ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၆၈

အကြံဉာဏ်လေးတောင်းချင်လို့ပါရှင် အရမ်းလဲကြောက်နေမိလို့ပါ

ဒီ၁၀လပိုင်း ၄ရက်နေ့လောက်ကစပြီး ဖုန်းနံပါတ်စိမ်းတစ်ခုက မမ မမဆိုပီးစာတွေပို့လာပါတယ်

ဒီတိုင်းစတယ်နောက်တယ်ထင်ပီး ဘာမှပြန်မပြောခဲ့ပါဘူး

အသိထဲကထင်နေမိတာ နောက်တော့ ပိုဆိုးလာတယ်

ကိုယ်ကတစ်နေ့တစ်နေ့ရုံးမှာဘာလုပ်နေတယ်

ဘယ်လိုဝတ်တယ် ခါးလေးကပေါ်နေတယ် အာ့လိုတွေကစပြောလာပါတယ်

ကိုယ့်အလုပ်က ကလေးတွေများ စနောက်နေတာလားဆိုပြီး ဖုန်းဆက်ကြည့်တော့လဲ ဖုန်းကိုင်ပါတယ်

အလုပ်ထဲက ကလေးတွေမဟုတ်ပါဘူး

ပုံမှန်အခြေနေဆိုရင်တော့ ဘာမှမဖစ်ပေမဲ့ ဒီလိုကာလကြီးမှာတော့ ကိုယ့်ကိုချစ်လို့လုပ်တယ်ဆိုရင်တောင်

အာ့လုပ်ရပ်ကြီးက စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်စေပါတယ်

ကိုယ်လဲ အသိထဲကဖစ်နေမလားဆိုပီး စကားလေး အစ်အောက်ပြောကြည့်ပေမဲ့ မသိရတဲ့အပြင်

သူကိုယ့်အကြောင်းသိထားတာတွေက လွန်လွန်းပါတယ်

ဥပမာပြောရရင် ရင်ဘတ်(လည်ပင်းရိုးလားဘာလားအာ့နား)မှာ မှဲ့မထင်မရှားပါတာ

ပုခုံးကမှဲ့ကထင်ရှားတာ အာ့လိုတွေကစသိပါတယ်

ရည်းစားဟောင်းများလားဆိုတော့လဲ လုံးဝသူ့အသံမဟုတ်သလို

ခုထိလဲ သူငယ်ချင်းလိုအဆက်သွယ်ရှိပါတယ်

ခုဆိုတော်တော်ကြောက်နေမိလို့ အလုပ်သွားရင်လဲ တစ်ယောက်ထဲမသွားတော့ပါဘူး

သူပြောတဲ့ထဲမှာ ဆိုင်ကယ်စီးရင်ဂရုစိုက်ပါဆိုတာကြီးပါနေတော့ ဆိုင်ကယ်လဲတစ်ယောက်ထဲမစီးရဲတော့ပါဘူး

မနေ့ညကတော့ စိတ်လည်းအရမ်းရှုပ် စိတ်လည်းတိုနေတာမို့ တော်တော်ပြောဆိုပစ်လိုက်ပါတယ်

ဒါမဲ့ဘယ်လိုနစ်နစ်နာနာပြောပြော ရယ်ပီးသူပြောချင်ရာကိုသာပြောပါတယ်

တကယ့် psycho ပါပဲ ဒီနေ့မနက်ထိလဲ ဖုန်းဆက် messageပို့တာမျိုးတွေလုပ်တုန်းပါပဲ

ဘယ်လိုလုပ်ရမလဲ အကြံလေးပေးကြပါအုံးရှင့်

အလုပ်ထဲမှာမြန်မာဆန်ဆန်ဝတ်ပေမဲ့ အိမ်မှာပိုလန်းတယ်ဆိုတာတွေရောပြောနေတာပါ

တကယ်စိတ်အနှောင့်ယှက်ဖစ်နေရလို့ပါရှင့်























