စကားမှားပါခဲ့ရင် ကြိုတောင်းပန်ပါတယ်ရှင်
s*x ကိစ္စအကြောင်းလေးပြောချင်လို့ပါ
ခုခေတ်လူငယ် အကုန်လုံးက s*x ကို တော်တော် စွဲလန်းနေကြပါတယ်
တချို့အချစ်ရေးတွေမှာလဲ မိန်းကလေးတွေရဲ့ အချစ်က အဲ့ s*x ကြောင့် အားနည်းချက် တခုဖြစ်ရပါတယ်
မိန်းကလေးတွေ မပြတ်သားနိုင်တဲ့အခါ တားဆေးတွေ ရှိရင်တောင်မှ အလွယ်တကူနဲ့ ဘဝကို ပေးအပ်လိုက်ကြတာတွေ ဒီ page မှာလည်း အများဆုံးတွေ့ရပါတယ်
ယောကျာ်းလေးတွေကို နားလည်စေချင်တာပါ
သူတို့က မိန်းကလေးတွေကို နိုင်ငံခြားက s*x မယ်တွေလို ပိုက်ဆံနဲ့မဟုတ်ရင်တောင်
အချစ်နဲ့ ဗန်းပြပြီး အိပ်ယာပေါ်ခေါ်တင်တာတွေဟာ လုံးဝမကောင်းပါဘူး
မိန်းကလေးတွေကိုယ်တိုင်ကတောင် myday မှာ အမှောင် post တွေ တင်တာတွေထိ ဖြစ်လာတယ်
ကျားမ သဘာဝ အဲ့လိုစိတ်ရှိတာ ဖြစ်သင့်ပေမယ့် ကိုယ့်ကိုကိုယ်ရော တဖက်လူအပေါ်မှာပါ
တန်ဖိုးထားစေချင်ပြီး မယူရသေးပဲနဲ့ လိုင်းပေါ်မှာပဲ ဖြစ်စေ အပြင်မှာပဲ ဖြစ်စေ မနေသင့်ဘူးဆိုတာ လက်ခံလို့ရောဖြစ်ပါ့မလား
တကယ်ဆို တယောက်တည်းအာသာဖြေတာမျိုးဖြစ်စေချင်တာပါ
ဘယ်သူ့ကိုမှ မထိခိုက်ပဲနဲ့ပေါ့
ညီမကောင်လေးနဲ့ကလည်း LDRS ဖြစ်တော့ သူက လိုင်းပေါ်ကနေ အတူနေခွင့်တောင်းနေပါတယ်
ညီမလုံးဝလက်မခံပါဘူး မိန်းကလေးဆိုတာ တန်ဖိုးထားသင့်ကြောင်း အလွယ်တကူလိုင်းပေါ်မှာတောင် အတူနေဖို့ မဖြစ်သင့်ကြောင်းပြောတာတွေ သူလုံးဝနားမလည်ပါဘူး ရှင်းပြရလည်း အရမ်းခက်ပါတယ်
သူနဲ့မပြတ်ချင်လို့ အဲ့လိုတွေ လိုက်ညှိနေရတာပါ
နောက်ဆုံး ဘယ်လိုမှ ညှိလို့ မရတော့ရင် ညီမ ပြတ်လိုက်ရတော့ဖို့ စဉ်းစားထားပါတယ်
အခုမှ သက်တမ်းက 1 လတောင် မပြည့်သေးပါဘူး
ညီမက မြဲချင်တော့ လိုက်ဆွဲထားရပါတယ် ညီမလည်း ဝဋ်ကြွေးဆပ်နေရတယ်ထင်ပါတယ်
ညီမရဲ့ပထမချစ်သူမှာလည်း အခုလို ကိစ္စတွေရှိခဲ့တော့ ညီမကိုယ့်ကိုကိုယ်တန်ဖိုးထားချင်တယ်
ဆက်ပြီး အဲ့လိုတွေ မကြုံချင်တော့ဘူး
စကားမွားပါခဲ့ရင္ ႀကိဳေတာင္းပန္ပါတယ္ရွင္
s*x ကိစၥအေၾကာင္းေလးေျပာခ်င္လို႔ပါ
ခုေခတ္လူငယ္ အကုန္လုံးက s*x ကို ေတာ္ေတာ္ စြဲလန္းေနၾကပါတယ္
တခ်ိဳ႕အခ်စ္ေရးေတြမွာလဲ မိန္းကေလးေတြရဲ႕ အခ်စ္က အဲ့ s*x ေၾကာင့္ အားနည္းခ်က္ တခုျဖစ္ရပါတယ္
မိန္းကေလးေတြ မျပတ္သားႏိုင္တဲ့အခါ တားေဆးေတြ ရွိရင္ေတာင္မွ အလြယ္တကူနဲ႔ ဘဝကို ေပးအပ္လိုက္ၾကတာေတြ ဒီ page မွာလည္း အမ်ားဆုံးေတြ႕ရပါတယ္
ေယာက်ာ္းေလးေတြကို နားလည္ေစခ်င္တာပါ
သူတို႔က မိန္းကေလးေတြကို ႏိုင္ငံျခားက s*x မယ္ေတြလို ပိုက္ဆံနဲ႔မဟုတ္ရင္ေတာင္
အခ်စ္နဲ႔ ဗန္းျပၿပီး အိပ္ယာေပၚေခၚတင္တာေတြဟာ လုံးဝမေကာင္းပါဘူး
မိန္းကေလးေတြကိုယ္တိုင္ကေတာင္ myday မွာ အေမွာင္ post ေတြ တင္တာေတြထိ ျဖစ္လာတယ္
က်ားမ သဘာဝ အဲ့လိုစိတ္ရွိတာ ျဖစ္သင့္ေပမယ့္ ကိုယ့္ကိုကိုယ္ေရာ တဖက္လူအေပၚမွာပါ
တန္ဖိုးထားေစခ်င္ၿပီး မယူရေသးပဲနဲ႔ လိုင္းေပၚမွာပဲ ျဖစ္ေစ အျပင္မွာပဲ ျဖစ္ေစ မေနသင့္ဘူးဆိုတာ လက္ခံလို႔ေရာျဖစ္ပါ့မလား
တကယ္ဆို တေယာက္တည္းအာသာေျဖတာမ်ိဳးျဖစ္ေစခ်င္တာပါ
ဘယ္သူ႔ကိုမွ မထိခိုက္ပဲနဲ႔ေပါ့
ညီမေကာင္ေလးနဲ႔ကလည္း LDRS ျဖစ္ေတာ့ သူက လိုင္းေပၚကေန အတူေနခြင့္ေတာင္းေနပါတယ္
ညီမလုံးဝလက္မခံပါဘူး မိန္းကေလးဆိုတာ တန္ဖိုးထားသင့္ေၾကာင္း အလြယ္တကူလိုင္းေပၚမွာေတာင္ အတူေနဖို႔ မျဖစ္သင့္ေၾကာင္းေျပာတာေတြ သူလုံးဝနားမလည္ပါဘူး ရွင္းျပရလည္း အရမ္းခက္ပါတယ္
သူနဲ႔မျပတ္ခ်င္လို႔ အဲ့လိုေတြ လိုက္ညႇိေနရတာပါ
ေနာက္ဆုံး ဘယ္လိုမွ ညႇိလို႔ မရေတာ့ရင္ ညီမ ျပတ္လိုက္ရေတာ့ဖို႔ စဥ္းစားထားပါတယ္
အခုမွ သက္တမ္းက 1 လေတာင္ မျပည့္ေသးပါဘူး
ညီမက ၿမဲခ်င္ေတာ့ လိုက္ဆြဲထားရပါတယ္ ညီမလည္း ဝဋ္ေႂကြးဆပ္ေနရတယ္ထင္ပါတယ္
ညီမရဲ႕ပထမခ်စ္သူမွာလည္း အခုလို ကိစၥေတြရွိခဲ့ေတာ့ ညီမကိုယ့္ကိုကိုယ္တန္ဖိုးထားခ်င္တယ္
ဆက္ၿပီး အဲ့လိုေတြ မႀကဳံခ်င္ေတာ့ဘူး