ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၅၆

ညီမ အကြံဥာဏ်တောင်းချင်လို့ပါ

ညီမနဲ့ ညီမကောင်လေး တွဲခဲ့တာ ၄နှစ်နီးပါးပါ

ခုသူနဲ့ ပြတ်တာ ၇လ ရှိပါပြီ ခုထိလည်းမေ့လို့မရသေးပါဘူး

ညီမလည်းအိမ်ကသဘောတူတဲ့သူနဲ့ လက်ထပ်ဖို့ လက်ခံလိုက်ပါတယ်

အဲ့တစ်ယောက်ကိုဘယ်လိုမှချစ်လို့မရပါဘူး

ပြဿနာကခုမှစတာပါ ခုနောက်ပိုင်း ယောကျာ်းလေးတွေထက် tomတွေကို ပိုစိတ်ဝင်စားမိနေတယ်

tom တွေနဲ့စကားပြောရတာ ပိုပျော်လာတယ်

အရင်ကောင်လေးကိုကလည်းလုံးဝမေ့လို့မရဘူး

ပြန်လာရင်လည်းလက်မခံဖစ်တော့ဘူးပေါ့နော်

ညီမ စဥ်းစားနေတာက ညီမ lgbtတစ်ယောက်ဖစ်နေတာလား

စိတ်ဝင်စားတာကလည်းtom boyပဲဖစ်နေလို့ အိမ်ကသဘောတူတဲ့သူနဲ့ကလည်းရှေ့လထဲ စေ့စပ်မှာ အကုန်လုံးကလည်းပြောဆိုပီးနေပီ

ခက်တာက သူ့ကို ဘယ်လိုမှ ချစ်လို့လည်းမရ ဖစ်နေတာ

အိမ်ကို ဒီလိုဖြစ်နေတာ ဖွင့်ပြောပြန်ရင်လည်း အိမ်ကမိဘတွေက ရှေးဆန်တော့ ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး

မင်္ဂလာပွဲတောင် တစ်ခါတည်း စီစဥ်ပေးလောက်တယ်

ဘယ်လိုလုပ်ရမလဲမသိတော့ဘူး

ညီမဖစ်တည်မှုကိုလည်း အိမ်ကလက်ခံပေးမှာမဟုတ်ဘူးဆိုတာကြိုသိနေတယ် ဘယ်လိုလုပ်သင့်လဲဟင်

ညီမ အႀကံဥာဏ္ေတာင္းခ်င္လို႔ပါ

ညီမနဲ႔ ညီမေကာင္ေလး တြဲခဲ့တာ ၄ႏွစ္နီးပါးပါ

ခုသူနဲ႔ ျပတ္တာ ၇လ ရွိပါၿပီ ခုထိလည္းေမ့လို႔မရေသးပါဘူး

ညီမလည္းအိမ္ကသေဘာတူတဲ့သူနဲ႔ လက္ထပ္ဖို႔ လက္ခံလိုက္ပါတယ္

အဲ့တစ္ေယာက္ကိုဘယ္လိုမွခ်စ္လို႔မရပါဘူး

ျပႆနာကခုမွစတာပါ ခုေနာက္ပိုင္း ေယာက်ာ္းေလးေတြထက္ tomေတြကို ပိုစိတ္ဝင္စားမိေနတယ္

tom ေတြနဲ႔စကားေျပာရတာ ပိုေပ်ာ္လာတယ္

အရင္ေကာင္ေလးကိုကလည္းလုံးဝေမ့လို႔မရဘူး

ျပန္လာရင္လည္းလက္မခံဖစ္ေတာ့ဘူးေပါ့ေနာ္

ညီမ စဥ္းစားေနတာက ညီမ lgbtတစ္ေယာက္ဖစ္ေနတာလား

စိတ္ဝင္စားတာကလည္းtom boyပဲဖစ္ေနလို႔ အိမ္ကသေဘာတူတဲ့သူနဲ႔ကလည္းေရွ႕လထဲ ေစ့စပ္မွာ အကုန္လုံးကလည္းေျပာဆိုပီးေနပီ

ခက္တာက သူ႔ကို ဘယ္လိုမွ ခ်စ္လို႔လည္းမရ ဖစ္ေနတာ

အိမ္ကို ဒီလိုျဖစ္ေနတာ ဖြင့္ေျပာျပန္ရင္လည္း အိမ္ကမိဘေတြက ေရွးဆန္ေတာ့ ဘယ္လိုမွလက္ခံမွာမဟုတ္ဘူး

မဂၤလာပြဲေတာင္ တစ္ခါတည္း စီစဥ္ေပးေလာက္တယ္

ဘယ္လိုလုပ္ရမလဲမသိေတာ့ဘူး

ညီမဖစ္တည္မႈကိုလည္း အိမ္ကလက္ခံေပးမွာမဟုတ္ဘူးဆိုတာႀကိဳသိေနတယ္ ဘယ္လိုလုပ္သင့္လဲဟင္