ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၄၈

မင်္ဂလာပါရှင့် ကျွန်မစိတ်ထဲနေရခက်နေလို့

အပြင်လူတွေကိုလဲ မပြောပြချင်မပြောပြသင့်လို့

ဒီ group ထဲကနေအကြံတောင်းချင်ပါတယ်

ကျွန်မဘဝမှာ တသက်လုံးချစ်သူအနေနေနဲ့ပတ်သက်ခဲ့သူတယောက်ပဲရှိပါတယ်

သက်တမ်း ၁၅ နှစ်ရှိပါပီ ယူမယ်ပြောတိုင်းအချိန်ဆွဲခဲ့တာကျွန်မပါ

သူနဲ့က ldrs ပါ အရမ်းဝေးလို့တနှစ်တခါသူလာတွေ့ပါတယ်

အမှတ်တရသတိတရ ပစ္စည်းပို့ပေးတက်ပါတယ်

ဒါကြောင့်ကျွန်မကလဲသူ့ကိုပဲယူမယ်ဆုံးဖြတ်ချက်ချပီး တခြားဘယ်ယောကျာ်လေးကိုမှ စိတ်မဝင်စားခဲ့ပါဘူး

ပီးတော့ သူနဲ့ s*x လုံးဝမရှိခဲ့ပါဘူး ကျွန်မလက်မခံခဲ့ပါဘူး

ခုပြန်တွေးကြည့်ရင် ဒါကြောင့်ပဲလားမသိဘူး

ကျွန်မကတော့ကို့ကိုကိုယ်တန်ဖိုးထားပီး နေခဲ့တာ

ခုမှသိတာ သူကကွယ်ရာမှာတခြားမိန်းမတယောက်နဲ့ ဖုန်းအဆက်သွယ်လုပ်နေခဲ့တာကိုပါ

ကျွန်မတို့နေ့တိုင်းဖုန်းပြောတယ် တရက်ကျကျွန်မဖုန်းချပီး ပြောစရာရှိလို့ ပြန်ခေါ်တဲ့အချိန်ဆက်တိုက်မအားတဲ့ဖုန်းက တစ်နာရီကျော်ကြာပါတယ်

ည ၁၀ နာရီကျော်နေပါပီ ကျွန်မသူ့ကို့အဆက်သွယ်အကုန်ဖြတ်ပစ်တယ်

သူတောင်းပန်တယ် လူချင်းတွေ့တာမဟုတ်ဘူး

ဖုန်းပြောတာပါတဲ့ ဖောက်ပြန်တာမဟုတ်ပါဘူးတဲ့

တဖက်ကဆက်လာလို့ မကောင်းတက်လို့ပြောတာပါတဲ့ မကောင်းတက်လို့ တစ်နာရီကျော်ကြာအောင်ပြောတာအံသြမိပါတယ်

သီတင်းကျွတ်လဲ ကျွန်မကိုဆက်သွယ်မရတော့ကျွန်မမိဘတွေကိုငွေလွဲနဲ့သူကန်တော့ပါတယ်

ကျွန်မ ကတော့ မကျေနပ်ပါဘူး တနုံနုံခံစားနေရတာ စာလာပို့တိုင်း ဖုန်းလာခေါ်တိုင်း လူကစိတ်တွေတို နေရခက်ပါတယ်

ပြတ်ပီလို့ပြောထားလဲ သူကနေ့တိုင်းစာပို့ ဖုန်းခေါ်ပါတယ်

ကျွန်မပြတ်လဲသူမပြတ်ဘူးပြောတယ် အရာအားလုံးကောင်းပီးယုံကြည်ခဲ့တဲ့လူကအခုလိုလုပ်တညကိုလက်မခံနိုင်ပါဘူး

လူချင်းမတွေ့ဘူးဆိုတာလဲမယုံပါဘူးရှင့်

ကျွန်မမှာ အဲ့နေ့ထဲက အကုန်ဘလော့ပစ်တော့ စကားမပြောရပဲစာပဲပို့နေရတာ

ပြတ်တယ်ဆိုပေမယ့် ခုချိန်ထိ ကြာခဲ့တော့ သံယောဇဉ်ကြောင့်ပဲလား နေရခက်ပါတယ်

ကျွန်မဝေခွဲမရတာ ခွင့်လွတ်သင့်လား မပတ်သတ်ပဲနေရင်ကောင်းလား အကြံပေးကြပါအုန်းရှင့်
























