ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၆၇

ညီမလေးရေ ဖြစ်နိုင်ရင် ညီမလေးဘက်က နောက်ဆုတ်ပေးပါနော်

သူ့ကိုလဲ အပြစ်မတင်သလို ညီမလေးကိုလဲ အပြစ်မမြင်ပါဘူး

ညီမလေးဘက်က ရိုးသားတဲ့ ချဉ်းကပ်မှုနဲ့ပဲဖြစ်ဖြစ် မရိုးသားတဲ့ချဉ်းကပ်မှုနဲ့ပဲဖြစ်ဖြစ် အစ်မ ခွင့်လွှတ်ပါတယ်

အစ်မတို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေ

မပြည့်မီသေးတဲ့အချိန်လေးကြောင့် ၁၀နှစ်တာကာလကို ဖြတ်ကျော်ပြီး နှစ်ဦးသား ဒီတိုင်းလေးနေခဲ့ကြတာ

ရည်မှန်းချက်တွေပြည့်လို့ လက်ထပ်တော့မယ်ဆိုတဲ့အချိန် အစ်မတို့ကြားထဲကို ညီမလေးရောက်လာခဲ့တယ်နော်

အစ်မ သိလိုက်ရတဲ့အချိန်မှာ ညီမလေးကို ဖုန်းဆက်ခဲ့တယ်နော်

အစ်မရှိမှန်းမသိလို့ပါတဲ့ တောင်းပန်ပါတယ်တဲ့

အော် စိတ်သဘောထားလေး ကောင်းလိုက်တာလို့ တွေးခဲ့မိတယ်

ညီမနောက်ရက် ဒီမှာမနေတော့ဘူး ပြန်တော့မယ်တဲ့

အစ်မမှာတော့ စေတနာနဲ့ ဘာလို့ပြန်မှာလဲ ညီမလေးအလုပ် ညီမလေးဆက်လုပ်ပါလို့ပြောခဲ့သေးတယ်နော်

လွန်ခဲ့တဲ့ ၄ လလောက်ကမှ ရည်စားဖြစ်ပြီး

ချောင်ပိတ်ခံရတဲ့အကြောင်းကြောင်းကြောင့် လက်ထပ်ရမယ့်ကိစ္စဖြစ်လာခဲ့တယ်

ညီမလေးကိုယ်တိုင်လဲ သိမယ်ထင်ပါတယ် ချစ်လွန်းလို့ လက်ထပ်ရမှာ မဟုတ်ဘူးဆိုတာကို

ညီမလေးရဲ့ အသက် ၁၉ နှစ်ဆိုတာ ငယ်ရွယ်လွန်းသေးပါတယ်ကွယ်

အတောင်စုံပြီး ဟိုးအဝေးကြ‌ီး အမြင့်ကြီးကို ပျံသန်းရအုန်းမှာလေ ဘဝရဲ့အောင်မြင်မှုအရဿကို ခံစားရအုံးမှာလေ

ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လုပ်ရအုံးမှာလေ

အိမ်ထောင်ဆိုတဲ့အရာကြီးကို အစောကြီး လက်သင့်ခံလိုက်မှာလား

ညီမလေးဘက်မှာ ပြင်ဆင်ထားတာမရှိသလို

သူ့ဘက်မှာလဲ ညီမလေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတာ မရှိဘူးဆိုတာ ညီမလေးသိမှာပါ

သူ့ဘက် မိဘဆွေးမျိုးအသိုင်းအဝိုင်းက လက်မခံနိုင်ဘူးဆိုတာလဲ ညီမလေးသိမယ်ထင်ပါတယ်

ကိုယ့်ကို မလိုချင် မကြိုဆိုတဲ့ အသိုင်းအဝိုင်းထဲကို ညီမလေးမဝင်ချင်ပါနဲ့

ညီမလေးတို့ အကြောင်းကြောင်းကြောင့် လက်ထပ်ခဲ့ရရင်ကော ကြာရှည်မယ်လို့ထင်လား

ညီမလေးဘက်က အစ်မကို ညာပြောခဲ့တယ်နော်

ဒါပေမယ့် ညီမလေးမှာ မဖြစ်မနေဆိုတဲ့ အခြေအနေရှိမနေမှန်း အစ်မသိပါတယ်

မိန်းကလေးချင်း ကိုယ်ချင်းမစာလို့ပြောတာ မဟုတ်ပါဘူး

ညီမလေးဘက်က နောက်ဆုတ်ပေးပါနော်

ခုကိစ္စမှာ ညီမလေးဘက်က နောက်ဆုတ်ပေးရင် အားလုံးအဆင်ပြေပြီ

ခုတော့ သူကော အစ်မကော ညီမလေးကော သူ့မိဘဆွေး‌မျိုး အသိုင်းအဝိုင်းပါ ပူလောင်နေကြရတယ်

သူ့ဘဝမှာ ဘယ်တုန်းကမှ ဖြစ်မလာနိုင်တဲ့ကိစ္စ

ညီမလေးနဲ့ပတ်သက်ပြီးမှ ရင်ဆိုင်ခဲ့ရတယ်

အစ်မ ကိုယ့်ကိုယ်ကို မသနားဘဲ သူ့ကိုသနားမိတယ်

သူ့ကို အပြစ်တင်ရမယ့်အစား ကိုယ့်ကိုကို အပြစ်တင်မိတယ်

ငါ့ကြောင့် ငါ့ကြောင့်ဆိုတဲ့စိတ်နဲ့

သူဘယ်အခြေအနေထိရောက်ရောက် အစ်မဘက်က လက်ခံဖို့ဆုံးဖြတ်ပြီးသား

ညီမလေးကို ဆပ်စရာရှိတဲ့ အကြွေးရှိခဲ့ရင်လဲ ဒီလောက်နဲ့ပဲ အစ်မတို့ ကျေပါရစေ

တစ်ခုပဲ တောင်းဆိုပါရစေ ညီမလေးဘက်က နောက်ဆုတ်ပေးပါနော်

ညီမေလးေရ ျဖစ္ႏိုင္ရင္ ညီမေလးဘက္က ေနာက္ဆုတ္ေပးပါေနာ္

သူ႔ကိုလဲ အျပစ္မတင္သလို ညီမေလးကိုလဲ အျပစ္မျမင္ပါဘူး

ညီမေလးဘက္က ႐ိုးသားတဲ့ ခ်ဥ္းကပ္မႈနဲ႔ပဲျဖစ္ျဖစ္ မ႐ိုးသားတဲ့ခ်ဥ္းကပ္မႈနဲ႔ပဲျဖစ္ျဖစ္ အစ္မ ခြင့္လႊတ္ပါတယ္

အစ္မတို႔ရဲ႕ ရည္မွန္းခ်က္ ရည္႐ြယ္ခ်က္ေတြ

မျပည့္မီေသးတဲ့အခ်ိန္ေလးေၾကာင့္ ၁၀ႏွစ္တာကာလကို ျဖတ္ေက်ာ္ၿပီး ႏွစ္ဦးသား ဒီတိုင္းေလးေနခဲ့ၾကတာ

ရည္မွန္းခ်က္ေတြျပည့္လို႔ လက္ထပ္ေတာ့မယ္ဆိုတဲ့အခ်ိန္ အစ္မတို႔ၾကားထဲကို ညီမေလးေရာက္လာခဲ့တယ္ေနာ္

အစ္မ သိလိုက္ရတဲ့အခ်ိန္မွာ ညီမေလးကို ဖုန္းဆက္ခဲ့တယ္ေနာ္

အစ္မရွိမွန္းမသိလို႔ပါတဲ့ ေတာင္းပန္ပါတယ္တဲ့

ေအာ္ စိတ္သေဘာထားေလး ေကာင္းလိုက္တာလို႔ ေတြးခဲ့မိတယ္

ညီမေနာက္ရက္ ဒီမွာမေနေတာ့ဘူး ျပန္ေတာ့မယ္တဲ့

အစ္မမွာေတာ့ ေစတနာနဲ႔ ဘာလို႔ျပန္မွာလဲ ညီမေလးအလုပ္ ညီမေလးဆက္လုပ္ပါလို႔ေျပာခဲ့ေသးတယ္ေနာ္

လြန္ခဲ့တဲ့ ၄ လေလာက္ကမွ ရည္စားျဖစ္ၿပီး

ေခ်ာင္ပိတ္ခံရတဲ့အေၾကာင္းေၾကာင္းေၾကာင့္ လက္ထပ္ရမယ့္ကိစၥျဖစ္လာခဲ့တယ္

ညီမေလးကိုယ္တိုင္လဲ သိမယ္ထင္ပါတယ္ ခ်စ္လြန္းလို႔ လက္ထပ္ရမွာ မဟုတ္ဘူးဆိုတာကို

ညီမေလးရဲ႕ အသက္ ၁၉ ႏွစ္ဆိုတာ ငယ္႐ြယ္လြန္းေသးပါတယ္ကြယ္

အေတာင္စုံၿပီး ဟိုးအေဝးၾက‌ီး အျမင့္ႀကီးကို ပ်ံသန္းရအုန္းမွာေလ ဘဝရဲ႕ေအာင္ျမင္မႈအရႆကို ခံစားရအုံးမွာေလ

ကိုယ္လုပ္ခ်င္တာ ျဖစ္ခ်င္တာကို တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ လုပ္ရအုံးမွာေလ

အိမ္ေထာင္ဆိုတဲ့အရာႀကီးကို အေစာႀကီး လက္သင့္ခံလိုက္မွာလား

ညီမေလးဘက္မွာ ျပင္ဆင္ထားတာမရွိသလို

သူ႔ဘက္မွာလဲ ညီမေလးနဲ႔ပတ္သက္ၿပီး ျပင္ဆင္ထားတာ မရွိဘူးဆိုတာ ညီမေလးသိမွာပါ

သူ႔ဘက္ မိဘေဆြးမ်ိဳးအသိုင္းအဝိုင္းက လက္မခံႏိုင္ဘူးဆိုတာလဲ ညီမေလးသိမယ္ထင္ပါတယ္

ကိုယ့္ကို မလိုခ်င္ မႀကိဳဆိုတဲ့ အသိုင္းအဝိုင္းထဲကို ညီမေလးမဝင္ခ်င္ပါနဲ႔

ညီမေလးတို႔ အေၾကာင္းေၾကာင္းေၾကာင့္ လက္ထပ္ခဲ့ရရင္ေကာ ၾကာရွည္မယ္လို႔ထင္လား

ညီမေလးဘက္က အစ္မကို ညာေျပာခဲ့တယ္ေနာ္

ဒါေပမယ့္ ညီမေလးမွာ မျဖစ္မေနဆိုတဲ့ အေျခအေနရွိမေနမွန္း အစ္မသိပါတယ္

မိန္းကေလးခ်င္း ကိုယ္ခ်င္းမစာလို႔ေျပာတာ မဟုတ္ပါဘူး

ညီမေလးဘက္က ေနာက္ဆုတ္ေပးပါေနာ္

ခုကိစၥမွာ ညီမေလးဘက္က ေနာက္ဆုတ္ေပးရင္ အားလုံးအဆင္ေျပၿပီ

ခုေတာ့ သူေကာ အစ္မေကာ ညီမေလးေကာ သူ႔မိဘေဆြး‌မ်ိဳး အသိုင္းအဝိုင္းပါ ပူေလာင္ေနၾကရတယ္

သူ႔ဘဝမွာ ဘယ္တုန္းကမွ ျဖစ္မလာႏိုင္တဲ့ကိစၥ

ညီမေလးနဲ႔ပတ္သက္ၿပီးမွ ရင္ဆိုင္ခဲ့ရတယ္

အစ္မ ကိုယ့္ကိုယ္ကို မသနားဘဲ သူ႔ကိုသနားမိတယ္

သူ႔ကို အျပစ္တင္ရမယ့္အစား ကိုယ့္ကိုကို အျပစ္တင္မိတယ္

ငါ့ေၾကာင့္ ငါ့ေၾကာင့္ဆိုတဲ့စိတ္နဲ႔

သူဘယ္အေျခအေနထိေရာက္ေရာက္ အစ္မဘက္က လက္ခံဖို႔ဆုံးျဖတ္ၿပီးသား

ညီမေလးကို ဆပ္စရာရွိတဲ့ အေႂကြးရွိခဲ့ရင္လဲ ဒီေလာက္နဲ႔ပဲ အစ္မတို႔ ေက်ပါရေစ

တစ္ခုပဲ ေတာင္းဆိုပါရေစ ညီမေလးဘက္က ေနာက္ဆုတ္ေပးပါေနာ္