ကျမအသက်၂၇ပါ အိမ်ထောင်ကျတာ ၉ နှစ်ထဲ ရောက်ပါပီ
ကျမတို့အိမ်ထောင်သက်တမ်း ၈နှစ်ကျော်မှ ကလေးယူဖစ်တာပါ
သူကကျမကိုအရမ်းချစ်ပါတယ် အလိုလဲလိုက်ပါတယ်
တခါတရံ ကျွန်မ မကြိုက်တဲ့ ဆေးလိပ်ခိုးသောက်တာက လွဲပြီး ကျမမသိအောင် ဘာမှ သိပ်မလုပ်တက်ခဲ့ပါဘူး
ဒါပေမဲ့ ကျမတို့ ညားတုန်းက မဂ်လာရယ် လို့မဆောင်ခဲ့ရပါဘူးရှင်
ဒီအတိုင်းလူကြီးစုံရာနဲ့တင်ပီးခဲ့ရတာပါ
အခုချိန်ထိ ဝမ်းနည်းနေရတုန်းပဲ အဲ့ဒါကျမ ဘဝရဲ့ အကြီးမားဆုံးမျှော်လင့်ချက်လေးမို့ပါ
သူငယ်ချင်းတေ ကမေးလာကျတယ် မဂ်လာဆောင်တုန်းက အပုံလေးတေပြပါလား
အဲ့တုန်းက ဘာလေးဝတ်ခဲ့တာလဲ လို့မေးတိုင်း ဓာတ်ပုံတေကပျက်သွားလို့ လိမ်ခဲ့ရတယ်
မဂ်လာသီးချင်းတေကြားတိုင်း အခုထိရင်ထဲမှာခံစားနေရတုန်းပဲ
သူကတော့ ခံစားရမလားမသိပါဘူး ဒါပေမဲ့ကျမရဲ့မျှော်လင့်ချက်လေးပျက်ဆီးသွားရပီး
ဘယ်တော့မှပြန်ရလာမှာမဟုတ်တော့ဘူး
ဘယ်လောက်ပဲ စိတ်ချမ်းသာအောင်ထားခဲ့ထားခဲ့ ကျမလေ အဲ့ဒါနဲ့ပတ်ပီး အခုထိခံစားနေရလို့ ရင်ဖွင့်တာပါ
ပိုက်ဆံမရှိတဲ့သူကိုယူမိတာထပ် သားသမီးရဲ့ ကို သိမ်ငယ်စေတဲ့ မိဘဝဋ်တရားမကျေတဲ့မိဘမျိူးတေနဲ့ မိသားစု
စိတ်ဓာတ်မရှိတဲ့ မောင်နှမတွေကြောင့် ကျမ ရဲ့အိမ်မက်လေးဘဝရဲ့မျှော်လင့်ချက်လေးဆုံးရှူံးခဲ့ရပီလေ
အရမ်းခံစားနေရလို့ ရင်ဖွင့်စာလေးပို့တာပါ လက်ခံပေးပါရှင့်
ပိုက်ဆံမရှိတဲ့သူကိုယူမိတာထပ် သားသမီးရဲ့ ကို သိမ်ငယ်စေတဲ့ မိဘဝဋ်တရားမကျေတဲ့မိဘမျိုးတေနဲ့ မိသားစု