ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၄၆

ပြောပြစရာလူမရှိလို့ပါ

ညီမအိမ်ထောင်ပြုထားတာ သုံးနှစ်ရှိပါပြီ ခြောက်လသားလေး တစ်ယောက်ရှိပါတယ်

အိမ်ထောင်ရေးကသိပ်အဆင်မပြေပါဘူး

အိမ်ထောင်ဖက်က phout pyan လို့ပါ

အဲ့ဒါကို ညီမနဲ့ပက်သက်တဲ့သူအကုန်သိပါတယ် သူငယ်ချင်းတွေလဲသိပါတယ်

တစ်ရက်က သူငယ်ချင်းတွေဆုံပြီး တွေ့ကြတော့ အရင်က exလဲပါ တယ်

စကားပြောကြတော့ အကုန်သိတာပေါ့

တစ်လလောက်ကြာတော့မှ exက အတူနေချင်လို့တဲ့

သူရည်းစားမထားတာလဲကြာပြီဆိုတော့ ညီမက အတူနေပေးလို့ရမလာ;တဲ့

ဘာပြန်ပြောရမှန်းမသိအောင်ကိုဒေါသထွက်ပါတယ်

သူငယ်ချင်းတွေနဲ့တွေ့ကြတုန်းကလဲ အနေအထိုင်မှန်မှန်နေခဲ့ပါတယ်

ပါတဲ့သူတိုင်းသိပါတယ် အဲ့လိုကြီးလာအမေးခံရတော့ စိတ်ထဲမှာ ဝမ်းနည်းမိပါတယ်

သူနဲ့တွဲခဲ့တုန်းကလဲတန်ဖိုးမထားခဲ့ဘူး

(ညီမဘက်ကစပြီးသူ့ကိုထားခဲ့တာပါ)

အခုလဲ သူငယ်ချင်းသံယောဇဉ်ကိုမထောက် ခွေးစကားတွေလာပြောနေလို့

ဘယ်လိုပြန်ပြောရမလဲကိုအစဉ်းစားတတ်တော့ပါဘူး အမှားပါရင်ခွင့်လွှတ်ပါ















