ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၆၅

စိတ်မွန်းကြပ်လွန်းလို့ဒီgpထဲမှာရင်ဖွင့်ပါရစေနော်

ကျွန်မအိမ်ထောင်ရေးက ပြဿနာအကြီးမားမဟုတ်ပေမယ့် ကျွန်မကအားငယ်တတ်သူမို့ စိတ်အရမ်းမွန်းကြပ်လွန်းလို့ပါ

ကျွန်မတို့နှစ်ယောက်လက်ထပ်ထားတာခုမှ ၉ လ ပဲရှိပါသေးတယ်

ယူခါစတုန်းကတော့ စစရာရာအကုန်လုပ်ပေးတယ်

ထမင်းဟင်းသူပဲအကုန်ချက်တယ် ကလေးမရခင်တုန်းကပေါ့

အခုကျွန်မက ကိုယ်ဝန်က ၈ လ ခွဲနေပြီ

ကျွန်မကိုယ်ဝန် ၄ လ ကတည်းက ဘိလစ်ခုံ ညတိုင်းသွားထိုးတယ်

အဲ့ကတည်းက သူနားတဲ့ညဆိုတာ ရေတွက်လို့တောင်ရပါတယ်

ကျွန်မဘယ်လိုပဲတားတား နားမထောင်ပါဘူး

ကျွန်မကိုယ်ဝန်အရင့်အမာကြီးလည်း ညတိုင်းသွားတယ် ခုကိုယ်ဝန်၈ခွဲထိပါပဲ

အရင်က သူထိုင်းကနေပြန်လာတော့သူ့မှာအလုပ်မရှိပါဘူး

ကျွန်မတို့လက်ထပ်ပြီး သူ့ကိုကျွန်မလုပ်နေတဲ့ ကုမ္မဏီမှာ နေ့စား အနေနဲ့ ဝင်လုပ်ခိုင်းတယ်

နောက်တော့ အထက်လူကြီးတွေက သူအလုပ်လုပ်တာ သဘောကျတော့ စက်ရုံအကူဝန်ထမ်းအဖြစ်ခန့်လိုက်တယ်

အလုပ်ကနေပြန်လာတဲ့ညတိုင်း ကျွန်မဗိုက်ကြီးနေမှန်းလည်းသိ

ကျွန်မ ကိုယ်ဝန်ရင့်နေပြီ ထရထိုင်ရခက်မှန်းလည်း သူသိပါတယ်

အရင်ကလိုဘာမှမလုပ်ပေးတော့ပါဘူး အလုပ်ကနေပြန်ရောက်ပြီဆိုတာနဲ့ တမ်းသွားတော့တာပဲ

ကျွန်မသူနားဝင်အောင်ဘယ်လိုပြောရမှာလဲ မသိတော့ပါဘူးရှင်

ညညဆို သူသွားတိုင်း ငိုတယ် ကြာလာတော့ ညရောက်မှာကို ကျွန်မသိပ်ကြောက်လာတယ်

သူ့မိဘကိုယ့်မိဘ တွေကိုရင်ဖွင့်ရအောင်လည်း

မိဘတွေကျွန်မကြောင့်စိတ်မဆင်းရဲစေချင်ဘူး

ခုကမိဘတွေနဲ့ ဝေးရာ မှာ နှစ်ယောက်လုံးအလုပ်လုပ်နေကြတာပါ

စိတ္မြန္းၾကပ္လြန္းလို႔ဒီgpထဲမွာရင္ဖြင့္ပါရေစေနာ္

ကြၽန္မအိမ္ေထာင္ေရးက ျပႆနာအႀကီးမားမဟုတ္ေပမယ့္ ကြၽန္မကအားငယ္တတ္သူမို႔ စိတ္အရမ္းမြန္းၾကပ္လြန္းလို႔ပါ

ကြၽန္မတို႔ႏွစ္ေယာက္လက္ထပ္ထားတာခုမွ ၉ လ ပဲရွိပါေသးတယ္

ယူခါစတုန္းကေတာ့ စစရာရာအကုန္လုပ္ေပးတယ္

ထမင္းဟင္းသူပဲအကုန္ခ်က္တယ္ ကေလးမရခင္တုန္းကေပါ့

အခုကြၽန္မက ကိုယ္ဝန္က ၈ လ ခြဲေနၿပီ

ကြၽန္မကိုယ္ဝန္ ၄ လ ကတည္းက ဘိလစ္ခုံ ညတိုင္းသြားထိုးတယ္

အဲ့ကတည္းက သူနားတဲ့ညဆိုတာ ေရတြက္လို႔ေတာင္ရပါတယ္

ကြၽန္မဘယ္လိုပဲတားတား နားမေထာင္ပါဘူး

ကြၽန္မကိုယ္ဝန္အရင့္အမာႀကီးလည္း ညတိုင္းသြားတယ္ ခုကိုယ္ဝန္၈ခြဲထိပါပဲ

အရင္က သူထိုင္းကေနျပန္လာေတာ့သူ႔မွာအလုပ္မရွိပါဘူး

ကြၽန္မတို႔လက္ထပ္ၿပီး သူ႔ကိုကြၽန္မလုပ္ေနတဲ့ ကုမၼဏီမွာ ေန႔စား အေနနဲ႔ ဝင္လုပ္ခိုင္းတယ္

ေနာက္ေတာ့ အထက္လူႀကီးေတြက သူအလုပ္လုပ္တာ သေဘာက်ေတာ့ စက္႐ုံအကူဝန္ထမ္းအျဖစ္ခန႔္လိုက္တယ္

အလုပ္ကေနျပန္လာတဲ့ညတိုင္း ကြၽန္မဗိုက္ႀကီးေနမွန္းလည္းသိ

ကြၽန္မ ကိုယ္ဝန္ရင့္ေနၿပီ ထရထိုင္ရခက္မွန္းလည္း သူသိပါတယ္

အရင္ကလိုဘာမွမလုပ္ေပးေတာ့ပါဘူး အလုပ္ကေနျပန္ေရာက္ၿပီဆိုတာနဲ႔ တမ္းသြားေတာ့တာပဲ

ကြၽန္မသူနားဝင္ေအာင္ဘယ္လိုေျပာရမွာလဲ မသိေတာ့ပါဘူးရွင္

ညညဆို သူသြားတိုင္း ငိုတယ္ ၾကာလာေတာ့ ညေရာက္မွာကို ကြၽန္မသိပ္ေၾကာက္လာတယ္

သူ႔မိဘကိုယ့္မိဘ ေတြကိုရင္ဖြင့္ရေအာင္လည္း

မိဘေတြကြၽန္မေၾကာင့္စိတ္မဆင္းရဲေစခ်င္ဘူး

ခုကမိဘေတြနဲ႔ ေဝးရာ မွာ ႏွစ္ေယာက္လုံးအလုပ္လုပ္ေနၾကတာပါ