ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၁၆၉

ညီမကောင်လေးနဲ့ ညီမတွဲနေတာ 4နှစ်ပြည့်တော့မှာပါ

တွဲလာတဲ့တစ်လျှောက်လုံး သူညီမအပေါ်အရမ်းကောင်းပါတယ်

မိန်းခလေးတွေနဲ့လည်းရှုပ်တာမရှိခဲ့ပါဘူး

ဒါပေမယ့်ဟိုနေ့က သူ့အကောင့်ထဲဝင်ကြည့်တော့ သူ့သူငယ်ချင်းတွေနဲ့ktvသွားတဲ့ပုံတွေ

သူ့ဦးလေးဆီကို ပို့ပြီး စထားတာတွေ့တယ်

ပုံထဲမာ သူ့ဘေးမှာကောင်မလေးခေါ်ထားတာတွေ့ပါတယ်

သူ့သူငယ်ချင်းတွေကိုယ်စီလည်းခေါ်ထားကြပါတယ်

ညီမ အ့ပုံကိုမြင်ပြီးအသားတွေပါတုန်တာရယ်

တခါမှသူအ့လိုနေတာ မတွေ့ဖူးတော့ လန့်သွားမိတယ်

သူ့ကိုမေးကြည့်တော့ သူကမခေါ်ပါဘူးတဲ့ သူ့သူငယ်ချင်းကခေါ်ပေးတာပါတဲ့

အရက်ငှဲ့ပေးပီး ဘေးကသီချင်းဆိုပေးရုံပဲတဲ့

သူမဟုတ်တာဘာမှမလုပ်ပါဘူးတဲ့ ‌

ညီမစိတ်ပင်ပန်းရင် သူနောက်တစ်ခါအ့လိုမဖြစ်စေရပါဘူးတဲ့

တနေကုန်လည်း ဖုန်းဆက်ပြီးညီမကို သူတောင်းပန်ပါတယ်

သူကဘယ်လောက်ရိုးသားလည်းဆိုရင် တွဲလာတဲ့တစ်လျှောက်လုံးမှာ ညီမတို့အတူနေဖို့တစ်ခါမှ မပြောဘူးရယ်

လက်မထပ်ရသေးသ၍ ညီမဘဝကို မဖျက်ဆီးဘူးတဲ့

အ့လောက်ထိကောင်းတဲ့သူပါ

ဒါပေမယ့် ညီမ အ့ပုံကိုမျက်လုံးထဲ မြင်ယောင်နေတော့ စိတ်ပင်ပန်းရပါတယ်

ညီမသူ့ကို ခွင့်လွှတ်ရမလား လမ်းခွဲရမလား အကြံလေးပေးကြပါအုံးရှင်


















