြားအချိန်တွေသတိမရပေမဲ့ သူ့အကြောင်းမက်ပီးနိုးလာတိုင်းတော့ ညီမအရမ်းသတိရပြီး

ငယ်ဘဝကိုအရမ်းပြန်ရောက်ချင်ခဲ့တာ ပြာပြာသလဲ အဲ့ကောင်လေးfb accတွေ ဝင်ကြည့်မိတယ်

ဖစ်ချင်တော့ ညီမstateကျောင်းပြီးတညိးက တိတ်တခိုးရှာနေမိခဲ့တဲ့သူ့accက အိမ်ထောင်ကျခါနီးမှ ညီမကိုလာအပ်ခဲ့တယ်….

ညီမမှာ ပျော်ရမှာလား ဝမ်းနည်းရမှာလား ဖြစ်သွားခဲ့ရတယ်

ဒါနဲ့ ငါဒီလိုမျိုးကြီးတော့မဖြစ်သေးဘူး တခါတည်းအိမ်ထောင်မကျခင်စိတ်ဖြတ်ခဲ့မယ်ဆိုပီး အဲ့ကောင်လေးကို အကုန်ရင်သွားဖွင့်ခဲ့ပါတယ်

သတိရနေတာမဟုတ်ပေမဲ့ အမြဲလိုလိုအိမ်မက်မက်ကြောင်း ငယ်ငယ်တုန်းက ဘယ်လောက်စွဲလမ်းခဲ့ရကြောင်းနဲ့ အခု အိမ်ထောင်ကျတော့မှာမို့ ထာဝရနှုတ်ဆက်ကြောင်းတွေပေါ့…

သူကအကုန်ဖတ်ပီး ဘာပြန်ပြောရမလဲတောင် မသိခဲ့ဘူး အဆင်ပြေပါစေက လွဲလို့ပေါ့….

ဘာပဲဖစ်ဖစ် ညီမ စိတ်ပေါ့သွားပါတယ် မပြောဖစ်ခဲ့ရင် တစ်သက်လုံးနောင်တရသွားမယ်ထင်လို့ပါ….

ဒါမဲ့လဲ ဒီချိန်ထိ အိမ်မက်မက်နေတုန်းပဲ ဒီလိုတွေဖစ်နေတာ ညီမ အမျိုးသားအပေါ် သစ္စာမရှိတဲ့မိန်းမများဖစ်နေမလား…

ညီမ ဖောက်ပြန်ချင်​တဲ့စိတ်မျိူးတော့လုံးဝမရှိတာ တကယ်ပါ

ဒါမဲ့ သူက အရမ်းချစ် အရမ်းဂရုစိုက်ပြတဲ့အချိန်တိုင်း သူ့အပေါ်အရမ်းအားနာမိတယ်…

ဘယ်လိုလုပ်ရမလဲဟင်…ဘာလုပ်သင့်လဲ…

ညီမ ရင္ဖြင့္ခ်င္တာေလး တစ္ခုေလာက္ရွိပါတယ္

ညီမေျပာျပခ်င္တဲ့ကိစၥက တျခားသူအတြက္ ရယ္စရာလဲေကာင္းခ်င္ေကာင္းမယ္

အျပစ္ျမင္ခ်င္စရာလဲ ေကာင္းခ်င္ေကာင္းမယ္ ဒါမဲ့ ညီမနဲ႔သိတဲ့ ရင္းႏွီးၿပီးသား

သူေတြကို မေျပာျပခ်င္တဲ့အတြက္ ဒီpageေလးကတစ္ဆင့္ ဖြင့္ေျပာလိုက္ရင္ အမ်ားႀကီးစိတ္ေပါ့သြားမဲ့အျပင္

အႀကံညဏ္တခုခု ရမယ္လို႔ ညီမထင္တယ္…

ညီမက အိမ္ေထာင္က်တာ တစ္ႏွစ္မျပည့္ေသးပါဘူး

ညီမအမ်ိဳးသားနဲ႔ညီမက ၇ႏွစ္ေက်ာ္ ခ်စ္သူရည္းစားဘဝကေန ယူခဲ့ၾကတာပါ

ညီမ သူ႔ကိုခ်စ္သလို သူကလဲအရမ္းခ်စ္ပါတယ္ ေျပာျပခ်င္တာက ညီမမွာ stateေက်ာင္းသူဘဝက crushတစ္ေယာက္ရွိခဲ့ဖူးပါတယ္

ေျပာရမယ္ဆို အဲ့ေကာင္ေလးကအခ်စ္ဦးေပါ့ ဒါမဲ့ ရည္းစားလဲမဖစ္ခဲ့သလို တြဲလဲမတြဲခဲ့ၾကပါဘူး

သူနဲ႔လဲ stateေက်ာင္းပီးတည္းကမေတြ႕ျဖစ္တာ အရမ္းကိုၾကာေနပါၿပီ..

တစ္ခုရွိတာက ငယ္ကခ်စ္အႏွစ္တစ္ရာမေမ့သာဆိုသလို ခုခ်ိန္ထိကို ညီမသူ႔ကို ဘယ္လိူမွေမ့မရေသးတာပါ

ေက်ာင္းသူဘဝတုန္းက ကိုယ့္စားပြဲေလးကေန သူထိုင္ေနက်ေနရာေလးကို လွမ္းလွမ္းၾကည့္ရင္းနဲ႔ကို အရမ္းသေဘာက်ခဲ့မိတာ

ဒါမဲ့ ခုလက္ရွိညီမအမ​်ိဳးသားနဲ႔ ခ်စ္သူဖစ္ၿပီးတည္းက သူ႔အေပၚ ခ်စ္တယ္ဆိုတာမ်ိဳးမရွိပါဘူး

အၿမဲေအာက္ေမ့သတိတရရဖစ္ေနတာမ်ိဳးလဲမရွိခဲ့ဘူး

အထက္တန္းေက်ာင္းသူဘဝခနေလးမွာသာ တဖက္သတ္ သံေယာဇဥ္ဖစ္ခဲ့မိတာပါ….

ဒါမဲ့ေလ ညီမ တစ္လမွာ ၅ရက္ ၆ရက္ေလာက္ သူ႔အေၾကာင္းအၿမဲအိမ္မက္မက္တယ္

အိပ္ခါနီးသူ႔ကိူသတိရမိတာလဲမဟုတ္ပါဘူး သူ႔ကို ညီမစြဲလမ္းခဲ့ရတဲ့ပူံစံေလးနဲ႔ပဲအၿမဲတမ္း …

အျပင္မွာလိုပဲ သူကဘယ္ေတာ့မွ ညီမရွိတာကိုေတာင္ သတိမထားမိဘူးရယ္….

အိမ္မက္မက္ၿပီး ႏိုးလာလိုက္တိုင္း ညီမသူ႔ကိုသိပ္သတိရမိတယ္ အဲ့တစ္မနက္ေလးပါပဲ

ညီမခုလက္ရွိအမ်ိဳးသားနဲ႔မယူခင္ကေတာ့ ေၾသာ္ ငါလဲေယာက္်ားယူၿပီးရင္ အဲ့လိုေတြမဖစ္ေတာ့ပါဘူး ေမ့သြားမွာပါလို႔ ထင္ခဲ့မိတယ္…

ဒါမဲ့ ဘာလို႔လဲမသိ တမ္းတမေနပဲနဲ႔ကို အိမ္မက္ထဲအၿမဲေရာက္ေရာက္လာတယ္ေလ တျခားအခ်ိန္ေတြသတိမရေပမဲ့ သူ႔အေၾကာင္းမက္ပီးႏိုးလာတိုင္းေတာ့ ညီမအရမ္းသတိရၿပီး

ငယ္ဘဝကိုအရမ္းျပန္ေရာက္ခ်င္ခဲ့တာ ျပာျပာသလဲ အဲ့ေကာင္ေလးfb accေတြ ဝင္ၾကည့္မိတယ္

ဖစ္ခ်င္ေတာ့ ညီမstateေက်ာင္းၿပီးတညိးက တိတ္တခိုးရွာေနမိခဲ့တဲ့သူ႔accက အိမ္ေထာင္က်ခါနီးမွ ညီမကိုလာအပ္ခဲ့တယ္….

ညီမမွာ ေပ်ာ္ရမွာလား ဝမ္းနည္းရမွာလား ျဖစ္သြားခဲ့ရတယ္

ဒါနဲ႔ ငါဒီလိုမ်ိဳးႀကီးေတာ့မျဖစ္ေသးဘူး တခါတည္းအိမ္ေထာင္မက်ခင္စိတ္ျဖတ္ခဲ့မယ္ဆိုပီး အဲ့ေကာင္ေလးကို အကုန္ရင္သြားဖြင့္ခဲ့ပါတယ္

သတိရေနတာမဟုတ္ေပမဲ့ အၿမဲလိုလိုအိမ္မက္မက္ေၾကာင္း ငယ္ငယ္တုန္းက ဘယ္ေလာက္စြဲလမ္းခဲ့ရေၾကာင္းနဲ႔ အခု အိမ္ေထာင္က်ေတာ့မွာမို႔ ထာဝရႏႈတ္ဆက္ေၾကာင္းေတြေပါ့…

သူကအကုန္ဖတ္ပီး ဘာျပန္ေျပာရမလဲေတာင္ မသိခဲ့ဘူး အဆင္ေျပပါေစက လြဲလို႔ေပါ့….

ဘာပဲဖစ္ဖစ္ ညီမ စိတ္ေပါ့သြားပါတယ္ မေျပာဖစ္ခဲ့ရင္ တစ္သက္လုံးေနာင္တရသြားမယ္ထင္လို႔ပါ….

ဒါမဲ့လဲ ဒီခ်ိန္ထိ အိမ္မက္မက္ေနတုန္းပဲ ဒီလိုေတြဖစ္ေနတာ ညီမ အမ်ိဳးသားအေပၚ သစၥာမရွိတဲ့မိန္းမမ်ားဖစ္ေနမလား…

ညီမ ေဖာက္ျပန္ခ်င္​တဲ့စိတ္မ်ိဴးေတာ့လုံးဝမရွိတာ တကယ္ပါ

ဒါမဲ့ သူက အရမ္းခ်စ္ အရမ္းဂ႐ုစိုက္ျပတဲ့အခ်ိန္တိုင္း သူ႔အေပၚအရမ္းအားနာမိတယ္…

ဘယ္လိုလုပ္ရမလဲဟင္…ဘာလုပ္သင့္လဲ…