ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၅၀

အရမ်းမွန်ကြပ်လို့ မင်မင်

ကိုကို နဲ့ 2019 6 လပိုင်းမှာ စတွေခဲ့တယ်

ညီမကလည်း ကုမ္မဏီ ဝန်ထမ်း မလို့ ဆိုင်မှာ ဈေးဝယ်ရင် ဆုံခဲ့ကြတယ်

စကားတွေပြောကြ နောက်ပိုင်း ခင်မင်တာအစပြုလို့ တစ်ယောက် နဲ့ တစ်ယောက် ချစ်ခဲ့မိကြတယ်

မတွေ့ဖြစ်ကြရင်တောင် messages နဲ့ စာတွေ နေတိုင်း ပို့ခဲ့ကြတယ်

ထမင်းစားပြီပြီးလား အလုပ်ရှုပ်နေလား အစ ရှိသဖြင့်ပေါ့ လွမ်းတယ် တွေ့ချင်တယ် ပေါ့

လတွေ ကြာလာထဲ့အထိ အဆင်ပြေနေပါသေးတယ် ကိုကို က အရမ်းသဝန်တိုတတ်တယ်

အလုပ် ကိစ္စ နဲ့ စကားပြောရင်တောင် မပြုံးမိအောင် နေရတယ်

ကိုကို က မကြိုက်လို့ အထင်လွဲစရာ ဖြစ်စရာတွေအစ ရှောင်ခဲ့တယ်

ဒါပေမဲ့လည်း အရမ်းသဝန်တိုတတ်တော့ စကားတွေများ အဆင်မပြေ ဖြစ်လာခဲ့တယ်

ဒီလိုနဲ့ ပြန်ပြေလိုက် မပြေလိုက်နဲ့ ပြေသလို ပဲ နေလိုက်ပါတယ်

ကိုကိုက အလုပ်ကိစ္စ နဲ့ရန်ကုန်ပြန်တော့ နည်းနည်းဝေးသလိုပဲ ဖုန်းလည်း မပြောဖြစ်ကြဘူး မအားကြလို့လေ

အလုပ်ပီးတော့ တောင်ကြီး ပြန်ရောက်လာတော့ ညီမက အဖေနာရေး ရှိလို့ ခရီးထွက်ရပြန်တယ်

ပြန်လာရင် တွေ့ကြမယ်လို့ နူတ်ဆက်ပြီး ခရီးထွက်ခဲ့ပါတယ်

ဝမ်းနည်းအချိန် ကိုကိုရဲ့ အားပေးစကားတွေကြောင့် အားဖြစ်ခဲ့ရတယ် အဲကြောင့် လည်း အချစ်တွေ ကိုကို အပေါ် ပိုခဲ့ရတယ်

ကိုကိုက တော့ စိတ်ညစ်တဲ့ အရာတွေကို မုန်းတယ်လေ ပြန်လာတော့လည်း မပျော်ခဲ့ရပါဘူး

ကိုကို အလုပ်တွေပြီး လို့ ရန်ကုန်ကို အပြီးပြန်တော့မယ်လို့ ပြောတော့ အရမ်းဝမ်းနည်းခဲ့ရတယ်

မတွေ့နိုင်တော့ဘူး လေ တစ်ရက်မတွေ့ရရင်တောင် လွမ်းတာ မတွေ့ရတော့ ပိုဆိုးတာပေါ့

ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး ကိုကိုနဲ့ ဖုန်း အစ fb အစ အဆက်သွယ် ပြတ်သွားခဲ့တယ်

ကိုကို တစ်ယောက် အသစ်ရသွားပြီတဲ့ ညီမ အချစ် တွေက အလကားတွေ ဖြစ်သွားခဲ့ရတယ်

ဒါပေမဲ့လည်း ကိုကို ပျော်ရင်ကျေနပ်နေရတာပါ ကိုကို ပျော်ရင်ပြီးတာပါပဲ

အဆင်ပြေပြေ ရှိနေစေချင်ခဲ့တာ ရင်ထဲက စိတ်ရင်းပါ

နောက်တော့ ကိုကို အိမ်ထောင်ကျသွားခဲ့တယ် သိပ်မကြာဘူး ကွာသွားခဲ့တယ်တဲ့ သတင်းတွေကြားရတာ စိတ်မချမ်းသာခဲ့ရပါဘူး

ကိုယ်က ချစ်နေရတဲ့ လူဆိုတော့ စိတ်က မကုန်သေးဘူးလေ

မကြာခင်က ကိုကို Fb က အကောင့်တွေလို အပ်ခဲ့ရသေးတယ် ” အပ်ရင်လက်ခံမှာလား block မှာလားလို့ မေးခဲ့သေးတယ် ” စာပြန်လာတော့ ပျော်ခဲ့ရတယ် လက်ခံပါတယ်တဲ့

အဆင်ပြေနေလားဆိုတော့ ပြေသလို လိုပါပဲတဲ့ သိချင်ရင် ဖုန်းဆက်တဲ့လေ အရင်က ဖုန်းနံပါတ် ကို မမေ့သေးတော့ ဖုန်းဆက်ပြီး စကားတွေ ပြောခဲ့ကြတယ်

ကိုကိုက ပဲ လူချစ်လူခင်ပဲ များတာလား မသိဘူး ရယ် အိမ်ထောင်ထပ်ပြီး ကျသွားခဲ့တယ်

မျှော်လင့်ချက်တွေလဲ ထပ်ပြီး ပျောက်ခဲ့ရတယ် ကိုကို ဘာပဲဖြစ်ဖြစ် ချစ်နေခဲ့ရသူပါ

2022 10 လပိုင်း 8 ရက်နေ့က ညီမ ရန်ကုန် ပြန်လာခဲ့တယ် fb မှာ တင်ထားတာ ပေါ့

ကိုကို တွေ့သွားပြီး စာ ပို့လာတယ် ရန်ကုန် ရောက်နေတာလား ဘယ်မှာ နေလဲ တစ်နေ့အားရင် တွေ့ကြမယ်လို့ ပြောတယ် 2022 10 လပိုင်း 17 ရက်နေ့က ဆုံခဲ့ကြတယ်

အရင်လို ပဲ စကားတွေ ပြောခဲ့ကြတယ် မုန့်စား လျောက်သွားပြီ ပြန်လာခဲ့တယ်

ဖုန်းမဆက်နဲ့ ကိုကိုပဲ ဆက်မယ်လို့ ပြောတယ် နောက်ရက်ကြ Fb မှာ un fri လုပ်သွားတယ်

စဉ်းစားလေ ညီမက ကိုကိုရဲ့ လိုသုံးလား လို့ ဖုန်းလည်း မဆက်ပါဘူး

သူအခြေနေကို နားလည်နေတော့ ဒီတိုင်းပဲ နေလိုက်ရင် ကောင်းမယ်ထင်မိတယ်

ဆက်ပြီး ချစ်နေသင့်လား နောက်ဆုတ်သင့်ပြီလား

ကိုကိုက အိမ်ထောင်ရှိတဲ့ သူတစ်ယောက်မို့ နောက်ဆုတ်သင့်ပြီ ထင်တယ်

မင်မင်ရေ အကြံလေး ပေးပါအုံး

ကိုကို ပျော်နေမယ်ဆိုရင် အဖြည့်ခံ လိုသုံး ဘဝနဲ့ နေနိုင်ပါတယ် ပေးဆပ်ရင်းနဲ့ တစ်သက်လုံး ချစ်နိုင်ပါတယ်

အရမ္းမြန္ၾကပ္လို႔ မင္မင္

ကိုကို နဲ႔ 2019 6 လပိုင္းမွာ စေတြခဲ့တယ္

ညီမကလည္း ကုမၼဏီ ဝန္ထမ္း မလို႔ ဆိုင္မွာ ေဈးဝယ္ရင္ ဆုံခဲ့ၾကတယ္

စကားေတြေျပာၾက ေနာက္ပိုင္း ခင္မင္တာအစျပဳလို႔ တစ္ေယာက္ နဲ႔ တစ္ေယာက္ ခ်စ္ခဲ့မိၾကတယ္

မေတြ႕ျဖစ္ၾကရင္ေတာင္ messages နဲ႔ စာေတြ ေနတိုင္း ပို႔ခဲ့ၾကတယ္

ထမင္းစားၿပီၿပီးလား အလုပ္ရႈပ္ေနလား အစ ရွိသျဖင့္ေပါ့ လြမ္းတယ္ ေတြ႕ခ်င္တယ္ ေပါ့

လေတြ ၾကာလာထဲ့အထိ အဆင္ေျပေနပါေသးတယ္ ကိုကို က အရမ္းသဝန္တိုတတ္တယ္

အလုပ္ ကိစၥ နဲ႔ စကားေျပာရင္ေတာင္ မၿပဳံးမိေအာင္ ေနရတယ္

ကိုကို က မႀကိဳက္လို႔ အထင္လြဲစရာ ျဖစ္စရာေတြအစ ေရွာင္ခဲ့တယ္

ဒါေပမဲ့လည္း အရမ္းသဝန္တိုတတ္ေတာ့ စကားေတြမ်ား အဆင္မေျပ ျဖစ္လာခဲ့တယ္

ဒီလိုနဲ႔ ျပန္ေျပလိုက္ မေျပလိုက္နဲ႔ ေျပသလို ပဲ ေနလိုက္ပါတယ္

ကိုကိုက အလုပ္ကိစၥ နဲ႔ရန္ကုန္ျပန္ေတာ့ နည္းနည္းေဝးသလိုပဲ ဖုန္းလည္း မေျပာျဖစ္ၾကဘူး မအားၾကလို႔ေလ

အလုပ္ပီးေတာ့ ေတာင္ႀကီး ျပန္ေရာက္လာေတာ့ ညီမက အေဖနာေရး ရွိလို႔ ခရီးထြက္ရျပန္တယ္

ျပန္လာရင္ ေတြ႕ၾကမယ္လို႔ ႏူတ္ဆက္ၿပီး ခရီးထြက္ခဲ့ပါတယ္

ဝမ္းနည္းအခ်ိန္ ကိုကိုရဲ႕ အားေပးစကားေတြေၾကာင့္ အားျဖစ္ခဲ့ရတယ္ အဲေၾကာင့္ လည္း အခ်စ္ေတြ ကိုကို အေပၚ ပိုခဲ့ရတယ္

ကိုကိုက ေတာ့ စိတ္ညစ္တဲ့ အရာေတြကို မုန္းတယ္ေလ ျပန္လာေတာ့လည္း မေပ်ာ္ခဲ့ရပါဘူး

ကိုကို အလုပ္ေတြၿပီး လို႔ ရန္ကုန္ကို အၿပီးျပန္ေတာ့မယ္လို႔ ေျပာေတာ့ အရမ္းဝမ္းနည္းခဲ့ရတယ္

မေတြ႕ႏိုင္ေတာ့ဘူး ေလ တစ္ရက္မေတြ႕ရရင္ေတာင္ လြမ္းတာ မေတြ႕ရေတာ့ ပိုဆိုးတာေပါ့

ကံၾကမၼာက မ်က္ႏွာသာ မေပးခဲ့ပါဘူး ကိုကိုနဲ႔ ဖုန္း အစ fb အစ အဆက္သြယ္ ျပတ္သြားခဲ့တယ္

ကိုကို တစ္ေယာက္ အသစ္ရသြားၿပီတဲ့ ညီမ အခ်စ္ ေတြက အလကားေတြ ျဖစ္သြားခဲ့ရတယ္

ဒါေပမဲ့လည္း ကိုကို ေပ်ာ္ရင္ေက်နပ္ေနရတာပါ ကိုကို ေပ်ာ္ရင္ၿပီးတာပါပဲ

အဆင္ေျပေျပ ရွိေနေစခ်င္ခဲ့တာ ရင္ထဲက စိတ္ရင္းပါ

ေနာက္ေတာ့ ကိုကို အိမ္ေထာင္က်သြားခဲ့တယ္ သိပ္မၾကာဘူး ကြာသြားခဲ့တယ္တဲ့ သတင္းေတြၾကားရတာ စိတ္မခ်မ္းသာခဲ့ရပါဘူး

ကိုယ္က ခ်စ္ေနရတဲ့ လူဆိုေတာ့ စိတ္က မကုန္ေသးဘူးေလ

မၾကာခင္က ကိုကို Fb က အေကာင့္ေတြလို အပ္ခဲ့ရေသးတယ္ ” အပ္ရင္လက္ခံမွာလား block မွာလားလို႔ ေမးခဲ့ေသးတယ္ ” စာျပန္လာေတာ့ ေပ်ာ္ခဲ့ရတယ္ လက္ခံပါတယ္တဲ့

အဆင္ေျပေနလားဆိုေတာ့ ေျပသလို လိုပါပဲတဲ့ သိခ်င္ရင္ ဖုန္းဆက္တဲ့ေလ အရင္က ဖုန္းနံပါတ္ ကို မေမ့ေသးေတာ့ ဖုန္းဆက္ၿပီး စကားေတြ ေျပာခဲ့ၾကတယ္

ကိုကိုက ပဲ လူခ်စ္လူခင္ပဲ မ်ားတာလား မသိဘူး ရယ္ အိမ္ေထာင္ထပ္ၿပီး က်သြားခဲ့တယ္

ေမွ်ာ္လင့္ခ်က္ေတြလဲ ထပ္ၿပီး ေပ်ာက္ခဲ့ရတယ္ ကိုကို ဘာပဲျဖစ္ျဖစ္ ခ်စ္ေနခဲ့ရသူပါ

2022 10 လပိုင္း 8 ရက္ေန႔က ညီမ ရန္ကုန္ ျပန္လာခဲ့တယ္ fb မွာ တင္ထားတာ ေပါ့

ကိုကို ေတြ႕သြားၿပီး စာ ပို႔လာတယ္ ရန္ကုန္ ေရာက္ေနတာလား ဘယ္မွာ ေနလဲ တစ္ေန႔အားရင္ ေတြ႕ၾကမယ္လို႔ ေျပာတယ္ 2022 10 လပိုင္း 17 ရက္ေန႔က ဆုံခဲ့ၾကတယ္

အရင္လို ပဲ စကားေတြ ေျပာခဲ့ၾကတယ္ မုန႔္စား ေလ်ာက္သြားၿပီ ျပန္လာခဲ့တယ္

ဖုန္းမဆက္နဲ႔ ကိုကိုပဲ ဆက္မယ္လို႔ ေျပာတယ္ ေနာက္ရက္ၾက Fb မွာ un fri လုပ္သြားတယ္

စဥ္းစားေလ ညီမက ကိုကိုရဲ႕ လိုသုံးလား လို႔ ဖုန္းလည္း မဆက္ပါဘူး

သူအေျခေနကို နားလည္ေနေတာ့ ဒီတိုင္းပဲ ေနလိုက္ရင္ ေကာင္းမယ္ထင္မိတယ္

ဆက္ၿပီး ခ်စ္ေနသင့္လား ေနာက္ဆုတ္သင့္ၿပီလား

ကိုကိုက အိမ္ေထာင္ရွိတဲ့ သူတစ္ေယာက္မို႔ ေနာက္ဆုတ္သင့္ၿပီ ထင္တယ္

မင္မင္ေရ အႀကံေလး ေပးပါအုံး

ကိုကို ေပ်ာ္ေနမယ္ဆိုရင္ အျဖည့္ခံ လိုသုံး ဘဝနဲ႔ ေနႏိုင္ပါတယ္ ေပးဆပ္ရင္းနဲ႔ တစ္သက္လုံး ခ်စ္ႏိုင္ပါတယ္