ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၆၀

ညီမတို့ အိမ်ထောင်ကျတာ နှစ်နှစ်ကျော်ပါပီ

သားလေး တစ်ယောက်ရှိပါတယ်

ယူခါစက ညီမကို အရမ်းအလိုလိုက်ပီး အရမ်း ချစ်တာပါ

ခု နောက်ပိုင်းကျတော့ သူနဲ့စကားများတဲ့အခါ လက်ပါလာတယ်

တစ်ခါ နှစ်ခါ မကတော့ဘူး ခုဆိုရင် မျက်နှာကို ထိုးတဲ့အထိ ဖြစ်လာပါပီ

သူ့ကို အရမ်းချစ်လို့ သီးခံပေးနေတာပါ

ကွဲလဲမကွဲနိုင်ပါဘူး သူကတော့ မင်းကို မပေါင်းဘူး ကွဲမယ် ပြောပါတယ်

မိဘတေကိုလဲ မပြောရဲဘူး

ကိုယ့်ဘာသာချစ်လို့ ယူခဲ့ကြတာမို့ စိတ်ဒုက္ခမပေးချင်ပါဘူး

ရင်ဖွင့်ဖို့လူမရှိလို့ ဒီ page မှာရင်လာဖွင့်တာပါ

ညီမ ဘာလုပ်သင့်လဲ အကြံလေးပေးခဲ့ကြပါအုံးရှင့်










