ညီမရင်ထဲ မွန်းကျပ်လွန်းလို့ ရင်ဖွင့်ချင်လို့ပါ
ညီမနဲ့ညီမကောင်လေးကချသ်လာကြတာ ၈နှစ်ကျော်ပါပြီ
first year ထဲကတွဲတာပါ ညီမကသူ့ထက်၃နှစ်လောက်ကြီးပါတယ်
မိဘအသိုင်းအဝိုင်း သူ့အလုပ်ကလူတွေကပါ သိထားပြီးသားပါ
ခုပြဿနာက သူအလုပ် နယ် ၄ လထွက်ရတဲ့အချိန် မှာ မိန်းမတစ်ယောက်နဲ့ညိတာပါ
ညီမရှိမှန်းလဲ သိပါတယ် ကောင်လေးက ပြန်ရင် ယူတော့မယ့်ချစ်သူရှိတယ်လို့ ပြောတာတောင် အတင်းလိုက်ကပ်ပါတယ်
ကောင်လေးက အဲ့လိုလိုက်ကပ်နေလို့ ရှောင်နေရကြောင်းလဲ ညီမကိုပြော ပြပါတယ်
ဒါပေမယ့်နောက်ဆုံးမှာတော့ ညိသွားတာပါပဲ
သူပြန်ရောက်လာတော့ သူဝန်ခံတယ် နောက်ဆုံးပြန်ခါနီးမှာ ဖြစ်သွားတာပါတဲ့
အဲ့တာနဲ့ ညီမက ဖြတ်ခိုင်းတော့ သူဖြတ်တယ်
အကုန်အဆက်အသွယ် ဖြတ်ပြီး နေပါတယ်
ညီမကိုေရာ သူ့သူငယ်ချင်းတွေကိုတောင်ပြတ်ပြီလို့ ပြောပြတယ်
ဒါပေမယ့်ဟိုက အိမ်ထိလိုပ်လာပြီး အတင်းလိုက်ဆက်တယ်
ညီမကလဲ အလုပ်နဲ့ဆိုတော့ သူ့ဆီအမြဲမလာနိုင်ပါဘူး
ခုတော့ ၂ယောက်လုံးနဲ့တွဲနေပါတယ် အဲ့မိန်းမက ပိုက်ဆံရှိပါတယ်
သူတို့ကြားမှာ ပိုက်ဆံအရှုပ်အရှင်းတွေလဲ ရှိမယ်ထင်တယ်
ညတိုင်းclub တွေလဲတူတူသွားပါတယ် အဲ့မိန်းမကအတာ်လေးလည်ပါတယ်
ညီမ လာတဲ့အချိန်ဆို message တောင်မပို့ဘူး စိတ်ရှုပ်အောင်မလုပ်ပါဘူး
ညီမသောင်းကျန်းတော့ ကောင်လေးက သူ့ကို အချိန်တစ်ခုထိစောင့်ပေးပါတဲ့
သူများတကာနဲ့ဖြစ်ပြီးသားသူကို သူမယူနိုင်ပါဘူးတဲ့
အချိန်တန် ပြန်ရောက်လာမှာပါတဲ့ သူကညီမအပိုင်ပါတဲ့ အဲ့မိန်းမရှိနေရင်လဲ ညီမဆီလာလာတွေ့ပါတယ်
တွေ့တိုင်းလဲ ပြတ်မှာ အဲ့မိန်းမနဲ့ တစ်ချိန်တော့ ပြတ်မှာ ညီမနဲ့တော့ မပြတ်နိုင်ဘူးပြောပါတယ်
ဂရုစိုက် တာတွေလဲ အရင်အတိုင်းပါပဲ ဘာမှန်းမသိတော့ပါဘူး
စီးပွားရေး လူမှုရေးလဲ ရှိသေးတော့ အဲ့မိန်းမကြီးကိုပစ်ပစ်ခါခါ လုပ်လို့လဲမရပါဘူး
ခုတော့ အဲ့မိန်းမနဲ့ရှိနေပါတယ် ပြီးတော့ ညီမကောင်လေးက ရုပ်ရည်ရွေးပါတယ်
အဲ့မိန်းမက သူများသားသမီး ပြောလိုက်ပါဦးမယ် ညီမလောက်မလှပါဘူး
ညီမတောင်မလှမှတော့ ဘာလုပ်ရမလဲမသိတော့လို့ပါ လုံးဝမပြတ်နိုင်ပါဘူး
ညီမက ကောင်လေး ညီမအပေါ် ဘယ်လိုလဲ မသိတော့ပါဘူး
၈နှစ်ကျော်သံယောာဇဥ်တွေ မင်းမို့လုပ်ရက်တယ်
ညီမက တစ်ကျီကျီဖုန်ူဆက်တတ်တဲ့သူပါ
ပြီးတော့ ကောင်လေးကညီမသူ့ကိုအရမ်းချစ်တာ သိပါတယ် ဘယ်လိုကိုယ့်ဖက်ပါအောင် လုပ်ရမလဲ
တခြားသူဆိုရင်ကော အဲ့မိန်းမကို ရွေးချယ်မှာလား
သူများမျက်ရည်ကျမှ ရတဲ့ပျော်ရွှင်မှု သူမို့ ရချင်တယ်
ညီမကိုရော သူ့သူငယ်ချင်းတွေကိုတောင်ပြတ်ပြီလို့ ပြောပြတယ်
ညတိုင်းclub တွေလဲတူတူသွားပါတယ် အဲ့မိန်းမကအတ်ာလေးလည်ပါတယ်