ညီမအရမ်းမွန်းကျပ်လာလို့ပါ
ညီမက ငယ်ငယ်ကတည်းက အဖေအမေနဲ့တူတူမနေခဲ့ရပါဖူး
ညီမသိတတ်စအရွယ်ကတည်းက ညီမ မိဘတွေနဲ့တူတူမနေခဲ့ရတာပါ
တူတူနေရတယ်ဆိုလည်း ညီမတို့မိသားစုက မသာယာပါဖူး
အမြဲတမ်းရန်ဖြစ်ကြတယ်အဖေနဲ့အမေက
တူတူနေရတဲ့ခဏအတွင်းလည်း ရန်ဖြစ်နေကြတာတွေကြီးပါဘဲ
အဲ့လိုနဲ့ သူတို့က ညီမရဲ့အမနဲ့ တခြားတစ်မြို့မှာနေတာပေါ့နော်
ညီမကတော့ တစ်နေရာမာ အဒေါ်နဲ့ဘဲနေခဲ့တာပါ
အဒေါ်နဲ့နေရတဲ့အတွင်းအမေတစ်ယောက်လိုဘဲချစ်ပါတယ်
ညီမကို သူကတစ်ခါတစ်လေတော့အဆင်မပြေတာတွေရှိပေမဲ့ ဒီလိုနဲ့ညီမကိုသူတိူ့ဆီတစ်ခါလာနေဆိုလို့ ညီမ မိဘတွေဆီလာနေခဲ့ပါတယ်
လာနေတဲ့အတွင်း အဆင်ပြေခဲ့ပါတယ် ညီမအမေလည်းရှိတော့ ရှိတဲ့ချိန်လည်းရန်မဖြစ်တဲ့နေ့ဆိုတာမရှိသလောက်ပါဘဲ နေသားကျနေပါပီ
အဲ့ချိန်ဆို ညီမ ကိုယ့်ဘာသာနေလိုက်တယ် နောက်ကျတော့ ညီမအမေက ညီမအမက ကလေးတွေနဲ့ဆိုတော့ သူ့ဆီမနိုင်မာစိုးလို့ ဆိုပီးတူတူသွားနေပါတယ်
အဲ့မာစတာပေါ့နော် ညီမနဲ့ ညီမအဖေနဲ့ နှစ်ယောက်တည်းကျန်ခဲ့ပါတယ် စစချင်းတော့အဆင်ပြေပါတယ်
အဖေက အရက်သောက်ပါတယ်ဟိုးငယ်ကတည်းကပါ အမြဲရန်ရှာနေကြပေါ့နော်
နေ့တိုင်းညီမ သူအပြောမခံရအောင်နေခဲ့ပါတယ်
ညီမအလုပ်က မနက်၉ကနေညနေ၅ထိပါ တစ်ခါတစ်လေ ၆ခွဲလောက်ထိရောက်တယ်
ညနေလောက်မှအိမ်ပြန်ရောက်တော့ ညပိုင်းဘဲတွေ့တော့ ညီမလုပ်စရာရှိတာလုပ်တယ်
ပီးရင် ညီမအပြောမခံရအောင်နေပါတယ် သူက ညဆိုအရက်သောက်လာတတ်တယ်ပီးရင်လည်း အမြဲတမ်းရစ်ပီးရန်ရှာတတ်တယ်
ညီမမာ ကောင်လေးရှိပါတယ် အဲ့တာကို ညီမအဒေါ်ရယ်အမေရယ်ကသိပီးသားပါ
အဖေနဲ့ကျတော့ ညီမအဲ့လိုအကြောင်းတွေမပြောပြရဲလို့ သူတော့မသိပါဖူး
အဲ့နေ့က ညီမကောင်လေးကလာတွေ့တာပေါ့ အဲ့တာကလည်းသီးသန့်တွေ့တာမဟုတ်ဘဲသူငယ်ချင်းတွေနဲ့ပါ
အဲ့မာ သူကလာတော့တွေ့သွားပီး ညီမပုခုံးပေါ်လက်တင်ထားရလားဆိုပီး ထိုးပါတယ်
ညီမကောင်လေးကို လူတွေအများကြီးရှေ့မာပါ ဘယ်သူမှလည်းဝင်ဆွဲလို့မရပါဖူး
ညီမကောင်လေးကလည်းသူထွက်သွားရင်ရပေမဲ့ ညီမကို လုပ်မာစ်ိုးလို့ သူမသွားဘဲ ညီမအဖေထိုးသမျှလုပ်သမျှခံနေခဲ့တာ
အဲ့တာပီးတော့ညီမအဖေကို ညီမဆွဲခေါ်ပီး အိမ်ကိုပြန်ခေါ်ခဲ့ပါတယ်
ညီမကိုသူအဲ့ကောင်ကိုအဆက်အသွယ်မဖြတ်ရင် သူ့ကို thet ပီးထောင်ထဲဝင်မယ်ဆိုပီးပြောပါတယ်
နောက်ရက်တွေကျညီမကို အလုပ်သွားလည်းလိုက်ကြည့် ပြန်လည်းလာကြိုလုပ်လာတာ
ညီမကောင်လေးကိုတောင် ညီမ အခြေအနေသွားမကြည့်နိုင်ပါဖူ
ညီမသိတယ် အဖေက သူပြောတဲ့တိုင်းလုပ်မယ်ဆိုတာ ညီမသွားတောင်မတွေ့ခဲ့ရပါဖူး
ညီမဆက်သွယ်ချင်ပေမဲ့ညီမချစ်သူကိုသူတစ်ခုခုလုပ်မာစိုးလို့ ညီမမာသူ့ကိုရှောင်ခိုင်းပီး ခဏအဆက်အသွယ်ဖြတ်ထားခဲ့ပါတယ်
မဟုတ်ရင်သူအဖေလုပ်တာနဲ့ခံရမာစိုးလို့ အဲ့နေ့ကစပီးအရက်တွေသောက်”လာတယ်
အိမ်ရောက်ရင်ညီမကိုအပစ်လွတ်အောင်နေလည်း အပစ်ရှာပီးသောင်းကျန်းတယ်
ပစ္စည်းတွေနဲ့ကောက်ပေါက်တယ် ညီမသူနဲ့ ဒီလိုကြာကြာနေတာ မွေးကတည်းက ခုမှ တစ်နှစ်ဘဲ ပြည့်သေးတာပါ
ညီမအဲ့ချိန်ဘယ်လိုဖြစ်လဲဆိုတော့ ညီမဘက်မာဘယ်သူမှရှိမနေပါဖူး
အဲ့ချိန်ဆို ညီမအရမ်းကြောက်တယ် သူစိမ်းတစ်ယောက်လူရမ်းကားတစ်ယောက်လိုဘဲ ပီးရင်အကျီလဲမဝတ်ဖူးဘောင်းဘီဆိုလည်းကောင်းကောင်းမဝတ်ထားတော့ရမ်းနေတာတောင်ညီမတွေ့ရပါတယ်
(ရိုင်းသွားလို့ တောင်းပန်ပါတယ်ရှင်)
အဲ့လိုဆိုတော့ ညီမသူသောင်းကျန်းသမျှခံရတယ်အရမ်းကြောက်ပါတယ်
အဖေဆိုပေမဲ့သူ့ကိုအဖေလို့မခံစားရပါဖူး ညီမရင်ထဲအဲ့လိုချိန်ဆို
ညီမလန့်လွန်းပီးညီမမေ့လဲတာလည်းခဏခဏပါဘဲ
အဲ့လိုချိန်ဆိုလည်းညီမကိုတစ်ယောက်ထဲ ထားပီးထွက်သွားတာ နိုးလာလည်းတစ်ယောက်တည်းပါဘဲ
အိမ်မာ ညီမသူ့ကိုအဲ့လိုမြင်ရတော့ ညီမစိတ်ထဲ ကြောက်စိတ်ရော ရွံတဲ့စိတ်ရောပါဖြစ်မိပါတယ်
(ညီမအနေ နဲ့မပြောသင့်ပေမဲ့ ညီမခံစားရတာကိုပြောပြတာပါရှင်)
လူရမ်းကားတစ်ယောက်ထက်ပိုပါတယ် ညီမလုံခြုံတယ်လို့မခံစားရပါဖူး
အဖေနဲ့နေတဲ့အခါ ညီမကိုဘယ်ချိန်ထလုပ်မလဲ ထအော်ဆဲမလဲဆိုတာဘဲတွေးကြောက်နေရပါတယ်
ညီမ ကိုယ့်ဘဝကို ကိူယ်ရပ်တည်နိုင်တဲ့အရွယ်လည်းရောက်ပါပီ
တွေ့ရာလူနဲ့လည်းပေးစားပါတယ် ယောက်ျားလေးဖြစ်တာနဲ့ ညီမကိုသူတိူ့နဲ့အထင်လွဲပီးသားပါ
သူပြောတာမှတ်မိသေးတယ် ငါကသမီးဆိုလို့နင်ဘဲရှိတာမဟုတ်ဖူး
မိန်းမကောက်ယူပီးထပ်မွေးလို့ရတာမို့ ငါအဖေငါ့စကားနားထောင် မဟုတ်ရင် နင့်ဘဲကို thet ပစ်မယ်တဲ့
ပီးရင်ထောင်ထဲဝင်မယ်တဲ့ ထောင်ကျလည်းဘယ်နနစ်မလို့လဲတဲ့
ညီမဘာဆက်လုပ်ရမလဲ
ညီမမာ ရင်ဖွင့်ရမဲ့သူလည်းမရှိပါဖူး
အမေကလည်း တခြားတနေရာမှာ အမေကလည်းလာလိူ့အဆင်မပြေပါဖူး
တစ်နေ့ကဆို သူကညီမကိုထုံးစံအတိုင်းမူးပီးရန်ရှာပီး ညီမဖုန်းကိုပါယူသွားပီး ညီမကိုအိမ်ထဲမာသော့ခက်ထားခဲ့ပါတယ်
သူအဲ့လိုလုပ်အောင်လည်း ညီမဘာဆု်ဘာမှမလုပ်ပါဖူး အရမ်းမွန်းကျပ်တယ် အဲ့တာညီမသူ့ဆီကနေ ရုန်းထွက်လို့မရပါဖူးထွက်ပြေးချင်တယ်
ညီမအလုပ်လည်းလုပ်မရဖူး အလုပ်မာလည်း အရှက်ခွဲပါတယ်
ညီမကို တစ်ခါတစ်လေ ညီမအသက်တောင်မရှင်ချင်တော့ပါဖူး
အရမ်းစိတ်ဓာတ်တွေလည်းကျနေပါပီ ပိတ်လှောင်ခံထားရတာ ညီမဘာဆက်လုပ်သင့်လဲ
( ညီမအဖေကအဲ့လိုအကျင့်မျိုးရှိတယ် ဘယ်ယောက်ျားလေးနဲ့မှမပက်သတ်စေချင်ဖူး
ညီမမှမဟုတ်ဖူး ညီမအမေကိုလည်းအဲ့လိုဘဲpsycho လိုပုံမျိုးတောင်ပေါက်ပါတယ်
ညီမကိုလည်းနှိပ် satt တယ်)
ညီမသူ့ကိုကြောက်တယ်မလုံခြုံဖူး အဲ့တာကြောင့် ရင်ဖွင့်လိုက်တာပါ
ညီမ ဘာဆက်လုပ်သင့်လဲပြောပြ ကြပါဦးရှင်
ညီမအပူတွေကိုမျှရလို့လည်း တကယ်တောင်းပန်ပါတယ်…
2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD
ညီမကို သူကတစ်ခါတစ်လေတော့အဆင်မပြေတာတွေရှိပေမဲ့ ဒီလိုနဲ့ညီမကိုသူတို့ဆီတစ်ခါလာနေဆိုလို့ ညီမ မိဘတွေဆီလာနေခဲ့ပါတယ်
ညီမကောင်လေးကလည်းသူထွက်သွားရင်ရပေမဲ့ ညီမကို လုပ်မာစိုးလို့ သူမသွားဘဲ ညီမအဖေထိုးသမျှလုပ်သမျှခံနေခဲ့တာ
ညီမ ကိုယ့်ဘဝကို ကိုယ်ရပ်တည်နိုင်တဲ့အရွယ်လည်းရောက်ပါပီ
တွေ့ရာလူနဲ့လည်းပေးစားပါတယ် ယောက်ျားလေးဖြစ်တာနဲ့ ညီမကိုသူတို့နဲ့အထင်လွဲပီးသားပါ
ညီမဘာဆက်လုပ်ရမလဲ
အမေကလည်း တခြားတနေရာမှာ အမေကလည်းလာလို့အဆင်မပြေပါဖူး
သူအဲ့လိုလုပ်အောင်လည်း ညီမဘာဆ်ုဘာမှမလုပ်ပါဖူး အရမ်းမွန်းကျပ်တယ် အဲ့တာညီမသူ့ဆီကနေ ရုန်းထွက်လို့မရပါဖူးထွက်ပြေးချင်တယ်