ကျွန်မ ကို အပြစ်တင်ပြောဆိုလဲ ဝေဖန်လဲ ခံပါ့မယ်
ကျွန်မကအိမ်ထောင်သည်ပါ
ကလေးတစ်ယောက်ရှိပါတယ်
ကျွန်မတို့အိမ်ထောင်ရေးကပုံမှန်ဆက်ဆံရေးကနေ သူ့ရဲ့ အလုပ်ကိစ္စတစ်ခုကြောင့် ၁နှစ် လောက်မတွေ့ဖြစ်ခဲ့ကြဘူး
တစ်နှစ်အကြာမှာ ကျွန်မသူ့နောက်လိုက်ဖို့ကို ဆုံးဖြတ်ထားခဲ့တာ
ဒါပေမယ့်သူက အသစ်တွေ့ နေပြီး ကျွန်မကို စိတ်နာစေမယ့် စကားလုံးအပြုအမူတွေနဲ့
အကြိမ်ကြိမ် စိတ်ကို thet ခဲ့ပါတယ်
အာ့အချိန်မှာ ကျွန်မ ကောင်လေးတစ်ယောက် ကိုစတွေ့ခဲ့ပါတယ်
အခု အာ့ကောင်လေးနဲ့ ကျွန်မ ဘဝကို ရှေ့ဆက်ရမလား စဥ်းစားပြန်တော့
(ဒီနေရာမှာတစ်ခုပြောချင်တာက ကျွန်မအမျိုးသားနဲ့ ကွာရှင်းဖို့ အဆင်သင့် လုပ်ထားကြပြီဖြစ်ပါတယ်)
လက်ရှိကောင်လေးက ပျော့ညံ့ပါတယ် သူ့ကိုယ်သူလဲသိပါတယ်
သူက ကျွန်မကိုချစ်ပါတယ် ဒါပေမယ့် လက်တွဲပြီး မရင်ဆိုင်နိုင်ဘူး အာ့လိုဖြစ်နေတဲ့သူပါ
ကျွန်မ ဘာဆက်လုပ်သင့်လဲ
ကျွန်မ အခြားမြို့တစ်မြို့ကိုထွက်သွားရမလား
သူနဲ့ပဲ အကောင်းဆုံးရပ်တည်နိုင်အောင်တည်ဆောက်ရမလား ကျွန်မရှေ့ ဆက်ဖို့ လမ်းပျောက်နေခဲ့ပါပြီ