ဒီ page မှ မမများအားလုံး ညီမကိုအကြံပေးစေချင်ပါတယ်ရှင့်
ညီမရင်ဖွင့်ချင်လို့ပါ
ညီမယောကျာ်းကိုညီမကဖောက်ပြန်မှကြောက်လို့ တအားချုပ်ချယ်ခဲ့တယ်ရှင့်
ညီမတို့ခဏ ခဏစကားတွေများခဲ့ကြတယ်ရှင့်
သူလဲညီမကိုချစ်သလို ညီမလဲသူ့ကိုချစ်ခဲ့တယ်ရှင့်
တစ်နေ့မှာညီမတို့စကားများတုန် းfbကကောင်မလေးတစ်ယောက်နဲ့သူကြိုက်ခဲ့တယ်လေ
တစ်လလောက်နေမှညီမသိခဲ့တယ်လေ
အဲ့ကောင်မကိုညီမယောကျာ်းကတအားစွဲလမ်းသွားတယ်လေ
အဲ့ကောင်မကလဲတစ်ခုလပ်မို့ သူ့ကိုယူဖို့အထိပြောတယ်လေ
ညီမယောကျာ်းကမယူဘူးလေ
ဒါမဲ့ညီမယောကျာ်းက သူ့ကိုမေ့မရဘူးလေ
ညီမမှာသားလေးလဲရှိတော့ ညီမဆုံးဖြတ်ရခက်နေတယ်လေ
ညီမ မပေါင်းချင်တော့ဘူးလေ ဒါမဲ့သားလေးရှိနေတော့စဥ်းစားနေရတယ်လေ
အဲ့ကောင်မကလဲ ညီမယောကျာ်းကိုဘယ်ချိန်လာလာလက်ခံတယ်တဲ့
ညီမအဲ့ကောင်မကိုတောင်းပန်ပြောလဲ
သူ့ဘက်ကညီမယောကျာ်းကိုပြတ်ပြတ်သားသားမပြောပဲလက်ခံပေးနေတယ်လေ
ညီမဘာဆက်လုပ်သင့်လဲမမတို့ရယ်
အကြံပြုပေးပါရှင့် ကျေးဇူးတင်ပါတယ်နော်