အစ်မဖြစ်သူအတွက် အားပေးအကြံဉာဏ်စာစုလေးတွေလိုချင်လို့ပါ
အစ်မက ကိုယ်ဝန် ၈လ ထဲမှာပါ သမီးလေးလို့သိရပါတယ်
ဒုတိယကိုယ်ဝန်ပါ သားအကြီးလေးက လေးနှစ်ရှိပါပြီ
အစ်မကိုယ်ဝန် ၅လလောက်မှာ သူ့အမျိုးသားက အပျော်ရှာပါတယ်
အစ်မက သည်းမခံနိုင်သလို ကွာလဲမကွာနိုင်ပါဘူး
အစ်မက လဲ ပွဲအမျိုးမျိုးခံပါတယ်
လက်ရှိမှာ အမျိုးသားက အစ်မနဲ့အတူမနေတော့ပါဘူး
အစ်မကိုတော့ သူ့နယ် တလပြန်ပြီးပြန်လာမယ်ပြောသွားပါတယ်
ကွာရှင်းလဲ မပေးပါဘူး အစ်မက ဒီစိတ်နဲ့ ပိန်တာ မျက်နှာဆို အရိုးပဲရှိတော့ပါတယ်
၈လ ကိုယ်ဝန်သည်က ၅လ အရွယ်လောက်ပဲကျန်ပါတယ်
ထမင်းလဲမစားပါဘူး ဗိုက်ထဲက ကလေးကိုလဲသနား အပြင်က သားသားကိုလဲသနား အစ်မကိုလဲသနားပါတယ်
အစ်မစိတ်နောက်လိုက်တက်တော့ သူ့ဘယ်လိုမှနားချမရပါဘူး
တဖက်ကလဲ ပြန်လာဖို့လမ်းမမြင်ပါဘူး အစ်မကို ဘယ်လိုကယ်ရမလဲ ကူညီပါအုံး
အစ္မျဖစ္သူအတြက္ အားေပးအႀကံဉာဏ္စာစုေလးေတြလိုခ်င္လို႔ပါ
အစ္မက ကိုယ္ဝန္ ၈လ ထဲမွာပါ သမီးေလးလို႔သိရပါတယ္
ဒုတိယကိုယ္ဝန္ပါ သားအႀကီးေလးက ေလးႏွစ္ရွိပါၿပီ
အစ္မကိုယ္ဝန္ ၅လေလာက္မွာ သူ႔အမ်ိဳးသားက အေပ်ာ္ရွာပါတယ္
အစ္မက သည္းမခံႏိုင္သလို ကြာလဲမကြာႏိုင္ပါဘူး
အစ္မက လဲ ပြဲအမ်ိဳးမ်ိဳးခံပါတယ္
လက္ရွိမွာ အမ်ိဳးသားက အစ္မနဲ႔အတူမေနေတာ့ပါဘူး
အစ္မကိုေတာ့ သူ႔နယ္ တလျပန္ၿပီးျပန္လာမယ္ေျပာသြားပါတယ္
ကြာရွင္းလဲ မေပးပါဘူး အစ္မက ဒီစိတ္နဲ႔ ပိန္တာ မ်က္ႏွာဆို အ႐ိုးပဲရွိေတာ့ပါတယ္
၈လ ကိုယ္ဝန္သည္က ၅လ အ႐ြယ္ေလာက္ပဲက်န္ပါတယ္
ထမင္းလဲမစားပါဘူး ဗိုက္ထဲက ကေလးကိုလဲသနား အျပင္က သားသားကိုလဲသနား အစ္မကိုလဲသနားပါတယ္
အစ္မစိတ္ေနာက္လိုက္တက္ေတာ့ သူ႔ဘယ္လိုမွနားခ်မရပါဘူး
တဖက္ကလဲ ျပန္လာဖို႔လမ္းမျမင္ပါဘူး အစ္မကို ဘယ္လိုကယ္ရမလဲ ကူညီပါအုံး